________________________________________________________________________________________________________________________________________ |||||| နှစ်ဦးသဘောတူနေ့ဆွဲများ |||||| ____ မြင်မြင်ခြင်းတစ်ယောက်ဘဝထဲကိုတစ်ယောက် လေးလေးနက်နက်နစ်မြုပ်ခဲ့ကြ ......___________________ တွေ့တွေ့ခြင်းတစ်ယောက်အာရုံထဲရှိတာတစ်ယောက် အလိုအလျှောက်သိမြင်နားလည်ခဲ့ကြ ......._________________ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ဓါးနှင့်ပေါက်လက်တည့်စမ်းခဲ့ကြ ~~ ~~~________________ စိတ်ကူးယဉ်ကိတ်မုန့်တစ်လုံးကို အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ ...............___________________ ကျေနပ်ခြင်းသီးစုံဖျော်ရည်တစ်ခွပ်ကို အတူဖျော်ပြီး အငမ်းမရမော့သောက်ခဲ့ကြ ......______________________ ပင်စည်တစ်ခုပေါ် ပိုးမွှားတွေလိုတွယ်ကပ် ~~~ ~~~~ ပြင်းပြတဲ့တပ်မက်ခြင်းတွေနှင့် အတူတစ်ကွရှင်သန်ခဲ့ကြ .......______________________ တစ်ယောက်အိမ်မက်ကိုတစ်ယောက်ဖောက်ထွင်း ~~~ ~~~ ငြိမ်သက်ခြင်းကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပြစ်ချခဲ့ကြ ......._______________________ တစ်ယောက်မျက်လုံးထဲတစ်ယောက်ပြေးဝင် ~~~ ~~~ ပွင့်ပွင့်လင်းလင်းချဉ်ခြင်းတတ်ခဲ့ကြ ......... ______________________ တစ်ယောက်မနက်ဖြန်ကိုတစ်ယောက်စာချုပ် ~~~ ~~~ မမြင်ရတဲ့အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ .......___________________________ ပြန်စဉ်းစားကြည့်တော့ နောက်ကျနေတဲ့ ရထားပေါ်မှာ ~~~ ~~~ ကြင်ကြင်နာနာပြစ်မှား တစ်ယောက်နှင့်တစ်ယောက် ပြစ်စလက်ခတ်အသားခြင်းထိမိခဲ့ကြ ........______________________________ ရေစီးသန်တဲ့မြစ်ကိုစွန့်စွန့်စားစားကူးဖြတ် ~~~ ~~~ တစ်ယောက်အတ္တကိုတစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ .........________________________________ ရှုပ်ထွေးကောက်ကွေ့လွန်းတဲ့လောကအလယ် ~~~ ~~~ တစ်ယောက်နှင့်တစ်ယောက် မိုက်မိုက်ကမ်းကမ်း ငြိတွယ်မိခဲ့ကြ ~~~ ~~~~ ဘာများဆန်းကျယ်လို့လဲကွယ် ... ...__________________________ လှသန်း(လက်မရွံ့ ကဗျာဆရာ)

ဒို့မြေ - ဒို့ကမ္ဘာ ဘယ်လိုထိမ်းကြပါ့မလဲ

မရေးဖူးပဲ -အရေးထူး တာမဟုတ်ပါ
ရင်ထဲရှိတာကို အထူးရေးဖို့ပါပဲ
ကိုကို မမ တို့လျှောက်ဖူးတဲ့လမ်း
ခရေတို့လဲကြွေ - စိန်ပန်းတို့လဲဝေ
ငုဝါ တွေဘယ်မလဲကွယ်။
ကျောင်းလမ်းလေးလဲ သာယာခဲ့တယ်။
အင်းလျား လဲအေးချမ်းခဲ့တယ်။
ဟိုတစ်ခါ တက္ကသိုလ်ဆီက
အိပ်မရတဲ့ညများ မရှည်လျားခဲ့ပါ
ညနက်သန်းခေါင် အဆောင်ရှေ့က ဂီတာသံတွေ
ရင်ထဲအေးချမ်း ပြီး အပေးအယူမျှတဲ့
သူငယ်ချင်းအားလုံး ပျော်ခဲ့ဖူးတယ်။
ကျောင်းသားကျောင်သူ တို့နှလုံးသား အမှားကင်းပေမဲ့
သွေးစွန်းခဲ့ရပါပြီ
တစ်ရာသီကပေါ့ကွယ်။
...........................
ဟောဒီမဲနက်တဲ့ ကတ္တရာလမ်း
မှန်းဆ မရပဲ အရောင်တွေပြောင်း
ခေတ်ဟောင်းကိုတွန်းလှန်
ကျောင်းသားတို့ရဲ့ နှလုံသားအလံ
ခိုင်ခိုင်မြဲမြဲ မယိုင်မလှဲပေမယ့်
ထောင်ထဲမှာတော့ သေနေဆဲပဲ။
အာဇာနည် မဖြစ် သူရဲကောင်းတွေနစ်တဲ့
ဒီအလောင်းကောင်တွေကို
ဘုရားသခင် မြင်တော်မူပါ၏လား ?
ပြချင်စမ်းပါရဲ့ ဒို့တိုင်းပြည်
ဒို့လူမျိုး - ကိုယ်ချင်းသတ်တဲ့ ဌာနီ
ကျောင်းသားတွေ ရင်ထဲဝင်ကြည့်လိုက်စမ်း
အညာနွေ ပူတယ်ဆိုတာအလကားပဲ
- နှလုံးသွေးတို့ တစ်စက်စက်ကျ
ရဲရဲနီပြီ
- နေရာအနှံ့
မြို့အပြန့်
ပင်အို သစ်ပုတ် ကျတဲ့မျက်ရည်
မြင်သူမရှိ သူတို့မသိ
အရောင်ပြောင်းတဲ့ ကတ္တရာလမ်း
ရဲရဲစွန်းထင်းတဲ့ သွေးကွက်တို့က
တိုင်းသိပြည်သိ မြင်သူတစ်ကာရှိလဲ
အလိမ်အညာတွေ နဲ့ ကျည်ဆံ စစ်ခင်း
မင်းသတင်း ကမ္ဘာကျော်ပြီနော်
ဟစ်တလာကိုအားကျ
ကိုယ့် လူမျိုးကိုယ် ဗုံးထောင်သတ်
မဟုတ်ကို အဟုတ်လုပ်
အဟုတ်ကို ပထုတ်
မဟုတ်ကို ရှင်းတဲ့သတင်းစာပွဲ
အမြဲပဲ ကျင်းပ၊
ခင်းချမရတဲ့သက်သေ
မျက်မြင်လဲ မရှိ
- ဒါပေမဲ့ တိုင်းသိပြည်သိ
အရှိကိုသိပေမဲ့ အသိကိုခင်းပြရင်
ကိုယ့်အထုတ် ကိုယ်ဖြေ
ကိုယ့်အရှက် ကိုယ်သိမ်း
မထိန်းနိုင်တဲ့ပြည်
ဒို့မြေ - ဒို့ကမ္ဘာ
ကြွယ်ဝမှုတွေ အကုန်
တိုးတက်သမျှ အားလုံး
ပြည်သူ မသုံးရပါ
မင်းအတွက်ပါပဲ တစ်ကတဲ ပြော ပြောချင်ပေါင်
ပြောပြန်ရင် အောင်မင်းလွန်ရာကျသမို့
.................................................
ဟင်းးးးးးးးးးးးးးးးးးးးးးး


Bo Phyu

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်



မကြာသေးခင်က ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာ မြောက် ရွှေ့ကွက်များဆောင်းပါးကို ကျွန်တော် ရေးခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေးသားနိုင်ခဲ့တဲ့ အတွက် အခုဒီဆောင်းပါးကို ထပ်ရေးတာ ဖြစ်ပါတယ်။

ကျွန်တော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့ အထိ နိုင်ငံရေးကို ကိုယ့်အစွမ်း ရှိသ လောက် ဆောင်ရွက်နေသူ တယောက်ပါ။ အရင် ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူ တွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာတွေ့လို့ ကိုယ်တတ်နိုင် သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြ နိုင်တာကိုလည်း နားလည်ပေးကြ စေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘော မတူ နိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့ အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံ လုံးရဲ့ အရေး၊ လူတိုင်းရဲ့ အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို NLD သာမက အများပြည်သူပါ ရင်ဆိုင် ကြရမှာပါ။ ဒါ့ကြောင့် အားလုံး ဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါတီ အရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထား လိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျွန်တော်တို့ ခေါင်းပေါ် ကျမလာ ဘဲ နေမှာ မဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။

မတ္တရာမြို့နယ်၊ စကျင်ရွာလုံးဆိုင်ရာ တတိယအကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်နှင့် စာပေဟောပြောပွဲ ဖိတ်ကြားလွှာ






ဟောကြားမည့် ဆရာများ
၁။ အမျိုးသားစာပေဆုရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)
၂။ မောင်ကိုကို (အမရပူရ)
၃။ လူရွှင်တော် စာရေးဆရာ ချစ်စရာ

ကထိန်ခင်း - ၁၂၊ ၁၁၊ ၂၀၁၁ (စနေနေ့)
စာပေဟောပြောပွဲ - ညနေ ၅ နာရီမှ ည ၁၀ နာရီ၊ ၁၃၊ ၁၁၊ ၂၀၁၁
နေရာ - မတ္တရာမြို့နယ်၊ စကျင်ရွာ၊ အထကခွဲကျောင်းဝင်း

ဆက်သွယ်ရန်-
ဒေါက်တာကျော်ဇေယျ
09 91048493

တစ္ဆေတစ်ကောင်၏ အသက်ရူသံ



ဘယ်လိုပဲ နာကျင်နေနေ
ဟောဒီကောင် ရင်ဘက်က
ဒီအရိပ်တွေ ဆွဲမထုတ်ရက်တာ
ဘာကြောင့်လဲ     ?

ငါ့အသည်းတွေကြေမွနေအောင်
လွမ်းနေရပေမယ့်
မနာကြဉ်းရက်တာ
ဘာကြောင့်လဲ    
?

မုန်းတီးစရာကောင်းတဲ့ ဥပေက္ခာတွေကို
မပျက်တမ်း မျှော်လင့်ချက်တွေနှင့်
ဘာကြောင့် ငါ့မျက်လုံးဟာ
ခုထိအရောင်တောက်နေရတာလဲ      ?

တစ်ကယ်တန်းတော့
ငါ့မာနတွေပြာကျ
မင်းရှေ့မှာ ဒူးထောက် ခေါင်းလျှို
ဘယ်လိုချွတ်ချွတ် မကျွတ်နိုင်တဲ့ ချစ်ခြင်းတွေနှင့်
မင်းကိုယ်ချစ်နေတဲ့
ငါဟာတစ္ဆေတစ်ကောင် .................

မိုးဇက်


ဖေ့ဘွတ်မှာပဲ လိုက်( Like )ခံရတဲ့အကောင်

မင်းအတွက်နှင့် ထုဆစ်နေတဲ့ ငါ့အနာဂတ်ကို
မင်းမကြိုက် ပဲနှင့်တော့ မလိုက်(like) ပါနှင့်
လိုက်ချင်ရင်လဲ လိုက်ပါတော့
ဖြူစင်တဲ့ချစ်ခြင်းတော့ မင်းအတွက်
လှိုင်လှိုင်စိုက်ပျိုးထားတယ်
မလိုက်( like ) ချင်ပဲလဲ
ဝတ်ကျေတမ်းကျေ လိုက် ( like ) လိုက် မလုပ်ပါနှင့် ချစ်သူ
ငါ့နှလုံးသားတွေ ခံနိုင်ရည်
ဘောင်မဲ့နေလို့ပါ ချစ်သူ ။
 
မိုးဇက်

ကျွတ်တန်းမဝင်သေးတဲ့ ငှတ်တစ်ကောင်


မချစ်နိုင်မှန်းသိလျှက်
ဇွတ်တိုးခဲ့တဲ့ ငါ့အသည်း
ဇာတ်လမ်း မဆုံးခင်မှာဘဲ
အမုန်းတံဆိပ်ကို လှပစွာနှင့်
ငါ့ရင်ဘတ်မှာ ခပ်နှိပ်ခံရပြီ..........
ဆိုခွင့်မရှိတဲ့ သီချင်းကိုမှ
ငါဟာ မိုက်မဲစွာသီဆိုခဲ့တာပါ ။          ။
မင်းပစ်လိုက်တဲ့ ဓားတစ်ချောင်း
ငါ့ရင်ဘက်မှာ စိုက်ဝင်သွားတုန်းက
သီချင်းတွေ အဆုံးအသတ်သေးဘူး ။            ။
မသပ်မရပ် လှည့်စားချက်တွေအောက်က ငါ
ခွင့်လွတ်အချစ်တွေကို
ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့တယ် ။           ။
“လူမှားပီးချစ်ခဲ့တာတဲ့ ” 
မင်းပြောခဲ့တဲ့စကားတစ်ခွန်း 
ငါ့ရင်ကို မြှားအစင်းစင်း
သေရာပါအောင် စူးနစ်လို့
တကယ်ဆိုရင်
ပစ္စလက်ခတ်ကို ကျရှုံးခဲ့တဲ့နှလုံးသား
အမုန်းစကားတွေဟောတဲ့
မင်းနှုတ်ဖျားမှာ ငါကျွတ်တမ်းဝင် သင့်ပါပြီ ။           ။

မိုးဇက်

စာပေဟောပြောပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘုံကထိန်တော် ဖိတ်ကြားလွှာ



ဝူပသမ (ငြိမ်းချမ်းရေးနှင့် သာတူညီမျှ) အသင်း
စာပေဟောပြောပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘုံကထိန်တော် ဖိတ်ကြားလွှာ

ဟောကြားမည့်သူများ

ညိုထွန်းလူ
နေ၀င်းမြင့်
အော်ပီကျယ်

နေ့ရက် ။ ။ ၁၃၇၃ ခု၊ တန်ဆောင်မုန်းလဆန်း (၁၀)ရက်။ နိုဝင်ဘာ ၅၊ ၂၀၁၁၊ စနေနေ့။
အချိန်။ ။ ညနေ (၅) နာရီ
နေရာ ။ ။ မုန်တိုင်ဇရပ် (ခေါ်) အောင်ရတနာ ဓမ္မဗိမာန်တော်ကြီး၊
၁၉ လမ်း၊ နန်းရှေ့၊ အမှတ် (၁)ရဲစခန်းအနီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

ဝူပသမအသင်းနှင့် ဆက်သွယ်ရန်-

ဘိုထူး - 09 2054782
ဘိုဦး - 02 62069

Without saying Good Bye




နှုတ်မဆက်ပါနဲ့ ချစ်သူ
ငါ့ရင်ရဲ့အနားသက် မျဉ်းတွေက
မညီညာလို့ပါ ။         ။

နှုတ်မဆက်ပါနဲ့ချစ်သူ
အလင်းဖျော့ဖျော့ ကောင်းကင်မှာ
ကြယ်ကြွေတာကို အထီးကျန်တဲ့
လက်တစ်ဖက်နှင့် ဖမ်းမဆုပ်ချင်လို့ပါ ။         ။

နှုတ်မဆက်ပါနဲ့ချစ်သူ
မင်းရဲ့နှုတ်ခမ်းတွေနဲ့
ငါ့ဘ၀ကို ထုဆစ်ချင်လို့ပါ ။           ။

နှုတ်မဆက်ပါနဲ့ချစ်သူ
မင်းသာ ခွဲခွာသွားရင်
လဒ နှင့်မျောက် ဆက်ပြီး
ငါမှိုင် နေရလိမ့်မယ် ......................
မိုးဇက်

မြွေပွေး


ကိုယ့်ဝတ်ကျင်းနှင့်ကိုယ်
ကိုယ့်သမိုင်းကို ခွေလို့မဆုံးသေးခင်
ဆက်ခနဲ အာရုံတွေနှောက်ယှက်ဖြစ်အောင်
လာမတို့ထိကြနှင့်
........................................
အရောက်စောသွားမယ် ။ ။

နက်ဆိုး (Demon)