________________________________________________________________________________________________________________________________________ |||||| နှစ်ဦးသဘောတူနေ့ဆွဲများ |||||| ____ မြင်မြင်ခြင်းတစ်ယောက်ဘဝထဲကိုတစ်ယောက် လေးလေးနက်နက်နစ်မြုပ်ခဲ့ကြ ......___________________ တွေ့တွေ့ခြင်းတစ်ယောက်အာရုံထဲရှိတာတစ်ယောက် အလိုအလျှောက်သိမြင်နားလည်ခဲ့ကြ ......._________________ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ဓါးနှင့်ပေါက်လက်တည့်စမ်းခဲ့ကြ ~~ ~~~________________ စိတ်ကူးယဉ်ကိတ်မုန့်တစ်လုံးကို အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ ...............___________________ ကျေနပ်ခြင်းသီးစုံဖျော်ရည်တစ်ခွပ်ကို အတူဖျော်ပြီး အငမ်းမရမော့သောက်ခဲ့ကြ ......______________________ ပင်စည်တစ်ခုပေါ် ပိုးမွှားတွေလိုတွယ်ကပ် ~~~ ~~~~ ပြင်းပြတဲ့တပ်မက်ခြင်းတွေနှင့် အတူတစ်ကွရှင်သန်ခဲ့ကြ .......______________________ တစ်ယောက်အိမ်မက်ကိုတစ်ယောက်ဖောက်ထွင်း ~~~ ~~~ ငြိမ်သက်ခြင်းကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပြစ်ချခဲ့ကြ ......._______________________ တစ်ယောက်မျက်လုံးထဲတစ်ယောက်ပြေးဝင် ~~~ ~~~ ပွင့်ပွင့်လင်းလင်းချဉ်ခြင်းတတ်ခဲ့ကြ ......... ______________________ တစ်ယောက်မနက်ဖြန်ကိုတစ်ယောက်စာချုပ် ~~~ ~~~ မမြင်ရတဲ့အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ .......___________________________ ပြန်စဉ်းစားကြည့်တော့ နောက်ကျနေတဲ့ ရထားပေါ်မှာ ~~~ ~~~ ကြင်ကြင်နာနာပြစ်မှား တစ်ယောက်နှင့်တစ်ယောက် ပြစ်စလက်ခတ်အသားခြင်းထိမိခဲ့ကြ ........______________________________ ရေစီးသန်တဲ့မြစ်ကိုစွန့်စွန့်စားစားကူးဖြတ် ~~~ ~~~ တစ်ယောက်အတ္တကိုတစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ .........________________________________ ရှုပ်ထွေးကောက်ကွေ့လွန်းတဲ့လောကအလယ် ~~~ ~~~ တစ်ယောက်နှင့်တစ်ယောက် မိုက်မိုက်ကမ်းကမ်း ငြိတွယ်မိခဲ့ကြ ~~~ ~~~~ ဘာများဆန်းကျယ်လို့လဲကွယ် ... ...__________________________ လှသန်း(လက်မရွံ့ ကဗျာဆရာ)

သုညတစ်လုံးရဲ့ ပင့်သက်



ကိုယ့်ဘာသာတစ်ယောက်ထဲ
ဟောဒီလမ်းမပေါ်မှာ အလွမ်းတွေကို
ဆွဲဆွဲငင်ငင်အူလို့...............

အဖော်လဲမရှိတဲ့ နေဝင်ချိန်မှာ
ဆည်းဆာရဲ့အလှက အထီးကျန်နိုင်လှတယ်............

ခပ်မဆိတ်တဲ့ ပတ်ဝန်းကျင်ထဲကို
ထဲထဲဝင်ဝင် သုံးသပ်ကြည့်တော့
ငါ့အနာဂတ်ဟာ သုည..................

ကြည့်စမ်း
ဘယ်လောက်များ အထီးကျန်စံလိုက်သလဲ
ငါ့နာမည်ကိုတောင် ငါ့ဘာသာ
ပြန်ခေါ်နေရတယ်.............

မိုးဇက်

 " Zero's Respiration "

One by one 
on the street with missing
long crying like dogs
in the evening , no friends
evening's beauty is lonely
in noisy environment
I thoroughly saw that
my future is zero
..........
look !
how  about my loneliness !
I call my name myself.........

 Translate to English version By Nyo Gyi

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )


                    ဒီတဂ်ပို့ကို ကိုသက်တန့်ကနေစပီး ၅၀၀၀ တန်ဖုန်းပေါ် ကျွန်တော်တို့ဘလော့ဂါများရဲ့ ရင်ခုန်သံကို မေးခွန်းလေးတွေနှင့် ချပီးဖော်ထုတ်ဖို့ လမ်းစချပေးခဲ့ပါတယ် ။ 

                  ကျွန်တော်တို့ကလဲဒီအကြောင်းကိုအာရုံညွတ်နေတဲ့ အချိန်ဆိုတော့ ဖိုးကျိုင်းတုတ် ဖြစ်သွားတာပေါ့ဗျာ ။ ကိုသက်တန့်ကနေမှတဆင့် အိမ်ဂျယ်လှိုင်ကနေ ကျွန်တော့ကို လက်ဆင့်ကမ်း လိုက်တဲ့တဂ်ပေါ့ဗျာ ။ ကျွန်တော်က စာရေးမတတ်တာလဲပါတယ် ။ ပျင်းတာလဲပါတယ် ။ ဒါကြောင့် အရင်ဘော်ဒါတွေတဂ်ထားတဲ့ တဂ်ပို့တွေမရေးဖြစ်ခဲ့တာ ၊ ခုတော့ကျွန်တော်ကိုယ်တိုင်၌က ဒီကိစ္စနှင့်ပတ်သက်ပီး ပြောချင်လွန်းလို့ တီကောင်စားနှင့်ပတ်သက်ခံရသလိုကို စပ်တတ်စပ်တတ် ဖြစ်နေတာ ။
                   ဆက်သွယ်ရေး ၊ စီးပွားရေး ၊ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံမှာ တိုးတတ်ဖို့အတွက် အခြေခံကြတဲ့ အချက်တွေမို့လားဗျာ ။ ခုကျွန်တော်တို့နိုင်ငံမှာ ခုချိန်ထိ ဈေးကွက်စီးပွားရေး မဖြစ်တည်နိုင်သေးဘူး ၊ ခုချိန်ထိ ဘွဲ့လက်မှတ်တွေက ဧည့်ခန်းအလှချိတ်မှန်ဘောင်ကွတ်ထဲက မထွက်နိုင်သေးဘူး ၊ ခုချိန်ထိ Proxy တွေအထပ်ထပ်နှင့် လုံးထွေးနေဆဲရှိတဲ့ ဆက်သွယ်ရေး ။ ကဲသိပ်ကို တိုးတတ်နေတဲ့ ၊ ကမ္ဘာကိုရင်ဘောင်တန်းနေတဲ့ ဗမာပြည်ရဲ့တိုးတက်နေမှုက ခင်ဗျားတို့ “တောက်” မခေါက်နှင့် လျှာခေါက်သွားတာပဲအဖက်တင်မယ် ……..
                    ဟော လွန်လေပီးသော အခါက ၅၀၀၀၀၀ (ငါးသိန်းတန် ) ဆင်းကဒ်တွေ ထွက်လာတော့ …. မိုးဇက်တို့ ပြည်သူတွေ ဆက်သွယ်ရေးတော့ အခြေအနေဦးမော့လာပီဟ လို့ ဝမ်းသာအဲလဲဖြစ်ခဲ့ကြတယ် ၊ ဖြစ်တယ် ။ လူဦးရေသုံးပုံပုံ တစ်ပုံဖုန်းကိုင်နိုင်လာတယ် ။ ဟုတ်ပီ ……. ရောင်နီတော့သန်းပဟ ။ အဲနောက်မှာ ပြသနာက သိတဲ့အတိုင်းကပ်ပါလာတယ် ။ မစ်ကော(Missed Call) ကိစ္စ ၊ ခေါ်ဖုန်း ကိုင်တဲ့ကိစ္စ ၊ ခေါ်ဖုန်းမကိုင်ရင် ဘလာချီပေးလိုက်ရတဲ့ ကိစ္စ ။ ဒါတော့  ပြုပြင်ဆဲ ၊ ပြုလုပ်ဆဲ အနေအထားမှာ ဖြစ်တတ်ပါတယ်ပေါ့ ထားတော့ ။
                    လာပီဗျာ ဟောဒီက ၅၀၀၀ တန်ဆင်းကဒ်တွေ ၊ ရွေပြည်တံခွန် ကုမ္မဏီကနေ ချပေးမယ်ဆိုပီး စီစဉ်လိုက်တယ် ။ ဟောလာပီဗျာ ဒီမိုကရေစီရပေမယ့် မပေးသေးတဲ့ ဒီမိုCrazy သမားများရဲ့ အမှောင့်ပယောဂ ဝင်ရောက်မှုကြောင့် အစီအစဉ်ပျက်သွားပါတယ် ။ ကဲလာပီဗျာ …….. အသင်းသဲ့သဲ့ကြားကတဲက  ဝမ်းသာခဲ့တဲ့ပြည်သူတွေရဲ့လစ်လျှူရှုခံရတဲ့မျှော်လင့်ချက်ကြောင့် ထွက်လာတဲ့စကားသံတွေ ……. ဟိုတစ်စ ဒီတစ်စ ။ အံမယ် …… ဒီလိုလေး ကိုယ့်လိုအပ်မှုကို ကိုယ်ဖော်ထုတ်ပြသတာတောင် မြို့နယ်အုပ်ချုပ်ရေးမှုးထိ ခေါ်တွေ့ခံရတယ် ( အမှန်က ဖမ်းဆီးဖို့ ခေါ်တွေ့တာပါ ) ။ ဒီမှာ “ အခြေခံဥပဒေထဲမှာ အခန်း (၈) ပုဒ်မ ၃၅၄က နိုင်ငံသားပိုင်ခွင့်အရ ကျွန်တော်တို့ လုပ်တာ ။ လွတ်လပ်စွာ စည်းရုံးခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တို့ ရေးပေးထားတာ အခု ဘာကြောင့် အခြေခံ ဥပဒေကို ခင်ဗျားတို့ ဖောက်ဖျက်နေသလဲ ” လို့ ပြန်မေးတော့မှ သူတို့တောင်မသိတဲ့ ပုဒ်မတွေကိုသိနေတော့ ကျွတ်ပီး ပြန်လွတ်လိုက်တယ်း) ဒီတော့ ဒီ ၅၀၀၀တန် ဆင်းကဒ်အပေါ် ပြည်သူတွေတင် အသံထွက်နေတာမဟုတ်ပါဘူး ။ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ဘလော့ဂါတွေလဲ အသံတွေထွက်ကြည့်မယ်.......... 
ကျွန်တော် မိုးဇက်ရဲ့ အသံကတော့ 
 
၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဒါကတော့ဗျာ ……. ခပ်လွယ်လွယ်ပဲတွေးကြည့် ၊ နွားခြေရာခွက်ထဲမှာတင် ခြေထောက်ဆန့်ကြည့် ၊ ဘေးဘောင်တွေနှင့် မလွတ်သေးဘူး ၊ ကျဉ်းသေးတယ် ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
ကိုယ့်လိုအပ်မှု အကောင်အထည်ပေါ်ဖို့  ကိုယ့်ဆန္ဒကိုဖော်ထုတ်တာ ဥပဒေဘောင်ထဲကပဲ မတရားတာမရှိ
(အခြေခံဥပဒေ - အခန်း (၈) ပုဒ်မ ၃၅၄ ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ စည်းရုံးခွင့် ၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိသည် )

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဒါဟာ နိုင်ငံမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်သို့တိုက်ရိုက်တင်ပြတောင်းခံတာ ……… နည်းလမ်းအမှန် 

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
လောလောဆယ် ကျွန်တော်တို့ ဗမာနိုင်ငံအနေအထားနှင့် ဆက်သွယ်ရေးကောင်းမွန်လာစေဖို့ ပထမဆုံးခြေလှမ်းတွေအဖြစ် ကြိုဆိုပါတယ် ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
အင်း…… ကျွန်တော်က လေးဘက်လေးတန် အလုံပိတ်အခန်းကျင်းထဲမှာ ရှင်သန်ခဲ့ရတော့ ၊ အမှားအမှန်ကို ခုချိန်ထိ မခွဲခြားနိုင်ဘူး ။ ဒီလိုခွဲခြားဖို့ကလဲ သတင်းအချက်အလက်တွေ ကျွန်တော့်ဆီ မစီးခဲ့လို့ပဲ ။ ဒီတော့ အမှန်တရားကို သိမြင်ဖို့ သတင်းအချက်အလက်တွေကောင်းကောင်းစီးဆင်းနေတဲ့ ဆက်သွယ်ရေးတစ်ခုကို ကျွန်တော် ငတ်မွတ်နေတယ် ။ ကျွန်တော် ကြိုဆိုတယ် …….. ၊ ဟုတ်တယ် ကောင်းမွန်တဲ့ဆက်သွယ်ရေး ၊ အမှန်တရားကို အမှန်တရားအတိုင်း ချက်ခြင်းသိနိုင်ဖို့အရေး ရဲ့ ပထမဆုံးခြေလှမ်းတွေအဖြစ် ကျွန်တော် ၊ ကျွန်တော်တို့ အရမ်းလိုအပ်နေပါတယ် ၊

နောက်ဆုံးအနေနှင့် ကျွန်တော်မိုးဇက် ဒီပို့ကို ပြန်တဂ်ပါတယ် ။ 
အပျိုကြီး မိစံ ၊ မမ ကန်ဒီ ၊ မောင်တလုံး(စွယ်စုံကျမ်း ) ၊ လိုင်းပေါ်တွေ့တိုင်း ကျွန်တော် အမြဲစတာ ခံရတဲ့ ငလွမ်း (လွမ်းပိုင်ရှင် ) ၊ ကိုရင် ၊ မမ လမင်းငယ် ( ဝါ ) ချစ်စံအိမ် ၊ ညီလေးငယ် ချောကလုခေါ် ချောကလက်ကျူးပစ်လေး ၊ တစ်ချက်တစ်ချက်မှ ပေါ်လာတတ်တဲ့ ကိုတူး ၊ မိန်းမရပီး နပ်နေတဲ့ ကိုဒု ခေါ် ကိုဒုတိယလူ ၊ ကိုအိပ်ရာ ၊ ကိုကိုမောင် ( သူကြီးမင်း ) ၊ ကိုမိုးယံ ၊ ကျွန်တော်နှင့်ဆိုက်တူ ဂိုက်တူ ဗညားရှိန် ၊ ခုချိန်ထိ ငြိမ်နေတဲ့ မမ နက်သမီး ၊ ကို AH ( အောင်ထွဋ် ) ၊ သိင်္ဂါကျော် ၊ မန်းလေးသားလေး ကိုကိုးအိမ် ၊ ကဲ .......... တဂ်ပို့လေးကို ရေးပေးကြပါအုံး ဘော်ဒါဘော်ကျွတ်တို့ ခင်ဗျား ..............း)


မိုးဇက်

ဒဏ်ရာတွေအသစ်သစ်ဖြစ်နေဆဲပဲ မေနို


ကျောင်းလေးတစ်ကျောင်း
အဲဒီကျောင်းလေးမှာ
တစ်ချိန်ကချစ်ဦးသူနှင့် အတူလမ်းလျှောက်ဖူးတယ် ။            ။

အဲဒီကျောင်းလေးမှာ......
ငါ့မျှော်လင့်ချက်တွေ ခပ်တုံးတုံးမာယာတွေနှင့်
အမွန်းခံရဖူးတယ် ။              ။

အဲဒီကျောင်းလေးမှာ....
ပါးလှပ်လှပ်အလှနှင့် မျက်ဝန်းညို့ညို့တစ်စုံပိုင်ဆိုင်တဲ့
ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ။                      ။

အဲဒီကောင်မလေးကို ကျွန်တော်ရင်ဖွင့်တုန်းက
ရှက်သွေးတို့ရဲခနဲပေသွားတဲ့ သူမမျက်နှာအောက်မှာ
ရိုးသားမှုဆိုတဲ့အရာ ပျောက်ဆုံးနေတာမသိခဲ့ဘူး ။                ။

“ မေနို ” လို့ အမြတ်တနိုးခေါ်ခဲ့တုန်းက
ခပ်တင်းတင်းနှုတ်ခမ်းနှစ်လွာနှင့် အသိအမှတ်ပြုခဲ့တာ ငါမှတ်မိသေးတယ် ။                  ။

အဲဒီနှုတ်ခမ်းတွေနှင့်ပဲ သူ့အိမ်မက်တွေ
ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့တယ် ။               ။

ဒါပေမယ့် “ မေနို ”
နင်နှင့်ငါ နှလုံးသားခြင်းလက်ဆွဲနှုတ်ဆက်တုန်းက
မာယာဆိုတဲ့ဓါးတစ်လက် ကြားညှပ်ထားတာ
ငါမသိခဲ့တော့   ...... ထိရှဒဏ်ရာတွေဟာ
အကြောင်းသင့်တိုင်း အသစ်သစ်ဖြစ်သွားတာ
ခုချိန်ထိပဲ “ မေနို ”  ။                  ။

မိုးဇက်




ခေတ္တပဲလူဖြစ်သွားရတဲ့ ဖြူစင်မှု

ကပိုကရိုနိုင်လှတဲ့
လေထန်ကုန်းတစ်ခုမှာ
စားပွဲတစ်လုံး ပေါင်မုန့်တစ်ပွဲနှင့်
ခပ်ပြင်းပြင်း ခံစားချက်တွေကို
လဘ္ဘက်ရည်နှင့် ငါတို့မြည်းကြတယ် ။                ။

သောကတွေကို ခေါက်သိမ်း
အေးချမ်းလှတဲ့ ခင်မင်မှုတွေနှင့်
ခေါက်ရိုးကျိုးနေတဲ့ စကားလုံးတွေကို
ငါတို့ဝိုင်းမှာ ဖြန့်ခင်းကြတယ် ။                 ။

မျက်နှာဖုံးတွေ ခွါချ
စည်းမျဉ်းမရှိတဲ့ တေးတပုဒ်ကို
တို့တတွေ သံပြိုင်သီဆိုကြတယ် ။                    ။

ဒါပေမယ့်လည်း ........
ငါတို့ရဲ့ အပြန်လမ်းမှာ
ခံစားချက်အရောင်မျိုးစုံနှင့်
မောဟတွေ အပြိုင်းပြိုင်းညွတ်ကျ
ရှိရင်းစွဲ အတ္တတွေကို ပြန်ထုတ်ဆောင်း
ငါတို့ ဆိုင်ရာလမ်းအတိုင်း လျှောက်ပြန်လာကြတာ
ကိုယ့်အတွေးနှင့်ကိုယ် စီရရီ.................



မိုးဇက်

မုန်းတာကြီးကို မုန်းနေတဲ့လူ



မင်းကိုသိမ်းကျုံးမက်တတ်တဲ့ ငါ့ညတွေကိုမုန်းတယ်
သိပ်မုန်းတာပဲ ....ခါးခါးလျှလျှကိုမုန်းတာ ။          ။

အသွားသာရှိပီး အပြန်မဲ့တဲ့ငါ့ချစ်ခြင်းတရားကိုလဲမုန်းတယ်
နင့်ကိုမုန်းလိုက်တာ
နင့်ကို နှုတ်က မုန်းတယ်လို့ တဖွဖွပြောတဲ့
ငါ့လိမ်ညာစကားတွေကိုလဲ ငါမုန်းသင့်ပီ
သေရာပါအောင် ကဗျည်းထိုးလိုက်တဲ့
ငါ့နှလုံးသားပေါ်က မင်းနာမည်ကိုလဲ ဖျက်မရလို့မုန်းလိုက်တာ
လက်ညိုးထိုးအန်မထုတ်နိုင်အောင်ကိုမုန်းလို့ ။            ။

ငါ့အသက်ရူသံတိုင်း မင်းအငွေ့အသက်တွေကိုရှာနေမိတာကြီးကိုမုန်းတာ
ဟုတ်တယ်.......ငါ နင့်ကို မုန်းတယ် ။               ။

ဟုတ်တယ်.......ငါနင့်ကိုမုန်းတယ်
နင်စေစားရာအတိုင်း စည်းချက်လိုက်ခဲ့တဲ့ ငါ့ရင်ခုန်သံကို ........မုန်းတယ်
ဘယ်တော့မှ မချစ်နိုင်မှန်းသိလျှက်နှင့် ငါချစ်ခဲ့တာကို ငါမုန်းတာ
ငါ့ဝိဥာဉ်တွေ ပေါက်ကွဲထွက်မတတ် နင့်ကိုငါ မုန်းတယ်
ငါ့ကိုညာသွားတဲ့ နင့်ကို........မုန်းတယ် ။              ။

မုန်းတယ်ဆိုတဲ့စကားရဲ့ ခြုံလွာအောက်မှာ အရမ်းချစ်လိုက်ရတာဆိုတဲ့
ခံစားမှုကြီးကပ်ကပ်ပါသွားတာကို .....မုန်းတာ ။              ။

ကျေးဇူးပြုပီး.....ငါကိုယ်ငါ မုန်း ခွင့်ပြုပါ ။              ။

မိုးဇက်

ခပ်ညံ့ညံ့ကဗျာ .........

ကောင်းကင်ပြင်ကို ပွင်ဖက်တို့နှင့်ဖြန့်ခင်းပြီး
ဝတ်မှုံတို့ရနံ့နှင့် သင်းပျံ့ဖို့
ငါ့နှလုံးသားကို ပန်းတခင်းစိုက်ပျိုးခဲ့တာ
သူရူးရာဇဝင်မှာပဲ မှတ်တမ်းတင်ခံရပီ ။             ။

သူမနှင့် ကျွန်တော်ရင်ခုန်သံတွေထပ်ပီး
ရေးခဲ့တဲ့စာသား တကယ်တန်းဆိုကြည့်တော့
တူရိယာကြိုးတွေ ပျက်တောက်ကုန်တာ
သီချင်းတွေ အဆုံးမသက်သေးဘူး ။               ။

သူမရဲ့နှုတ်ခမ်းတွေနှင့် ထုဆစ်ခဲ့တဲ့ အနာဂါတ်တစ်ခုဟာ
ဆောင်းတွင်းအိမ်မက်လို ဖယိုဖရဲသွေးခုန်နှုန်းတွေနှင့်
တပိုင်းတစ... လန့်နိုးခဲ့ပြီ ။                ။

သူမက ဘဝအာမခံချက်ဆိုတဲ့
ကင်းဗက်ပေါ်မှာ ချစ်ခြင်းတရားကို
အစက်ပျောက်လေးအဖြစ် ရေးချယ်ခြင်တာ
ကျွန်တော်က ဘဝတစ်ပြင်လုံး
ချစ်ခြင်းတရားနှင့် အလှပဆုံး
ဆုတ်ချက်တွေ ရေးဖြည့်နေမိတော့
အသည်းကွဲခြင်းကို ကျကျနန စာလုံးပေါင်းတတ်သွားတယ် ။              ။

အသည်းကွဲရာက ခြေချော်လက်ချော်ဖြစ်ပီး
ကဗျာဆရာဖြစ်သွားတဲ့ ဆရာသစ္စာနီရေ
အသည်းတကွဲနှင့် ရေးတဲ့ ကျွန်တော့ကဗျာတွေကတော့
ခပ်ညံ့ညံ့ကဗျာတွေပဲ ဖြစ်ခဲ့တော့
ခံစားချက်တွေ ညို့တယ်  ။                  ။

မိုးဇက်

အသည်းထပ်ခွဲတဲ့ နှင်းမိုး

နှင်းတွေရွာတဲ့မိုး နှင်းမိုး
အလွမ်းတွေ ဖိန့်ဖိန့်ဟည်းအောင်
တွင်းအားပေးတဲ့မိုး
နှင်းတွေရွာချတဲ့မိုး နှင်းမိုး။            ။

ဆောင်းရဲ့ရင်ခွင်မဟုတ်ပါပဲ
ဆောင်းနှင့် သဏ္ဍာန်တူစွာ ပိန်းပိတ်အောင် ရွာတဲ့မိုး
နှင်းတွေရွာချတဲ့မိုး နှင်းမိုး ။                 ။

ဟောဒီအသည်းကွဲသမားရဲ့
ဘယ်လက်ရင်အုံကို နှင်းပွင့်တို့စိုက်ကျ
နာကျည်းမှုတို့ ပြန်လည်နိုးထစေပြီး
အသည်းကွဲသမားကို အသည်းထပ်ခွဲတဲ့မိုး
ဟောဒီမိုး................
အသည်းခွဲနှင်းရဲ့မိုး .......နှင်းမိုး ။              ။

မိုးဇက်

ကျေးဇူးပြု၍ အချိန်ပေးပါ

ဖြတ်ခနဲ ရိုက်ချခံလိုက်ရသော........
မပြောမဆို ပိတ်သာလေးနှင့် ထုခံလိုက်ရသော.............
နံရိုးတစ်ချောင်းကို ဖျောင်းခနဲ ဆွဲဖြုတ်ခံလိုက်ရသော.............
ကျောဘက်ကထိုးတဲ့ဓါး ဘယ်ဘက်ရင်အုံကို ဖောက်ထွက်သွားသော.......
တည်ဆောက်ဆဲ နှလုံးခုန်သံကို စလင်ဆာ အတပ်ခံလိုက်ရသော..........
သစ္စာတရားကို အရိုးနင့်အောင်ရေးထိုးထားတဲ့
ရင်ဘက်တစ်ခုကို ဥပေက္ခာဆိုတဲ့ တံဆိပ်အတပ်ခံလိုက်ရသော ..........
လောလောလပ်လပ် ဗွတ်ထဒဏ်ရာတွေနှင့် နှလုံးသားတစ်ခု ကုသဖို့ အချိန်တွေအလိုရှိသည် ။ (ကျွန်တော်ထင်မိတာပါ )
မှတ်ချက် ။             ။ မိတ်ဆွေတို့ရဲ့ အချိန်တချို့ ဈေးကောင်းကောင်းပေးဝယ်ပါမည် ။      


မိုးဇက်

ဝဋ်နာ ၊ ကံနာ ၊ ဒီခန္ဓာ

ဆိုင်းသံ ဗုံသံမပါပဲ
ဝေဒနာ ပြင်းရှရှတစ်ခုဟာ
ခံစားမှု အဝန်းဝိုင်းထထဲကို
ညာသံပေးဝင်လာတော့ 
သွေးရူးသွေးတန်းဝင်လေထွက်လေကို
အနုလုံပဋိလုံ ထသုံးသပ်ပေမယ့် နောက်ကျခဲ့ပီ ။              ။

နာကျင်မှုဟာ ငါ့ကို
ထွက်ပေါက်မဲ့အောင် ချောင်ပိတ်ရိုက်လာလိုက်တာ
တချက်ချက် ငါ့သတိတွေ မျက်ဖြူစိုက်ကုန်တယ် ။             ။

ရုန်းရင်း ကန်ရင်း
ထိမ်းရင်း ချုပ်ရင်း
ငါ့သူငယ်အိမ်ဟာ
 မှောင်လိုက် လင်းလိုက် ။            ။

နောက်ဆုံး အလင်းတချက် ပျက်ပြီးတဲ့နောက်
အသိစိတ်တို့ ဓါတ်မပျယ်ခင်စပ်ကြား
ငါသိလိုက်ရတာက
ဒါဟာ ဘယ်လိုမှရှောင်လွဲလို့ မရတဲ့
ကံကြမ္မာက ပြဋ္ဌာန်းပြီးသား
ဝဋ်နာ ၊  ကံနာ  ။                 ။

မိုးဇက်