________________________________________________________________________________________________________________________________________ |||||| နှစ်ဦးသဘောတူနေ့ဆွဲများ |||||| ____ မြင်မြင်ခြင်းတစ်ယောက်ဘဝထဲကိုတစ်ယောက် လေးလေးနက်နက်နစ်မြုပ်ခဲ့ကြ ......___________________ တွေ့တွေ့ခြင်းတစ်ယောက်အာရုံထဲရှိတာတစ်ယောက် အလိုအလျှောက်သိမြင်နားလည်ခဲ့ကြ ......._________________ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ဓါးနှင့်ပေါက်လက်တည့်စမ်းခဲ့ကြ ~~ ~~~________________ စိတ်ကူးယဉ်ကိတ်မုန့်တစ်လုံးကို အတူဖုတ်ပြီး မက်မက်မောမော စားခဲ့ကြ ...............___________________ ကျေနပ်ခြင်းသီးစုံဖျော်ရည်တစ်ခွပ်ကို အတူဖျော်ပြီး အငမ်းမရမော့သောက်ခဲ့ကြ ......______________________ ပင်စည်တစ်ခုပေါ် ပိုးမွှားတွေလိုတွယ်ကပ် ~~~ ~~~~ ပြင်းပြတဲ့တပ်မက်ခြင်းတွေနှင့် အတူတစ်ကွရှင်သန်ခဲ့ကြ .......______________________ တစ်ယောက်အိမ်မက်ကိုတစ်ယောက်ဖောက်ထွင်း ~~~ ~~~ ငြိမ်သက်ခြင်းကြမ်းပြင်ပေါ်မှာ ပင့်သက်တွေ ပြစ်ချခဲ့ကြ ......._______________________ တစ်ယောက်မျက်လုံးထဲတစ်ယောက်ပြေးဝင် ~~~ ~~~ ပွင့်ပွင့်လင်းလင်းချဉ်ခြင်းတတ်ခဲ့ကြ ......... ______________________ တစ်ယောက်မနက်ဖြန်ကိုတစ်ယောက်စာချုပ် ~~~ ~~~ မမြင်ရတဲ့အချိန်ကာလကို ဖမ်းဆုပ်ခဲ့ကြ .......___________________________ ပြန်စဉ်းစားကြည့်တော့ နောက်ကျနေတဲ့ ရထားပေါ်မှာ ~~~ ~~~ ကြင်ကြင်နာနာပြစ်မှား တစ်ယောက်နှင့်တစ်ယောက် ပြစ်စလက်ခတ်အသားခြင်းထိမိခဲ့ကြ ........______________________________ ရေစီးသန်တဲ့မြစ်ကိုစွန့်စွန့်စားစားကူးဖြတ် ~~~ ~~~ တစ်ယောက်အတ္တကိုတစ်ယောက် ကြက်ခြေခတ်မိခဲ့ကြ .........________________________________ ရှုပ်ထွေးကောက်ကွေ့လွန်းတဲ့လောကအလယ် ~~~ ~~~ တစ်ယောက်နှင့်တစ်ယောက် မိုက်မိုက်ကမ်းကမ်း ငြိတွယ်မိခဲ့ကြ ~~~ ~~~~ ဘာများဆန်းကျယ်လို့လဲကွယ် ... ...__________________________ လှသန်း(လက်မရွံ့ ကဗျာဆရာ)

သမ္မတကြီး သိသာရန် (သို့မဟုတ်) မီးရထားဝန်ကြီး သိသာရန်

မန္တလေး မီးရထားစက်ခေါင်းစက်ရုံတွင် အုပ်ချုပ်မှုတာဝန် ယူထားရသော AME
(လက်ထောက်အင်ဂျင်နီယာ)ဆိုသူသည် မိမိလက်အောက်ငယ်သား ၀န်ထမ်းများအား
အကြမ်းဖက် အုပ်ချုပ်နေပါတယ်။ ငယ်သားများအား လက်သီးဖြင့် ဆွဲထိုးခြင်း၊
ခြေထောက်ဖြင့် ကန်ခြင်းများ ကြိမ်ဖန်များစွာ ပြုလုပ်အုပ်ချုပ်နေပါတယ်။
တစ်နေ့သောအချိန်မှာ (ဥပမာတစ်ခု အမှန်တကယ်ဖြစ်ပျက်ခဲ့ပါတယ်)
မန္တလေးဘူတာကြီးမှ ရထားတစ်စင်း ရန်ကုန်ဘက်သို့ အချိန်မှန်မထွက်နိုင်ခဲ့ပါ။
စက်ခေါင်းပိုင်းဆိုင်ရာအားနည်း

ချက်တစ်ခုကြောင့် မထွက်နိုင်တာပါ။ ဒါကို
ဘူတာကြီးမှ စက်ရုံ AME သို့ အကြောင်းကြားလိုက်ပါတယ်။
အဲဒီအဖြစ်အပျက်လည်းသိပြီးရော ဒေါသူပုန်ထပြီး အဲဒီအချိန်မှာ တာဝန်ကျနေသော
အလုပ်ကြပ်အပါအ၀င် (၅)ဦးအား လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါတယ်။
သူထိုးကြိတ်ခံရသောသူများ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို မစုံစမ်း
မချိန်ဆဘဲ အရင်ဆုံး လက်ရောက်ကျူးလွန်စော်ကားခဲ့ပါတယ်။ ထို (၅)ဦးထဲမှ
တစ်ဦး (ဌာနစိတ်အလိုက် အဆက်အသွယ်လုပ်ပေးရသူ)မှာ နှာခေါင်းသွေးများ
ဖြာထွက်သည်
အထိ ဖြစ်ခဲ့တယ်။

အဲဒီ AME ဆိုသူဟာ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာ ဒီတစ်ကြိမ်မဟုတ်ပါ။
နှာခေါင်းသွေးထွက်သွားခဲ့သူ တစ်ဦးထဲပင် (၅)ကြိမ်ခန့် ပြုလုပ်ခဲ့ပါတယ်။
စက်ရုံအတွင်းပိုင်းမှ ၀န်ထမ်းအချို့လည်း အထိုးခံရမှုတွေ ရှိခဲ့ပါသေးတယ်။
သူဟာ ဒီစက်ရုံထဲက ၀န်ထမ်းတွေ သူအကုန်လုံးထိုးလို့ရတယ်လို့များ ထင်ထားသလား
မသိပါ။ တချို့ဝန်ထမ်းငယ်များဟာ သူ့အဖေအရွယ်တွေပါ။

ပြဿနာဖြစ်တိုင်း ငယ်သားဝန်ထမ်းများအား လက်ရောက်ကျူးလွန်ပြီး
အနိုင်ကျင့်ဖို့ဘယ်ဝန်ကြီးကမှ ညွှန်ကြားတာ မကြားဘူးပါ။ ဥပဒေမဲ့
လုပ်ရပ်များသာဖြစ်ပါတယ်။ ၀န်ထမ်းငယ်များမှာ အကြောက်တရားများရှိနေကြပါတယ်။
ပြုတ်သွားမှာလား။ ပြောင်းခံရမှာလား စတဲ့ ပူပန်မှုတွေကနေ
ကြောက်ရွံ့မှုအဖြစ်သို့ ရောက်ရှိသွားစေခဲ့တာပါ။

ဒီမိုကရေစီစနစ်သို့ ပြောင်းနေပြီဖြစ်လို့ ၀န်ထမ်းလောကမှာ
ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမကျူးလွန်နိုင်စေဖို့နှင့် ၀န်ထမ်းငယ်များ
မကြောက်ရွံ့ကြစေဖို့ ရည်ရွယ်ပါတယ်။ ဥပဒေရှိပါတယ်။ မဟုတ်ရင် မမှန်ရင်
ဥပဒေနဲ့ ပြန်လည်တုံ့ပြန်နိုင်ပါတယ်။ နောက်တစ်ခု မီဒီယာတွေ ရှိပါတယ်လို့။

မီးရထားဝန်ထမ်းတစ်ဦး

မာနစီးချင်း

တိမ်ညိုတွေဖွဲ့တည်နေတဲ့ အနောက်ကောင်းကင်
တဖွဲဖွဲမှတကယ့် တဖွဲဖွဲပါပဲ
တို့နှစ်ယောက်ကို ဆုံဆည်းခွင့်ပေးခဲ့တဲ့ ဒီမိုးလေးမှာ
အခုလို မျက်ရည်တွေမပါဘူးလေ ။

ငါတို့နှစ်ယောက်ထိုင်ခဲ့ကြတဲ့ ဒီထိုင်ခုံလေးမှာ
အခုတော့ မင်းရဲ့ခပ်ရှရှရနံ့လေးတွေနဲ့ပဲ
ကိုယ့်မှာ အဖော်ပြုနေရပြီ ။

အဲဒီတုန်းက အချိန်လေးကိုပြန်သတိရတိုင်း
နှင်းစွတ်တဲ့ ဟိုး တောင်ပေါ်မြတ်ခင်းပြင်ထဲ
ဖြတ်လျှောက်ရသလို အရာရာဟာငြိမ်းချမ်းဆဲပါ ။

တဖွဲဖွဲလေးရွာနေတဲ့ ဒီမိုးလေးရဲ့အောက်မှာ
အထီးကျန်တဲ့ ဟောဒီခြေထောက်တစ်စုံနှင့်
မျက်ရည်တွေပြည့်နေတဲ့ ဟောဒီမျက်ဝန်းတစုံနှင့်
ထိရှလွယ်တဲ့ ဟောဒီနှလုံးသားမှာ ဒဏ်ရာဒဏ်ချက်အပြည့်နှင့်
မင်းနာမည်ကို ခပ်တိုးတိုးရေရွတ်ရင်း ဦးတည်ရာမဲ့ လျှောက်လှမ်းနေမိတယ် ။

ငါတို့နှစ်ယောက် သိပ်ချစ်ခဲ့တယ်
ပြသနာတွေ ဒုက္ခတွေ ကြုံတိုင်းငါတို့လက်တွေပူးယှက် ခိုင်မြဲခဲ့တယ် ။

ပြီးတော့ အရာရာအားလုံးကို ငါတို့ချစ်ခြင်းတွေနှင့်
လှပစွာတန်ဆာစဉ်ခဲ့တယ် ။

ပြီးတော့ မကုန်ခမ်းနိုင်တဲ့ ချစ်ခြင်းသံဇဉ်တွေကို
အပြန်အလှန် သီိဆိုကျူးရင့်ခဲ့တာ
ပြီးတော့ ................
ပြီးတော့ လည်းပြီးသွားတာပါပဲ
သံတူကြောင်းကွဲ မာနတစ်ခုစီနဲ့ပဲ ကိုယ်လိုရာဆွဲတွေး
ထင်ကြေးတွေနှင့် ဝေးခဲ့ရတော့
နားလည်မပေးနိုင်သူကို မနာကြည်းတော့ပါဘူး
ငါကိုယ်တိုင်က မင်းရဲ့အပြုအမူတွေကို နားမလည်လို့ဘဲ
ဒီလိုနှင့်မင်းငါ့အနားကထွတ်ခွာသွားတယ်

ဒါပေမယ့်
မင်းကျန်နေရစ်တယ် ။

(ငါ့ရင်ထဲမှာ ။)

မိုးဇက်

အနာဖေးတတ်နေတဲ့ မှတ်တမ်း

ဆော့ကစားလိုက် ပြန်ချော့လိုက်နှင့်

အပွန်းအပဲ့တွေနှင့် ငါ့နှလုံးသား

အနာဖေးတတ်လိုက် ယင်းထလိုက် ။        ။

ဒီနှုတ်ခမ်းတွေကို ထိတွေ့ခွင့်ပေးခဲ့တာ

အိမ်မက်တစ်ခုလား ။          ။

ခုတော့ နှုတ်ဆက်ဖို့ မြှောက်လိုက်တဲ့ ငါ့လက်ကိုတောင်

နာနာကျည်းကျည်း အပြစ်တင်မိခဲ့ ။              ။

သက်တန်းတစ်လျှောက် ထမ်းပိုးထားတဲ့

ငါ့အလွမ်းတွေကို လောင်မြိုက်ခွင့်ပြုလိုက်တာလား ။            ။

ဇာတ်လမ်းကို ဒီလိုအဆုံးသက်ပြစ်လိုက်တော့လဲ 

ချစ်သူ...............

ငါ့သစ္စာငါသိသလို ၊ မင်းချစ်ခြင်းတရားကို ငါမသိတော့

ဒိုင်ယာရီ စာအုပ်ထဲမှာပဲ ငါမှတ်တမ်းတင်ထားမယ် ။           ။


မိုးဇက်
အရင်ဆိုက်က အဟောင်းလေးပါ

ညိုရောင်အဆင်းရှိတဲ့ ငါ့နက်သမီး


ချစ်တယ်နက်သမီးညိုညိုလေးရေ 

လေအဝေ့မှာ ဖျက်ကနဲလွင့်သွားတဲ့ 

မင်းဆံစလေးတွေနောက်ကို ငါ့အာရုံတွေ

တစ်သီကြီး ပါသွားခဲ့ ။        ။

ချစ်တယ်နက်သမီးညိုညိုလေးရေ 

ညိုညက်ညက် အသွေးအရောင်က 

အချိုးကျတဲ့ ကိုယ်နေဟန်နှင့်

အံကျဖြစ်နေတော့လဲ ငါချစ်မိတယ် ။         ။

ချစ်တယ်နက်သမီးညိုညိုလေးရေ 

ငါ့နှလုံးသားတစ်ပြုတ်လုံးကိုသိမ်းယူသွားတဲ့

ပြုံးလဲ့လဲ့နှုတ်ခမ်းဖူးလေးကိုလဲ 

ရစ်မှုးစွာ ချစ်မိတယ် ။          ။

ငါ့အိမ်မက်တွေမှာ ဖုန်တထောင်းထောင်းထအောင်

ဖြတ်လျှောက်လွန်းတဲ့ 

နက်သမီးညိုညိုလေးရေ .............ချစ်တယ် ။           ။

မင်းအကြောင်းတွေးမိတိုင်း 

အသွေးအသားတွေ ယောက်ယက်ခက်ခဲ့ရတယ်

ချစ်တယ် နက်သမီးညိုညိုလေးရေ ။        ။

ဟေ့ ဒီမှာ  နက်သမီးညိုညိုလေးရေ 

ဘဝတစ်ရာသီလုံးစာ

ရင်ဘက်နှင့်အပြည့် ချစ်ခြင်းတွေ 

ဖူးပွင့်နေလိုက်တာ 

မင်းခူးဆွတ်ဖို့ ငံ့လင့်နေကြတယ် ။            ။


မိုးဇက်

ဒီစာဟာ ကဗျာမဟုတ်ဘူး / မိုးဇက်သေပီ


ဒီစာဟာ ကဗျာမဟုတ်ဘူး ၊ ကြိုပြောထားမယ်ဗျာ ဖြစ်နိုင်ရင်ဆက်မဖတ်ပါနှင့် ဒီဟာ ကဗျာမဟုတ်ဘူး ။ ခင်ဗျားတို့ ဖတ်လဲလုံးဝ အကျိုးမရှိဘူး ၊ ဆက်မဖတ်နှင့်နော် ။
လောကမှာ ဘယ်အရာကိုမှ ပိုင်ဆိုင်ခွင့်မရှိတဲ့ကောင် တစ်ယောက်အကြောင်းခင်ဗျားတို့ကြားဖူးလား ၊ သိသလား ၊ လောကဓံရဲ့ အချိုးအကွေ့တွေကို ခပ်မိုက်မိုက်ကြုံခဲ့တာ အကြိမ်ကြိမ် ၊ ခုထိအရေမထူသေးဘူး ၊ ခင်ဗျားသိလား လူတစ်ယောက်ရဲ့ သုညတန်ဖိုးရှိတဲ့ ဘဝခါးတွေအကြောင်း ၊ ဟောဒီမိုးဇက်ပဲ ။ မယုံရင် မိုးဇက်ရင်ဘက်ထဲကို လက်တစ်ဆုံးနိုက်ကြည့်လိုက် ၊ ဗလာ ၊ သုည ။ သုညတောင် အညတရ သုည ၊
ကျွန်တော်ပြောတယ် ဆက်မဖတ်နှင့်တော့ ဘာမှမဟုတ်ဘူး ၊ ဖတ်နေလဲ အကျိုးတစ်စုံတစ်ရာရှိလာမှာ မဟုတ်ဘူး ၊ ဘာကြောင့်လဲဆိုတော့ နှလုံးသား မရှိတော့တဲ့ ဟောဒီမိုးဇက်ရေးထားတာ နှလုံးသားနှင့်ဖတ်တဲ့ ခင်ဗျားတို့အတွက် မျက်စိညောင်းတာပဲ အဖတ်တင်မယ် ။ ဟုတ်တယ် ဘာဆိုဘာမှ သုံးစားမရတဲ့ဟောဒီကောင်ကို ချစ်သူမပြောနှင့် ဘယ်ကောင်မလေးကကော တစ်ဘဝစာမျှော်တွေးရဲမှာလဲ ။ ကိုယ့်ကိုကိုယ်လဲ အထင်ကြီးစရာမရှိလို့ ဘယ်သူမှလဲ ကိုယ့်ကိုအထင်မကြီးဘူး ၊ ကိုယ်တိုင်ကလဲ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ အထင်မကြီးဘူး ။ မွေးကတည်းက သိမ်သိမ်ငယ်ငယ်လေး  ၊ ကြီးလာတော့လဲ မျက်စိသူငယ်နားသူငယ်လေး ၊ လောကကြီးကို ဂြိုလ်သားတစ်ယောက်လိုဆက်ဆံနေတာ ၊ ဘယ်လိုမှ လူ့လောကအကြောင်းကိုနားမလည်ဘူး ၊ လူ့လောကကြီးကလဲ ဘယ်တုန်းကမှ ကိုယ့်အပေါ်နားလည်ပေးမှုမရှိဘူး ။ ဒါပဲ မိုးဇက်ဆိုတာ ။
ကဗျာမဟုတ်ဘူးနော် ၊ အသေအချာ ကျမ်းကျိမ်ပီးပြောမယ် ဆက်မဖတ်နှင့်တော့ ဒီနေရာကပဲ ရပ်လိုက်တော့ ဒါဟာ ကဗျာမဟုတ်ဘူး ၊ အမြဲလိုလို နောက်ကျနေတတ်တဲ့ကောင် ၊ ခုကိုယ့်အသက်က ကျင်းနခမ်းကို ခြေတစ်ဘက်လှမ်းနေပီ ခုချိန်ထိ အတွေးအခေါ်တွေလူလားမမြောက်သေးဘူး ၊ ဟောဒီကောင် မိုးဇက် အရေပြားတွေက ဇယာပိုင်းကို သွင်ကျူးနေပေမယ့် ဘဝရဲ့နေရေးထိုင်ရေးတွေကို ခုမှဇယားခင်းနေတုန်း ၊ ခင်းမလို့ပြင်နေတုန်း ၊ ဘာဆိုဘာမှ သုံးမရတဲ့ကောင်အကြောင်းဆိုတော့ သုံးမရတဲ့စာကြောင်းတွေပဲ ၊
မောတယ် ၊ ခင်ဗျားတို့ကို ပြောရတာမောတယ် ဆက်မဖတ်နှင့်တော့ ခင်ဗျားတို့ အာရုံနောက်တာပဲ အဖတ်တင်မယ် ဘာမှထူးလာမှာမဟုတ်ဘူး  ၊ လုံးဝ ဆက်မဖတ်ပါနှင့် ၊ ဒါဟာ ကဗျာမဟုတ်ဘူး ။ ဒီဇင်ဘာရောက်တိုင်း သွေးဆုတ်သွားတဲ့နေ့ရက်တွေ ခုချိန်ထိရှိတယ် ၊ ဒီဇင်ဘာနှင့်အတူ ……… လွတ်ချခံလိုက်ရတဲ့ ဗလာကောင်တစ်ယောက်အကြောင်း ၊ ဒီလိုလေးပါပဲ ဘဝကို မဖြူစင်နိုင်တော့တဲ့ မျက်လုံးတွေနှင့် မမြင်ဝိုးတဝါး လျှောက်နေတဲ့ကောင် ၊ ဗလာပဲ……………..ဗလာမှ ဘာအဆက်အပျောက်မှ မရှိတဲ့ဗလာ …………….
ကဲခုလိုပဲ ဘလော့လေးမှာ မတောက်တစ်ခေါက်ခံစားချက်လေး ချရေးပီး ၊ ကဗျာလို့နာမည် တတ်တဲ့ကောင် ၊ ဟိုအိမ်လျှောက်လည် ဒီအိမ်လျှောက်လည် ၊ လက်ကမျင်း ၊ တွေ့ကရာ လိုက်နောက်နေတဲ့ကောင် ၊ ဘာမှသုံးမရတဲ့ကောင် ၊ ခင်ဗျားတို့ အပြင်မှာမတွေ့ဘူးတဲ့ မိုးဇက် ၊ ခပ်တည်တည်နှင့် ကဗျာဆရာလို့ ခေါင်းစဉ်တပ်ထားတဲ့ ကောင် ၊ ကဲ ခုတော့………. ဝိဥာဉ်တွေ ဆုတ်ချည်ခွာချည်နှင့်သေတော့မယ် ၊ ခေါ်သံတွေသဲ့သဲ့ကြားနေရပီ ၊ ဝေဒနာတစ်ခုကို ခပ်မျင်းမျင်းလေးမြည်းစားရင်း သေမင်းအလာကို ဆောင့်နေပီ ၊
ငါ့အသုဘကို ဘယ်သူမှလိုက်ပို့နိုင်မှာမဟုတ်ဘူး ၊ ငါဟာ သုညဆိုတဲ့ဗလာကောင်မိုလို့ပဲ ၊ ဟုတ်တယ် ဒါပဲ ၊ မိုးဇက် သေတော့မယ် ဒီဇင်ဘာရဲ့ နောက်ဆုံးရက်မှာ “ ဟုတ် ” ကနဲ သေဆုံးတော့မယ် ၊ ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့မှာ မိုးဇက် သေပီ ၊
ခင်ဗျားကို ပြောတယ် ဒါဟာ ကဗျာမဟုတ်ပါဘူးလို့ ၊ ခုတော့ အဆုံးထိလဲ ခင်ဗျား ဖတ်လိုက်ရတယ် ၊ ဘာမှမဟုတ်တဲ့ကောင်အကြောင်း ဘာမှအကျိုးမရှိပဲ ၊ ဘာအတွက်မှ အချိန်ကုန်ခံပီး ဆက်မဖတ်နှင့်တော့ ဒါဟာ
က
        ဗျာ 

မဟုတ်ဘူး............................

                      ဒီဇင်ဘာနှင့်အတူ
ကြွေလွင့်သွားမယ့် 

မိုးဇက်ရဲ့ 

သေတမ်းစာ


မိုးဇက်



အဝါရောင်လမ်းနံပါတ် / ၁၂

အစ
 

မျှော်လင့်ခြင်းအနံ့အသက်တွေ
စွန်းထင်းနေတဲ့ ဒီလမ်းလေးမှာ
ချိန်းဆိုထားတဲ့ /၁၂/နာရီ
သူမအလာကို သူစောင့်မျှော်ခဲ့တယ်။

ဟုတ်တယ် သူ့အပေါ်ယုံကြည်ကိုးစား
ကြင်နာလွန်းလှတဲ့ သူမ လာကို လာမှာပါ ။

ဘယ်အချိန်ဆုံမယ်မှန်းမသိတဲ့ ဆုံမှတ်ကို
ယုံကြည်ချက်ဆိုတဲ့ ကျောထောက်နောက်ခံနဲ့
အတ္တဆန်စွာ သူကလည်းစောင့်မျှော်ခဲ့တယ်။

အလယ်
 

ဒီလိုနှင့်ပဲ ဒီလမ်းလေးမှာ
အရင်သုံးနှစ်လောက်ကပုံရိပ်တွေကို တူးဖော်နေတယ်။
သူရဲ့အတွေးထဲမှာ သူမရဲ့ပုံရိပ်တွေ
အပီအပြင်ကြီးကို ဖြတ်လျှောက်နေတာများ
ဖုန်းတထောင်းထောင်းထလို့ ။

အမှန်ဆို အရင်ကနွေးထွေးမှုကို တမ်းတတာမဟုတ်ဘူး
သံသရာခရီးတလျှောက် အမြှီးအမောက်တည့်စွာ
အမြဲတမ်း မခွဲတမ်းသွားချင်တာ ။
ဒီလိုနှင့်ပဲ
အချိန်ရဲ့လက်တံတွေ စီးမျောသွားတာများ ခြေသံလုံလှပါဘိ.........
သူတို့နှစ်ယောက်ကို စီးခံကာထား ကမ္ဘာခြားစေတဲ့
အတ္တလွှာ ပါးပါးအားခုတ်ထွင်ဖယ်ရှား
သူ့ရင်ခွင်ကြားသို့သူမလာမှာပါ ။

ဒီလိုပါပဲ သူကတော့မျှော်လင့်ချက်ကို
ယုံကြည်မှုခပ်များများနှင့် ရောသောက်နေရတယ် ။
ယုံကြည်ချက်နှင့် ရှင်သန်နေရတဲ့
အဲဒီကောင်လေးရဲ့ စိတ်အစဉ်ဟာ
ကြာလာတော့လည်း ယုံကြည်မှုကို ခိုင်မာလာအောင်
ယုံကြည်စွာတည်ဆောက်ရတာ ပင်ပန်းလွန်းရချည့် ။
 
အဆုံး
 

ဒါပေမဲ့လည်း.............အင်း
ဒီလိုနှင့်ပဲ............................
သူရဲ့ဘူတာလေးကို သူမမောင်းနှင်လာတဲ့
ရထားအမှတ် /၁၅၀၀/
မဆိုက်ရောက်ခဲ့ဘူး ။

မိုးဇက်
အရင်ဆိုက်ကတဲက ကဗျာပါ ခုမှတ်တမ်းတစ်ခုအနေနှင့်ပြန်တင်လိုက်တယ် ။ အစ်မ အိမ်ဂျယ်တို့ ၊ အစ်မ ဂျက်စမင်းတို့ ဖတ်ပီးသားပါ ။

ကာရံများသေဆုံးသွားသော ( ခေါင်းစဉ်မဲ့ ) ကဗျာ


အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ .
ခက်နက်နက်တူးထားတဲ့ အတွေးတစ်ခုကို
အငမ်းမရ ငုံ့ကြည့်လိုက်တော့
ဝူးးးးးးးးးးးးးးးးးး
ဘုရားသခင် ကယ်တော်မူပါ
ဘာမှလဲမမြင်ရပါလားးးး                  
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၁
ထုထည်ကြီးမားတဲ့ အလွမ်းတွေက
စကားတွေကို စွံ့အသွားစေတယ် ။            
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၂
မနိုးသောအိပ်ခြင်းနှင့် ထာဝရအိပ်စက်ပါရစေ
ထာဝရဘုရားသခင် ။             
ငြိမ်းချမ်းရာ လမ်းစတစ်ခုတော့
အကျွန်ုပ်အား တိုးတိုးလေးပြောပြခဲ့ပါ ။            


အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၂
ချစ်သူ ငါယုံပါရစေ ၊
နင့်ချစ်ခြင်းတစ်ခုလောက် ကျကျနန
ငါ့ဆီသွန်ချလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
ချစ်နေပါတယ်ဆိုတဲ့ အသိအမှတ်တစ်ခုလောက်
ငါ့ရင်ခွင်ကို ဖြန့်ခင်းလိုက်ပါ ။
ချစ်သူ ငါယုံပါရစေ ၊
အရိုးသားဆုံး ရင်ဘက်တစ်ခုကိုဖောက်ချလိုက်မယ်
နင် ငါ့ကိုချစ်နေပါလားဆိုတဲ့
ယုံကြည်မှုတစ်ခုနှင့် ငါ့ဘဝကို
ရွက်လွင့်ချင်လို့ပါ ။             
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
ကံကြမ္မာက ကိုယ့်ဘက်ကို ဓါးသွားလှည့်ပီး ကမ်းပေးရင်
ကိုယ်က ဓါးနှောင့်ဖက်ကိုလှည့်ယူရပေမယ့်
ခင်ဗျားကိုပေးတဲ့ဓါးက ရမ်းနေတဲ့ဓါးရှည်ဆို
................................
ခတ်ပီ ။            
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၃
အိပ်မပျော်ခြင်း အိပ်ပျော်ခြင်းဆိုတဲ့ကိစ္စက
စိတ်ရဲ့စေရာဆိုပေမင့်
ခုများတော့ နှလုံးသားရဲ့စေရာအတိုင်း
အိမ်လို့မရစွာ ငါ့အာရုံတွေ မင်းဆီမှာပဲရစ်ဝဲလို့
ပုံမှန်မဟုတ်ပဲ မှောက်မှားနေတယ် ။                
အခန်း ၊ ၁ ၊ နာကျင်မှု အပိုဒ်ခွဲ . ၎
မောလျှတဲ့ ဘဝမှာ
မင်းအနမ်းတစ်ပွင့်လောက်ငါ့ဆီခြွေခဲ့ပါ
အိမ်မက်တွေ လန်းစွင့်ချင်လို့……………
အခန်း ၊ ၁ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၎
ပင့်သက်တစ်ခုကို လှိုက်ခနဲ ဆွဲချကြည့်တယ်
ခါးတယ် ။               
ကြိုတင်ကြံစီမှုမရှိပဲ အနာဂတ်ကိုလှပ်ကြည့်လိုက်တယ်
မှောင်တယ် ။               
ဘုရားသခင်ထံ ခွင့်မတောင်းပဲ
ယုံကြည်မှုကို တည်ဆောက်ကြည့်တယ်
ဗလာ ။             
ချစ်သူထံ ခွင့်မတောင်းပဲ ရင်ဘက်တွေကို
ဆေးချယ်ကြည့်တော့
အို ...........
မှိုင်းညို့လို့ အထီးကျန်ဆန်လိုက်ပုံများ
ကောင်းကင်ပြင်မှာ အပြာရောင်ကိုမရှိဘူး ။             
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၁
အညတရ
အညတရတောင်မှ
ဥုံးနှောက်ထဲမှာဘာမှမရှိတဲ့ အညတရ
အိပ်ကပ်ထဲမှာဘာမှမသိမ်းဆည်းနိုင်တဲ့ အညတရ
အနာဂတ်တွေ ဟင်းလင်းပွင့်နေတဲ့ အညတရ
အညတရရဲ့နောက်ကိုဘယ်သူမှ ခိုလိုက်လာလို့မရသလို
ဘယ်လိုမှလဲ အသုံးပြုဖို့မစဉ်းစားကြနှင့်
ချစ်သူမင်းလဲ ငါ့ရင်ထဲက ဆုတ်ခွာတော့ ။              
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၁
အလွမ်းတွေကို ကိုယ့်ဘာသာ
သောက်မြိုနေရတာ နင်တယ် ။
အချစ်တွေကို ကိုယ့်ဘာသာ
မျိုးပွားနေရတာ လက်ပန်းကျတယ် ။
မောတယ် နင့်ကိုချစ်နေရတာ မောတယ် ။
ပင်ပန်းတယ် မင်းမသိအောင် တယုတရတွေ
မြတ်နိုးရတာ ငါ............
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၂
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
ယုံကြည်ချက်ကို ရွတ်လွင့်လို့
ဘဝတစ်ခုကို ဆွဲဆန့်ခွင့်ပေးပါ ဘုရားသခင် ။              
ချစ်ခြင်းတရားတစ်ခုကို အပ်ကျမက်ကျ
သောက်သုံးခွင့်ပေးပါ ဘုရားသခင် ။                
မျောလွင့်ခွင့်ပေးပါ ဘုရားသခင်
တုန်လုပ်မှုတွေ ချုပ်ငြိမ်းအောင်
.................
မျောလွင့်ခွင့်ပေးပါ ဘုရားသခင် ။
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၂
ဘဝတစ်ခုလုံးမှာ ငါမင်းကိုပဲ ချစ်ခဲ့တယ် ။
ဘယ်သူမှ မချစ်နိုင်တဲ့ချစ်ခြင်းများနှင်
တလွလွ ဖြူဖြူစင်စင်ချစ်ခဲ့တယ် ။
ဒါပေမယ့် မင်းစိတ်ထဲမှာတောင် ငါ့နာမယ်မရေးထိုးထားတော့
ငါနှလုံးခုံသံတွေ ခေါက်သိမ်းလိုက်မယ် ချစ်သူ ။                
အခန်း ၊ ၂ ၊ နာကျင်မှု အပိုဒ်ခွဲ . ၃
အချစ်တစ်ခုကို ပြစ်ပြစ်ခါခါ ကြေးတင်ပီး
ဘဝတစ်ခုနှင့် မိုက်မိုက်မဲမဲ လောင်းကြေးထပ်လိုက်တယ်
ရလဒ်တစ်ခုကို ခပ်ရဲရဲ ဖောက်ဖတ်ကြည့်လိုက်တော့
.....................................
ဗလာ
အခန်း ၊ ၂ ၊ ခံစားဝေသီမှု အပိုဒ်ခွဲ . ၃
ထိလွယ်ရှလွယ် ငါ့နှလုံးသားကို
မပုတ်ခတ်ပါနှင့် ။             
ကျလုကျခင် ငါ့ဘဝကို
ပုတ်မချပါနှင့် ။             
မင်းရဲ့အပြစ်အနာဆာမှန်သမျှ
ငါမျက်ကွယ်ပြုထားတယ်
ကျေးဇူးပြုပီး .................
ငါ့အနာဂတ်ကို မီးလောင်တိုက်မသွင်းလိုက်ပါနှင့် ။            

အခန်း ............ ၊ ............. ( ဇာတ်သိမ်း )
ကြယ်အကြွေကိုဆောင့်နေရတာ ငါမောတယ် ၊
ကိုယ့်ဘာသာပဲ လောင်ကျွမ်းပြာကျလိုက်တော့မယ် ၊
ဒါပေမယ့် ငါ့ဝိဥာဉ်တော့ သန့်ရှင်းသွားပါရစေ ။             
 
မိုးဇက်
 

နက်ဆိုး(Demon) နှင့် ဆေးကျောင်းသား


                       တစ်နေ့က နက်ဆိုး(Demon) ဘော်ဒါဆီအလည်သွားတယ် ။ ၈၇ လမ်း မှာနေတဲ့ ဒေါက်တာထူးမြင့်ဆီကိုပါ ။ ဒီကောင်ကြီးကလဲမိန်းမရပီးမှ ကိုယ်တွေဆီကိုမလာတာ အတော်ကြာတော့ သတိတရသွားတာပါ ။ ဘာရယ်မဟုတ်ပါဘူး သူကျောင်းတတ်တုန်းကတော့အမြဲလိုလို တွဲဖြစ်တဲ့ဘော်ဒါတွေပေါ့ ။ နက်ဆိုးက ဒီလိုပဲလမ်းကြုံတဲ့လူကို ပေါင်းတာဆိုတော့အဟီး ။
အိမ်ရှေ့ရောက်တော့သူ့မိန်းမကို အခန့်သားတွေ့တယ် ။
“ဟဲ့ နင့်ယောက်ျားငါ့သယ်ချင်း ဒေါက်ချာ ငထူး ရှိလား ”
“အပြင်သွားတယ်၊ ခဏနေပြန်ရောက်မယ် ၊ လာအထဲဝင်လေ ”
                     နက်ဆိုးလဲလာနေကျဆိုတော့ သူ့မိန်းမနှင့်လဲ ခင်နေတော့ ကိုယ့်ကို ဧည့်ခန်းထဲဝင်ခဲ့ဖို့ခေါ်တယ် ။ဧည့်ခန်းထဲမှာ လူငယ်တစ်ယောက်နှင့် သူ့မိန်းမက စကားပြောနေတယ်ဗျ ။ ကောင်လေးက လူရည်သန့်လေးပါ။ နက်ဆိုးကလဲ ကောင်လေးဘေးမှာဝင်ထိုင်လိုက်တယ် ။
“နင်ဘယ်ကလှည့်လာတာလဲ”
“ဒီကိုပါပဲဟာနင့်ငထူးမတွေ့တာကြာလို့ လာတာပါ ”
“အေး ၊ ခဏနော်ငါဟင်းချက်ရင်းတန်းလန်းမို့ ၊ ထမင်းစားပီးမှ ပြန်ပါ့လား ”
“ဟင်းကောင်းရင်စားသွားမယ်”
                     အဟဲ ရုပ်တည်ပဲ၊ အခွက်ကလဲပြောင်တယ် ၊ တစ်ကယ်လဲကောင်းရင်စားသွားမှာ ။
“အေး ၊ ဒါနှင့်သူ့နာမည်က ကျော်ထူးတဲ့ ၊ သူလဲ နင့်သယ်ချင်းကိုဆောင့်နေတာ ၊ နင်တို့စကားပြောနှင့် ငါထမင်းသွားချက်လိုက်အုံးမယ်”
                      သကောင့်သားမိန်းမကပြောပီး ဆောင့်ငင့်ဆောင့်ငင့်နှင့်မီးဖိုချောင်ဖက်ဝင်သွားတယ် ။ နက်ဆိုးလဲ ရှေ့စားပွဲပေါ်ကဆေးကျောင်းထုတ် ကျမ်းမာရေးစာဆောင်ကို ယူဖတ်နေလိုက်တယ် ။ အတော်ကြာတော့ ကောင်လေးက စကားပြောဖော်စရှာတယ်။
“ဆရာက ဆရာထူးတို့နှင့် Batch (Batch = ကျောင်းတတ်တဲ့နှစ် တူတာကိုပြောတာပါ) အတူတူလား ”
“ အာ………………ဘယ်ကလာ၊ ကိုက ဆရာဝင်မဟုတ်ပါဘူး ”
“အော် ”
                       ကောင်လေးကနက်ဆိုးစာဆောင်ကို ရုပ်တည်ကြီးနှင့် သိသလို တတ်သလို ဖတ်နေတာကို အထင်ကြီးပီးမေးနေတာ ။ ပီးတော့ “အော် ” ဆိုပီး နက်ဆိုးကိုစိတ်ဝင်တစားကြည့်နေတာ အသေအချာကြီးကို ။ နက်ဆိုးလဲ စာအုပ်ကိုစားပွဲပေါ်ပြန်တင်ပီး
“ဆေးပညာဟာအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ကွ ”
                       နက်ဆိုးကအဲလိုပဲကိုယ့်ကိုအထင်တကြီးရှိလာပီဆို လွတ်တော့တာ (လေ) ။ ကောင်လေး မျက်လုံး တောက်တောက်လေးနှင့်နားထောင်နေတယ်။
“ဟုတ်ကဲ့”
“ ဒါနှင့်ငါပြောရအုံးမယ်ကွ၊ မင်း ယုံ တွေအကြောင်းကိုသိလား ”
“အင် ဘာပြောတာလဲ”
                      ကောင်လေးကနက်ဆိုး အရင်းမရှိ အဖျားမရှိ ပြောလိုက်တဲ့စကားကို နားမလည်ဘူး နဝေတိန်တောင်နှင့်ပြန်မေးတယ်။
“အော် ………ယုံ ဆိုတဲ့သတ္တဝါကို ဆေးပညာဆိုင်ရာ လေ့လာတွေ့ရှိမှုအကြောင်းပါ ”
“ဟုတ် ၊ ပြောအစ်ကိုဘာတဲ့လဲ ”
“ သူတို့ရဲ့Digestive tract (အစာအိမ်လမ်းကြောင်း) က လူနှင့်အတော်ဆင်တူတယ်ကွ”
“ ဟင် ၊ ဟုတ်လား ၊ ဘယ်လိုတူတာလဲဗျ ”
ကောင်လေးမသိနားမလည်သော အကြောင်းအရာကြောင့် စိတ်ဝင်စားစွာ စကားထောက်ပေးတယ် ။
“ အင်း………..သူတို့ရဲ့ Esophagus လို့ခေါ်တဲ့အစာရေမြို ၊ Stomach လို့ခေါ်တဲ့အစာအိမ် ၊ Intestine ဆိုတဲ့ အူအပိုင်းတွေ ၊ Rectum & Anus လို့ခေါ်တဲ့ စွန့်ထုတ်အင်္ဂါအပိုင်းတွေက အတော်ဆင်တယ်ကွ။ ပီးတော့အဲ့ဒါတွေရဲ့လုပ်ဆောင်မှုအပိုင်းတွေလဲ အတော်ဆင်တူတယ် ”
“ ဟုတ်ကဲ့”
“ ဒါပေမယ့်ယုံ တွေမှာတစ်ခုထူးခြားတာက ”
                       နက်ဆိုး ဆက်မပြောသေးပဲကောင်လေးကို စိုက်ကြည့်လိုက်တယ် ။ ကောင်လေး စိတ်အားထက်သန်စွာ နားထောင်နေတာတွေ့တော့ ကျေနပ်စွာပြုံးလိုက်ပီး၊
“…………..အရွတ်စိမ်းတွေ၊ မြတ်တွေပဲစားကြတော့ ၊ Digestion ကိုတစ်ခါထဲအပီးမလုပ်ဆောင်နိုင်ဘူး Stomach ကအစ ၊Rectum ပိုင်းအဆုံး ။ သူတို့စားတဲ့ဟာတွေကို သူ့ရဲ့ Appendix လို့ခေါ်တဲ့ အူအတတ်လေးကလူတွေထက်ရှည်တယ် ၊ လူတွေမှာက ရှိတယ်ဆိုရုံပဲ ၊ အဲ …. အဲ့အထဲမှာသိမ်းထားတယ် ။ နောက်မှမစင်အဖြစ်စွန့်ထုတ်ပီး ပြန်စားတယ် ”
“ဘယ်လို ….ဘယ်လိုအစ်ကို ၊ ကျွန်တော်နားမလည်ဘူး ”
“ အော် ……ဒီလိုကွ ၊ သူတို့က ပထမ ဥပမာ မြတ်တွေကိုစားလိုက်တယ်ကွာ ၊ အစာအိမ်ထဲရောက်တယ် ၊ ချေဖြတ်တယ်၊ နောက် အစာအိမ်အောက်ခြေမှာရှိတဲ့ အူအတတ်လေးထဲကိုထည့်သိမ်းထားတယ်ကွ ၊ ပီးတော့ ညအချိန်ရောက်ရင်မစင်အဖြစ်ပြန်စွန့်တယ်ကွာ ၊ ပီးတော့ အဲ့မစင်ကိုပဲ ပြန်စားပီး ၊ ကျန်ရှိနေသေးတဲ့ အဲ့အထဲကအဟာရတွေကို Digestive system တွေက စုပ်ယူတယ် ၊ သူတို့ရဲ့ အစာခြေဖျက်မှုစစ်စတန်က အားနည်းလို့ဒီလိုဖြစ်သွားတာကွ ”
“ ဟင် ၊ ဟုတ်လားဗျ၊ အင်း……. အင်း…………. ဆေးပညာရဲ့ ရှာဖွေတွေ့ရှိမှုတွေက စိတ်ဝင်စားစရာပဲဗျ ”
“အေးကွ ပီးတော့……..”
                        စကားတောင် ဆုံးအောင် မပြောလိုက်ရသေးဘူးသကောင့်သားမိန်းမက ဧည့်ခန်းထဲ ရောက်လာတယ် ။
“ အေးဟယ်၊ ထူးမြင့်ကလဲ ခုထိပေါ်မလာသေးဘူး ၊ သွားလိုက်ရင် ဆူဋလိပ် ရေထဲလွတ်လိုက်သလိုပဲ တော်တော်နှင့်ပေါ်မလာဘူး”
                        ဆိုပီး သူ့ယောက်ျားကိုဂုဏ်တွေဒပ်တွေတပ်ပီးမေတ္တာပို့နေတာ ၊ ပီးမှ
“ ကျော်ထူးလဲသူ့ကိုဆောင့်နေတာ ၊ သူက တတိယနှစ်စာမေးပွဲအတွက် ထူးမြင့်ဆီမှာ စာလာမေးတာ ၊ ဆောင့်နေတာကြာပီ ”
                        နက်ဆိုး မျက်လုံးအတောင့်လိုက် ပြူးသွားတယ်၊ သကောင့်သား မိန်းမ ပြောတဲ့စကားကြောင့် ၊ ဒါနှင့် ထိတ်လန့်တကြား ထမေးလိုက်တယ် ။
“ ဟင်…… သူကဆေးကျောင်းသားလား ”
“ဟုတ်တယ်လေ၊ ခုတတိယနှစ်ကို Supply ( ကျသောကြောင့် ကျတဲ့ဘာသာကိုပြန်ဖြေခြင်းကိုခေါ်သည် ။) ထိလို့လေအဲ့ဒါ ထူးမြင့် ဆီမှာ စာလာမေးတာလေ ၊ နင်ကလဲ အလန့်တကြား ဘာဖြစ်လို့လဲ ”
                နွားရှေ့ထွန်ကျူးလို့ကျတဲ့ချွေးသီးချွေးပေါက်များလို ၊ မျက်ဖြူစိုက်သွားသော နောင်တတွေနှင့်
“ ဟိုလေ ………..အဟီး ………… ဘာမှမဟုတ်ပါဘူး ”
“ ဟိုလေ…………ဝင်စရာလေးရှိလို့ ဒိုးလိုက်အုံးမယ် ”
“ဟင် ၊ နင်ထူးမြင့်ကို မဆောင့်တော့ဘူးလား ”
“ ဟို………အဟီး………… မဆောင့်တော့ဘူး ၊ ဒီကောင်လာရင်သာ ငါလာသွားတယ်လို့ပြောလိုက် ၊ ညကျတော့လဲငါသူ့ဆီကိုဖုန်းဆက်လိုက်ပါ့မယ် ။ အခုတော့ လစ်ပီ ……….. အဟီး ”
                     သကောင့်သားမိန်းမချက်တဲ့ထမင်းလဲမစားဖြစ်တော့ဘူး ၊ ဆက်ထိုင်ရမှာလဲ အတော်စတွန့်သွားတယ် ၊ နောက်ကျောလဲကိုယ့်ဘာသာမလုံ၊ စပ်ဖြဲဖြဲ ရှက်ကန်းကန်းနှင့် ဆိုင်ကယ်ဦးထုတ်ကောက်ဆောင်းပီး တစ်ချိုးထဲထလစ်လာတာမှုံနေတာပဲ ။


နက်ဆိုး( Demon )