________________________________________________________________________________________________________________________________________ |||||| နှစ်ဦးသဘောတူနေ့ဆွဲများ |||||| ____ မြင်မြင်ခြင်းတစ်ယောက်ဘဝထဲကိုတစ်ယောက် လေးလေးနက်နက်နစ်မြုပ်ခဲ့ကြ ......___________________ တွေ့တွေ့ခြင်းတစ်ယောက်အာရုံထဲရှိတာတစ်ယောက် အလိုအလျှောက်သိမြင်နားလည်ခဲ့ကြ ......._________________ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ဓါးနှင့်ပေါက်လက်တည့်စမ်းခဲ့ကြ ~~ ~~~________________ စိတ်ကူးယဉ်ကိတ်မုန့်တစ်လုံးကို အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ ...............___________________ ကျေနပ်ခြင်းသီးစုံဖျော်ရည်တစ်ခွပ်ကို အတူဖျော်ပြီး အငမ်းမရမော့သောက်ခဲ့ကြ ......______________________ ပင်စည်တစ်ခုပေါ် ပိုးမွှားတွေလိုတွယ်ကပ် ~~~ ~~~~ ပြင်းပြတဲ့တပ်မက်ခြင်းတွေနှင့် အတူတစ်ကွရှင်သန်ခဲ့ကြ .......______________________ တစ်ယောက်အိမ်မက်ကိုတစ်ယောက်ဖောက်ထွင်း ~~~ ~~~ ငြိမ်သက်ခြင်းကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပြစ်ချခဲ့ကြ ......._______________________ တစ်ယောက်မျက်လုံးထဲတစ်ယောက်ပြေးဝင် ~~~ ~~~ ပွင့်ပွင့်လင်းလင်းချဉ်ခြင်းတတ်ခဲ့ကြ ......... ______________________ တစ်ယောက်မနက်ဖြန်ကိုတစ်ယောက်စာချုပ် ~~~ ~~~ မမြင်ရတဲ့အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ .......___________________________ ပြန်စဉ်းစားကြည့်တော့ နောက်ကျနေတဲ့ ရထားပေါ်မှာ ~~~ ~~~ ကြင်ကြင်နာနာပြစ်မှား တစ်ယောက်နှင့်တစ်ယောက် ပြစ်စလက်ခတ်အသားခြင်းထိမိခဲ့ကြ ........______________________________ ရေစီးသန်တဲ့မြစ်ကိုစွန့်စွန့်စားစားကူးဖြတ် ~~~ ~~~ တစ်ယောက်အတ္တကိုတစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ .........________________________________ ရှုပ်ထွေးကောက်ကွေ့လွန်းတဲ့လောကအလယ် ~~~ ~~~ တစ်ယောက်နှင့်တစ်ယောက် မိုက်မိုက်ကမ်းကမ်း ငြိတွယ်မိခဲ့ကြ ~~~ ~~~~ ဘာများဆန်းကျယ်လို့လဲကွယ် ... ...__________________________ လှသန်း(လက်မရွံ့ ကဗျာဆရာ)

အားတင်းထားတဲ့ စကားတစ်ခွန်း

ချစ်ခဲ့တယ် ချစ်သူ
အရမ်းချစ်ခဲ့တယ်လေ ၊ 
ပြစ်မျိုးမှည့်မထင်အောင်ကို ချစ်ခဲ့တယ်
ချစ်ခဲ့တာပဲရှိတယ် ချစ်သူ .........
နားလယ်မှုတွေ လွဲချော်ခဲ့တော့လဲ
ငါအရင် လက်ပြလိုက်ပါတယ်  ။             ။ 
မိုးဇက်

မိုနာလီဇာ့ သစ်ရွတ်




ကောင်မလေးရေ
တိမ်တိုက်တွေ အိပ်တန်းဝင်
လေနုအေးတွေ ကြွကြွရွရွတိုက်ခတ်
ငှတ်တွေ အတောင်ပံနှင့်အိပ်တန်းပျံ
အမှောင်ဟာ ကြွေအံ့မှုးမှုးသစ်ရွတ်တွေကိုဝါးမျို
အဲဒီအချိန်မှာမှ
အသိခေါတ်ခတ် အ၀င်နက်စွာနှင့်
ငါမင်းကိုချစ်တယ်ဆိုတာ......
ငါနောက်ကျခဲ့ပြီ
အတိတ်ကိုဖမ်းမဆုပ်နိုင်စွာနှင့်
ငါနောက်ကျခဲ့ပြီ။
ဒါပေမယ့် ကောင်မလေးရာ
ငါလွမ်းမော နမ်းရှိုက်ဖို့အတွက်
ခင်မင်မှုသစ်ရွတ် တစ်ရွတ်တော့
ငါ့ဆီခြွေခဲ့ပါ။             ။

မိုးဇက်

သစ္စာတရား မှားခဲ့သလား






ပညက်ချက်တွေနှင့် မျက်နှာခြင်းဆိုင်ခဲ့တဲ့တစ်နေ့
…………………………………………………………….
ဟိုးအစွန်အဖျားရောက်အောင်ကို ငါတို့အတွေးတွေ ခရီးထွက်ခဲ့
ငါ့တို့နှစ်ယောက် မာနတွေသက်သက်မှတ်မှတ် စိုက်ပျိုးတတ်တော့
ဘာရယ်မဟုတ် လမ်းခွဲစာချုပ်မှာ တစ်ဦးသဘောတူ လက်မှတ်ထိုးခဲ့ ။               ။

မှတ်မှတ်ရရတွေ ဖျက်မရတဲ့ ဟောဒီကောင်ကတော့
ကျိမ်စာသင့်နှလုံးသားမှာ လက်လက်ဆက်ဆက်ဖူးပွင့်နေတဲ့ အလွမ်းတွေကိုကျောမှာလွယ်ခဲ့
ဒီလိုနှင့်……………………….
နားလည်ပေးနိုင်လောက်အောင် မသက်ဆိုင်တော့လဲ
ငါ့သက်တမ်းတစ်လျှာက် အလွမ်းတွေဖိုသီဖက်သီ တရွတ်ဆွဲခဲ့
ချစ်ခြင်းတရားကို အရိုးနင့်အောင်ရေးထိုး
သစ္စာဆိုခဲ့တဲ့ကောင်ရဲ့နှလုံးသားကိုမှ သစ္စာစူးခဲ့ ။                ။


မိုးဇက်

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်( နောက်ဆက်တွဲသတင်းများ )

မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူ ဓာတ်ပုံဗွီဒီယို ရိုက်သော သတင်းထောက် အချို့အား  ထောက်လှမ်းရေး ဆိုသူများက လိုက်လံချောင်းမြောင်းမှတ်တမ်းတင်ခြေရာခံခြင်းများရှိဟု အလိုက်ခံရသူ သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။
မန္တလေး သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေးများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်းသိရ။
၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရ။
 
"Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြ။
 
ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင်း ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။
ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသဖြင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြသည် ဆို၏။
 

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်








နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။
တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။

အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။

ညိုကြီး

ကြွေလွင့်ပရစေ

တစ်နေ့ က ငါ့ရင်မှာ ပြာလွင့်လွင့်တွေ
လင်းလက်ခဲ့ပေါ့
( အဲဒီနေ့က ချစ်သူဖြစ်တဲ့နေ့ပေါ့ )
နောက်တစ်နေ့ ငါ့ရင်တွေ ရုံးရင်းဆန်ခတ်
ဆောက်တည်ရာ မဲ့ခဲ့တာ
(မင်း ထားခဲ့တဲ့တစ်နေ့ ပေါ့ )
အဲဒီနောက်တစ်နေ့ ငါ့ရင်တွေ ကြေမွအန်ကျလို့
ဒီနေ့ ငါ့ဝိဥာဉ်တွေ
(မင်းစွင့်ပြစ်လိုက်တဲ့ဒဏ်ကြောင့် )
ဆုတ်ချည် ခွာချည် နှင့်
ကြွေလွင့်ပါရစေ
-ူး-က် -ီ ။               ။
မိုးဇက်

ဒို့မြေ - ဒို့ကမ္ဘာ ဘယ်လိုထိမ်းကြပါ့မလဲ

မရေးဖူးပဲ -အရေးထူး တာမဟုတ်ပါ
ရင်ထဲရှိတာကို အထူးရေးဖို့ပါပဲ
ကိုကို မမ တို့လျှောက်ဖူးတဲ့လမ်း
ခရေတို့လဲကြွေ - စိန်ပန်းတို့လဲဝေ
ငုဝါ တွေဘယ်မလဲကွယ်။
ကျောင်းလမ်းလေးလဲ သာယာခဲ့တယ်။
အင်းလျား လဲအေးချမ်းခဲ့တယ်။
ဟိုတစ်ခါ တက္ကသိုလ်ဆီက
အိပ်မရတဲ့ညများ မရှည်လျားခဲ့ပါ
ညနက်သန်းခေါင် အဆောင်ရှေ့က ဂီတာသံတွေ
ရင်ထဲအေးချမ်း ပြီး အပေးအယူမျှတဲ့
သူငယ်ချင်းအားလုံး ပျော်ခဲ့ဖူးတယ်။
ကျောင်းသားကျောင်သူ တို့နှလုံးသား အမှားကင်းပေမဲ့
သွေးစွန်းခဲ့ရပါပြီ
တစ်ရာသီကပေါ့ကွယ်။
...........................
ဟောဒီမဲနက်တဲ့ ကတ္တရာလမ်း
မှန်းဆ မရပဲ အရောင်တွေပြောင်း
ခေတ်ဟောင်းကိုတွန်းလှန်
ကျောင်းသားတို့ရဲ့ နှလုံသားအလံ
ခိုင်ခိုင်မြဲမြဲ မယိုင်မလှဲပေမယ့်
ထောင်ထဲမှာတော့ သေနေဆဲပဲ။
အာဇာနည် မဖြစ် သူရဲကောင်းတွေနစ်တဲ့
ဒီအလောင်းကောင်တွေကို
ဘုရားသခင် မြင်တော်မူပါ၏လား ?
ပြချင်စမ်းပါရဲ့ ဒို့တိုင်းပြည်
ဒို့လူမျိုး - ကိုယ်ချင်းသတ်တဲ့ ဌာနီ
ကျောင်းသားတွေ ရင်ထဲဝင်ကြည့်လိုက်စမ်း
အညာနွေ ပူတယ်ဆိုတာအလကားပဲ
- နှလုံးသွေးတို့ တစ်စက်စက်ကျ
ရဲရဲနီပြီ
- နေရာအနှံ့
မြို့အပြန့်
ပင်အို သစ်ပုတ် ကျတဲ့မျက်ရည်
မြင်သူမရှိ သူတို့မသိ
အရောင်ပြောင်းတဲ့ ကတ္တရာလမ်း
ရဲရဲစွန်းထင်းတဲ့ သွေးကွက်တို့က
တိုင်းသိပြည်သိ မြင်သူတစ်ကာရှိလဲ
အလိမ်အညာတွေ နဲ့ ကျည်ဆံ စစ်ခင်း
မင်းသတင်း ကမ္ဘာကျော်ပြီနော်
ဟစ်တလာကိုအားကျ
ကိုယ့် လူမျိုးကိုယ် ဗုံးထောင်သတ်
မဟုတ်ကို အဟုတ်လုပ်
အဟုတ်ကို ပထုတ်
မဟုတ်ကို ရှင်းတဲ့သတင်းစာပွဲ
အမြဲပဲ ကျင်းပ၊
ခင်းချမရတဲ့သက်သေ
မျက်မြင်လဲ မရှိ
- ဒါပေမဲ့ တိုင်းသိပြည်သိ
အရှိကိုသိပေမဲ့ အသိကိုခင်းပြရင်
ကိုယ့်အထုတ် ကိုယ်ဖြေ
ကိုယ့်အရှက် ကိုယ်သိမ်း
မထိန်းနိုင်တဲ့ပြည်
ဒို့မြေ - ဒို့ကမ္ဘာ
ကြွယ်ဝမှုတွေ အကုန်
တိုးတက်သမျှ အားလုံး
ပြည်သူ မသုံးရပါ
မင်းအတွက်ပါပဲ တစ်ကတဲ ပြော ပြောချင်ပေါင်
ပြောပြန်ရင် အောင်မင်းလွန်ရာကျသမို့
.................................................
ဟင်းးးးးးးးးးးးးးးးးးးးးးး


Bo Phyu

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်



မကြာသေးခင်က ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာ မြောက် ရွှေ့ကွက်များဆောင်းပါးကို ကျွန်တော် ရေးခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေးသားနိုင်ခဲ့တဲ့ အတွက် အခုဒီဆောင်းပါးကို ထပ်ရေးတာ ဖြစ်ပါတယ်။

ကျွန်တော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့ အထိ နိုင်ငံရေးကို ကိုယ့်အစွမ်း ရှိသ လောက် ဆောင်ရွက်နေသူ တယောက်ပါ။ အရင် ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူ တွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာတွေ့လို့ ကိုယ်တတ်နိုင် သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြ နိုင်တာကိုလည်း နားလည်ပေးကြ စေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘော မတူ နိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့ အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံ လုံးရဲ့ အရေး၊ လူတိုင်းရဲ့ အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို NLD သာမက အများပြည်သူပါ ရင်ဆိုင် ကြရမှာပါ။ ဒါ့ကြောင့် အားလုံး ဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါတီ အရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထား လိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျွန်တော်တို့ ခေါင်းပေါ် ကျမလာ ဘဲ နေမှာ မဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။