တစ်နေ့မှာ
ဟုတ်ပါတယ် ရာသီဥတုတွေ မထင်မှတ်ပဲညို့ကျသွားတဲ့နေ့ပေါ့ဗျာ ။ ကျုပ်ပြောချင်တဲ့ စကားလုံးတွေ အစရှာမရတဲ့နေ့ ။
" ညီလေး ခဏလိုက်ခဲ့ပါ ''
ခပ်တည်တည်ပါပဲ ။ ကျွန်တော်လဲ ခပ်တည်တည်ပါပဲ ။ အံ့သြဖို့ကောင်းလောက်အောင်ထိပ်ပြာမှုမရှိပဲအေးရာအေးကြောင်း တည်ငြိမ်နေမိတာ ကိုယ့်ကိုကိုယ်တောင် အံ့သြယူရ ။
အခန်း ။ ။ နံရံတွေပြည့်လျက်ခတ်ထားတဲ့ အခန်း ။ အခန်းတော့ အခန်းပဲ ပူလောင်မှုတွေ မြိုက်နေတဲ့ အခန်း ။ ဘာသာရေးမဲ့ဇုန်ထဲမှာ ကိုယ့်အပူနှင့်ကိုယ် ဖြေသိမ့်စကား ထိုင်ပြောနေတဲ့အခန်း ။ တချက်တချက်ကြိတ်မနိုင်ခဲမရ အသံတိတ် " တောက် " ခတ်လို့ မျက်ရည်တွေလေထဲသွန်ချနေတဲ့ အခန်း ။ ခြောက်ခြားထိတ်လန့်ဖွယ် အိမ်မက်ဆိုးတွေ ညတိုင်းမက်ခွင့် ပေးတဲ့အခန်း ။ ကိုယ်သွေးကြောတွေ ပုံမှန်လည်ပတ်ဖို့အောက်ဆီဂျင် အငန်းမရလုရှုနေရတဲ့အခန်း ။ ကျောနံပါတ် L-1-17 ကိုခပ်ထည်ထည်ဝတ်ဆင်ပြီး အေးစက်စက်လက်တွေနှင့် ကျွန်တော့ကိုဆီးကြိုတယ် ။
" ဟိုင်း ....... ကောင်လေး ကြိုဆိုပါတယ် "
ပြောဟန်ဆိုဟန်ကတော့ လှိုက်လှိုက်လှဲလှဲပေမယ့် လျာဖျားနှင့် ခတ်ပြီးပြောလိုက်တဲ့ စကား ။ ပြီးတော့ သူ့စကား သံထဲမှာ တုန်လှုပ်သွေ့ခြောက်နေတဲ့ အရိပ်တစ်ခု ကပ်ပါနေတယ်ဆိုတာ အလိုလိုသိလိုက်တယ် ။ ဘယ်လိုတုန့်ပြန်ပြောရမလဲဆိုတာ ဆုံးဖြတ်ရခတ်စွာ ကျွန်တော်စိုက်ကြည့်နေမိတယ် ။
xxxxxx xxxxxxx xxxxxxx
အခန်းရဲ့ အလယ် မျက်နှာ မှိန်ပြပြ မီးတစ်ပွင့် ထွန်းထားတယ် ။ကျွန်တော်လဲ ရည်ရွယ်ချက်မဲ့ အလင်းရောင်အောက်မှာ ဝင်ထိုင်လိုက်တယ် ။ အောက်ကကြမ်းပြင်အေးစက်စက်က စိုထိုင်းထိုင်းဖြစ်နေပေမယ့် ဒီနေရာလေးက အလင်းရောင်ရှိပါတယ်လေ ဆိုတဲ့ အတွေးနှင့် ထိုင်ဖြစ်လိုက်တာပါ ။ ဘာရယ်တော့ မဟုတ်ဘူး ။ မောနေတဲ့ စိတ်ကိုအသာဖြေဖို့ မျက်လုံးကို မှိတ်ပြီး နောက်က နံရံကိုမှီချလိုက်တယ် ။ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးတယ် ။ ငါမှန်နေတာပဲ ....... ငါဘာမှမမှားခဲ့ဖူးလေ ...... ဒါဆိုဘာလို့ ငါဒီအခန်းထဲ ရောက်လာရတာလဲ ။ အဓိပါယ်မဲ့လိုက်တာကွာ ။ အင်းလေ ဒါက ခေတခဏပါ ။ ဟို ခပ်ရွတ်ရွတ်စာရေးဆရာ တစ်ယောက်လိုပြီးသွားတော့လဲ အောက်ဆုံး မှတ်ချက်မှာ " ခေတ အခန်း ထဲ " ဆိုပြီး ရေးချလိုက်ရုံပေါ့ ။ ငါဘာမှ မမှားခဲ့ဖူးလေ .... ငါလုပ်ခဲ့တာ ငါ့မေမေနှင့် ငါတို့မိသားစု ဂုဏ်သိကာ အတွက်လုပ်ခဲ့တာပဲ ။ အတတော့ နည်းနည်းရှင်းတယ်ဆိုပေမယ့် အဖြူရောင် အတ လေးတစ်ခုပါပဲ .. ကိုယ့်ကိုကိုယ် ဖြေသိမ့်တွေးလိုက်တယ် ။ မျက်လုံးကိုမှေးလို့ အားရပါးရစိတ်ကို ဖြေလျော့ချလိုက်တယ် ။ စိတ်းအနားသပ်တွေ တည်ငြိမ်စပြုလာမှ အခန်းထဲကို မျက်လုံး တစ်ချက်ဝေ့ကြည့်လိုက်တယ် ။ ခပ်ဖျော့ဖျော့ လင်းနေတဲ့ မီးရောင်လေးက အခန်းဒေါင့်တိုင်းရဲ့ အမှောင်ကိုဖြောက်မပေးနိုင်ဘူး ။ ကျွန်တော်တစ်ယောက်ထည်းရှိနေပါလား ဆိုတဲ့ အတွေးတစ်ချက်ကြောင့်ဖြောင်းခနဲ ရင်ဝကိုဆောင့်ဝင်လာတယ် ။ ချက်ခြင်းကြီး ကိုယ့်စိတ်နှင့်ကိုယ် အားငယ်သွားတယ် ။ ဘယ်ပြန်ညာပြန် ရှာကြည့်တယ် ။ ဘာကိုစိုးရိမ်မှန်းမသိ စိုးရိမ်စိတ်တွေပဲ လက်ထဲ ပြုတ်ပြုတ်ကျလာတယ် ။ မထူးတော့ဘူး ကျွန်တော် တွေးမိတာတွေ ဖြည်ချလိုက်တယ် / လွတ်ချလိုက်တယ် ။ ပြန်ငြိမ်သက်သွားတယ် ။ အသက်ကို ခပ်မျှင်းမျှင်းရှု ...... စိတ်ဗလာကျင်းလိုက်တယ် ။
xxxx xxxxx xxxxxx
" ကောင်လေး နေသာထိုင်သာရှိရဲ့လား "
အသံတစ်သံ ကျွန်တော့ရှေ့မှာ ပေါ်လာလို့ ဖြတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်တယ် ။ မေးရိုးကားကား အသားခပ်လတ်လတ်နှင့် အသက် ၃၅ ဝန်းကျင်ခန့် လူတစ်ယောက် ခပ်ပြုံးပြုံးစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ် ။ မျှော်လင့်ချက်တွေလက်ခနဲနေအောင် နှုတ်ခန်းဒေါင့်ချိုးတွေကွေးနေတဲ့အထိ သူ့ကို ပြန်ပြုံးပြလိုက်မိတယ် ။ ငါတစ်ယောက်ထဲ မဟုတ်ပါလား .....
" ဒီလိုပါပဲဗျာ .... ကျွန်တော်တစ်ယောက်ထဲ ရှိတယ်မှတ်လို့ အားငယ်နေတာဗျ ။ ဘရားသားကိုတွေ့လိုက်တော့ အတော်အားရှိသွားတာဗျ "
ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ကျွန်တော့ရှေ့ မျက်နှာခြင်းဆိုင်ဝင်ထိုင်လိုက်တယ် ။ ပြီးတော့ ကျွန်တော့ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ပြီး
" တခြားလူတွေလဲ ရှိတယ်ကွ "
ဘေးဘီဝဲယာ အမှောင်ထဲကို မျက်လုံးဝေ့ကြည့်လိုက်တယ် ။ ဘယ်နှစ်ယောက်လဲလို့ မေးမလို့ ပြင်နေတုန်း
" လူကတော့ ငါလဲ အတိအကျ မသိဘူးကွ ။မင်းနောက်တော့ တွေ့ပါလိမ့်မယ် "
မရေရာအဖြေနှင့်အတူ အမှောင်ထဲကို စိတ်ရှုပ်ထွေးစွာ တစ်ချက်စိုက်ကြည့်လိုက်တယ် ။ ပြီးတော့ ကျွန်တော့ကို လှည့်မေးတယ် ။
" ကောင်လေး . ..... မင်းက ဒီအခန်းထဲကို ဘယ်လိုရောက်လာတာလဲ ? "
" ကျွန်တော် ကိုယ်တိုင်ကို ဘယ်လိုရောက်လာမှန်း မသိဘူးဗျ "
" ခတ်တယ်ကွာ . ဒီအထဲက အဝင်လွယ် အထွက်ခတ် ကွ "
ခပ်လေးလေးပြောပြီး နည်းနည်းငိုင်သွားတယ် ။
" ဒီကနေ ထွက်သွားနိုင်မယ့်နည်းလမ်းလေး မရှိဘူးလားဗျ ။ တနည်းနည်းတော့ရှိမှာပါ "
ကိုယ့်မျှော်လင့်ချက်နှင့် ယုံကြည်ရာကို ကျွန်တော်ကမူးရူးထိုး ပြောလိုက်ပေမယ့် သူက ဆုံးဖြတ်ရခတ်တဲ့ မျက်လုံးတွေနှင့် ကျွန်တော့ကို စိုက်ကြည့်တယ် ။
" ဘာလုပ်မှာလဲကွာ အကြာကြီး မနေရပါဘူး ။ ခေတ တဖြုတ်လေးပါ ။ ဒီအခန်းကလဲ မင်းကို အကြာကြီးပေးမနေပါဘူး ။ စိတ်သက်သာသလို နေစမ်းပါ "
တခြားအကြောင်းရာပြောစရာ မရှိသလိုမျိုး ။ မပြောချင်တော့သလိုမျိုး ကျွန်တော့ ရှေ့တည့်တည့် အမှောင်ထဲကို ထထွက်သွားတယ် ။ နောက် ထိုင်ချလိုက်တဲ့ အသံသဲ့သဲ့ကြားလိုက်ရတယ် ။ ခနအကြာမှာ သူ့ခြေထောက်ဆန့်ထုတ်လိုက်သံကြားရပြီး ခြေထောက်ကြမ်းကြမ်းတစ်ဖတ် ခပ်မှိန်မှိန်မီးရောင်နှင့် အမှောင်ထု စပ်ကြားကိုတိုးဝင်လာတယ် ။ ပြန်လည်တိတ်ဆိတ်သွားသော အခန်းကို ကျွန်တော် တစ်ချက်ဝေ့ကြည့်လိုက်တယ် ။ကျွန်တော့ထိပ်တည့်တည့်က မီးရောင်ဖျော့ဖျော့ရဲ့ သုံးပေပတ်လည် အလင်းရောင်ရယ် ၊ ရှေ့တည့်တည့်က ခပ်ဝါးဝါးသာတွေ့ရတဲ့ သူ့ခြေထောက်တစ်ဖတ်ရယ်နှင့် ကျန်တာမှောင်အတိ ၊ အခန်းဟာ သူ့ကိုသူ အမှောင်နှင့် ကြိုးဆွဲချခံလိုက်ရသလိုမျိုး တိတ်ဆိတ်မှုက ကြောက်လန့်စရာ ။ အခန်းဟာ လူတစ်ချို့ကို အပြစ်ပေးရင်း ပြစ်ဒဏ်ခံသွားရသူတွေရဲ့ သွေးပျက်ချောက်ခြားမှုတွေဟာ သူ့ခနာကိုယ်မှာ ခဝါချွတ်လို့မရအောင် နံစော်လို့ ။
တဖြည်းဖြည်း ကျွန်တော့ကျောရိုးစိမ့်တတ်လာသလိုမျိုး တချက်ခံစားရပြီး အမှောင်ထုထဲကနေ မမြင်ရသော အားငယ် ထိတ်လန့်မှုက ငယ်ထိပ်ကနေ စိမ့်ဝင်လာတယ် ။ ကျွန်တော်သေသွားနိုင်လား ? ဒီလိုတော့ မသေနိုင်ပါဘူး ။ ငါ့အသက်လမ်းကြောင်းကို ငါဖတ်တတ်ပါတယ် .. အဟက် ။ ဒါဆိုဒီအခန်းရဲ့ အမျိုးအမည်မသိရတဲ့ အင်အားတစ်ခုက ငါ့အနာဂတ်ကို ဖြတ်ဆီး ပြစ်လိုက်မှာလား ? ဒါဆိုရင်တော့သွားပြီ ။ ငါ့အနာဂါတ် ပျက်ဆီးသွားရင်တော့ ကုန်ပြီ ။ အနှစ်နှစ်အလလ မပျက်မက်ခဲ့တဲ့ အိမ်မက်တွေ ။ မျှော်လင့်ချက်တွေနှင့် မက်ခဲ့ရတဲ့ အိမ်မက်တွေ ။ ဆိုးရိမ်ထိတ်လန့်မှုက အတောမသက်လှိမ့်ဝင်လာတယ် ။ နောက် ကျွန်တော် အသက်ရှုရခတ်ခဲလာပြီး ဟိုက်ကျသွားတယ် ။ ကျွန်တော် ဘာကိုမှ မတွေးနိုင်တော့ဘူး ကိုယ့်အသက်ရှုနှုန်း ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားရင်း ။ အောက်ဆီဂျင်ကို အငမ်းမရ လုရှုရင်း ။ ကိုယ့်စိတ်ကို ကိုယ်ငြိမ်အောင် ထိန်းရင်း ကျွန်တော် မေ့ခနဲ ဖြစ်ပြီး လောကကြီးနှင့် အဆက်အသွယ် ပျက်သွားတယ် ။
xxxxx xxxxx xxxx xxxxxxx
တရားရုံးရဲ့ ရှေ့ဆုံးမှာ တရားသူကြီးက ငြိမ်သက်စွာထိုင်နေတယ် ။ ဘယ်သူက ဘယ်သူ့အတွက် အရေးကြီးနေမှန်း မသိအောင် တစ်ယောက်နှင့် တစ်ယောက် အကဲခတ်ရင်း စိတ်ငြိမ်နေများ အေးစက်မာကျောလို့ ။ ကျွန်တော်က တရားခံတွေထားတဲ့ ဝက်ခြံလေးထဲမှာ ။ ကျွန်တော်ဘေးမှာလဲ ကျွန်တော့လိုလူလေးရောက် ဝက်ခြံထဲမှာ ။ ကျွန်တော် သေခြာကြည့်မိတော့ ဟိုးဘက်အစွန်ဆုံးက ကျွန်တော်သိတဲ့တစ်ယောက်ဖြစ်နေတယ် ။
" ရှုး ........... ရှုး ........ "
အသံတိုးတိုးနှင့်လှမ်းခေါ်တယ် ။ မကြားဘူး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုတွေညို့နေပြီး သူ့မျက်လုံးက သူ့အတွေးထဲစိုက်ကြည့်နေတာများ မှုန်လို့ ။ ခေါ်မကြားတာနှင့် လက်တို့ခေါ်ဖို့ ကျွန်တော့ လက်တစ်ဖက် မြောက်လိုက်တယ် ။
" ချွန် ..... ချွန် ....... ချွန် "
ဆိုတဲ့ အသံနှင့်အတူ လက်က လမ်းခုလတ်မှာပဲ ရပ်သွားတယ် ။ ကျွန်တော့လက်ကို ကျွန်တော် အံ့သြတကြီး ပြန်ကြည့်လိုက်တယ် ။
" ဟင် ... .....! "
လက်ထိပ် ............ ၊ လက်ထိပ် . ..... ၊ ဒီလက်ထိပ်ကြီးက ဘာလို့ ငါ့ကိုခတ်ထားတာလဲ ၊ ငါဘာလုပ်မိလို့လဲ ? ငါ ...... တစ်ခုခုတော့မှားနေပြီ ၊ အကြီးအကျယ်မှားနေပြီ ။ ငါမမှားဘူး ...... ငါမမှားခဲ့ဘူး ငါအပြစ်မလုပ်ခဲ့ဘူး ။ ကျွန်တော် တစ်ခုခုပြောဖို့အားယူလိုက်တယ် ..... ပါးစပ်ဟလိုက်တယ် ။ဘာသံမှ ထွက်မလာဘူး တိုးတိုးလေးတောင်မှ....................
အဲဒီအချိန်မှာပဲ ရှေ့နေမလေးတစ်ယောက်က ထပြောတယ် ။လက်ထဲက စာရွက်ကြည့်ပြီး
" အဖ အမည် ဦးနောင် ၊ နာမည် မောင်မိုးဇက် သည် .................. ဥပဒေဖြင့်ငြိစွန်းသော ...................လမ်း ၃၀ x ၇၄ လမ်းဒေါင့်တွင် ဖမ်းဆည်းရမိ ၊ ......................... မောင်မိုးဇက် ဝင်ခံပါသလားရှင် "
သူမ ဖတ်ပြသည်တို့ ကြားတစ်ချက် မကြားတစ်ချက် ၊ တစ်ခုခုတော့ လွဲနေပြီ ။ မဟုတ်သေးဘူးလေဗျာ ။ ဒီပုဒ်မတွေလဲ ကျွန်တော် မကြားဘူးဖူး ၊ ငါလုပ်ခဲ့သလား .............ကိုယ့်ကိုကိုယ် ပြန်စဉ်းစားတယ် ၊ ဟင့်အင်း ..... ..............
ရှေ့နေမလေးမှ နဝေတိမ်တောင်နှင့် ဇောချွေးပြန်နေသော ကျွန်တော့ကိုကြည့်ပြီး စိတ်မရှည်သောလေသံဖြင့်
" တရားခံ မောင်မိုးဇက် ၊ ဝင်ခံပါသလား ရှင် "
ကျွန်တော် ထွက်ပေါက်ပိတ်နေတယ် ။ ထူပူလာတဲ့ခေါင်း ဇောချွေးတွေ တပြိုက်ပြိုက်ကျလာပြီး ယောင်နနဖြင့် ကျွန်တော် ခေါင်းငြိမ့်လိုက်တယ် ။ ဘယ်လို လုပ်ရမလဲ ???????
ရှေ့နေမလေးမှ သက်ပြင်းတစ်ချက်ချပြီး ကိုင်ထားတဲ့ဖိုင်အား တရားသူကြီးဆီကို တရိုတသေလှမ်းပေးလိုက်တယ် ။ တရားသူကြီးမှ လက်ထဲရောက်လာသော ဖိုင်အား အစအဆုံးဖတ်ပြီး
" တရားခံ မောင်မိုးဇက်အား အမိန့်ချမယ် ၊ မောင်မင်းဘာပြောချင်သေးလဲ ??? "
" ကျွန်တော် ....... ကျွန်တော် မဟုတ်ပါဘူး ၊ ကျွန်တော် မှန်ပါတယ် ၊ ကျွန်တော် ............ "
ကျွန်တော့ ပါးစပ်ကနေ တုန်တုန်ယင်ယင်စကားတွေပဲ ထွက်လာပြီး ဘာဆက်ပြောရမှန်းမသိတော့ ။ ဖြစ်ပျက်နေတာတွေလက်သင့်မခံနိုင်ပဲ မဟုတ်ဘူးဆိုတာပဲ ပြောနေမိတယ် ။ ဒါပေမယ့် ဘာတစ်ခွန်းမှ ပါးစပ်ကနေ ထက်ထွက်မလာတော့ အခြေအနေကို အကဲခတ်နေတဲ့ တရားသူကြီးက ဘယ်အချိန်ကရောက်နေမှန်းမသိသော ကျွန်တော့ဘေးကရဲတစ်ယောက်ကို မျက်စပြစ်ပြတယ် ။ အဲဒီရဲက ကျွန်တော်မြင်သာရုံလေး ဘယ်ဘက်လက်ညိုးနှင့်လက်မကို အဝိုင်းလေးဖြစ်အောင် လက်ထိပ်ခြင်းထိပြီး ကွေးပြတယ် ။ ကျွန်တော်ကြားနိုင်ရုံလေး " ရှိလား " လို့တိုးတိုးမေးတယ် ။ပြီးတော့ ကျွန်တော့နားကို အသာကပ်လာပြီး ညာဘက်လက်ဖဝါးဖြန့်ပေးတယ် ။ကျွန်တော်ခေါင်းကို ဖြည်းညင်းစွာရမ်းလိုက်တယ် ။ သွားပြီ ဒါမဖြစ်နိုင်ဘူး .............. ဒါမဖြစ်သင့်ဘူး ။ ကျွန်တော် မှန်နေတာပဲလေ ။ သူတောင်းတဲ့ ငွေကြေးလဲ ကျွန်တော့ဆီမှာ ရှိမနေဘူး ။ မှားခဲ့သလားဆိုတော့ မမှားဘူး ။ ဒါဆိုဘာလို့ ဒီလိုဖြစ်ပျက်နေရတာလဲ ။
ရဲက အထက်စည်းအကြည့်နှင့် ကျွန်တော့ကို မိုးကြည့်ပြီး တရားသူကြီးဘက်လှည့်သွားတယ် ။ ပြီးတော့ တရားသူကြီးမြင်သာယုံလေး ခေါင်းရမ်းပြလိုက်တယ် ။ တရားသူကြီးက ခေါင်းတချက်ရမ်းပြီး ခနာကိုယ်ကို ပြင်ထိုင်လိုက်တယ် ။ ဒီ့နောက်
" တရားခံ မောင်မိုးဇက် ပြစ်မှုထင်ရှားပါသဖြင့် ............. ပုဒ်မ ( ..../ .... ) အရ ............. ထောင် .........နှစ် ကျခံစေ "
ကျွန်တော့ မျက်လုံးတွေပျာသွားတယ် ။ ဘယ်ဘက်ရင်အုံက တဒိုင်းဒိုင်းဆောင့်ခုံနေမှုကြောင့် ခေါင်းကမိုက်ခနဲ မိုက်ခနဲ ဖြစ်လာတယ် ။ အသက်ရှုရတာ လှိုက်တတ်လာပြီး ရင်ဘက်တွေ ပွင့်သွားမတတ် ..................
ဖြစ်ပျက်သမျှကို မယုံကြည်နိုင် ၊ လက်မခံနိုင်ပဲ ကြောက်လန့်တုန်လှုပ်စွာဖြင့် ငယ်သံပါအောင် အော်လိုက်တယ် ...............
xxxxx xxxxx xxxxxxxx
||| အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ |||
ဒုက္ခတရားကြီးကို ဖုရားပန်းအမှတ်နှင့်
ငါခေါင်းမှာ ပန်ခဲ့ဖူးပြီ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ဟောဒီပင်လယ်ပြင်ကျယ်ကြီးရဲ့ ကမ်းစပ်ဝေဝါးနေမှုဟာ
ငါ့အသက်ကယ်လှေလေး ဦးတွေကိုလည်လို့..........
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ငါအသက်ရှိကြောင်းလင်းထပြချင်လို့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
မင့်ကို ယုံကြည်မှုက
ငါ့ရင်ကိုဘယ်လောက်စိုက်ဝင်နေသလဲဆို
နောဧရဲ့ သင်္ဘောဆိုက်ကပ်လာတာကို
မျက်ကွယ်ပြုခဲ့တယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
မုန်တိုင်းတွေရဲ့ ညည့်တွေဟာ
သိပ်နက်ပြီးကြာရှည်လွန်းတော့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
အဲဒီနာကျင်ခြင်းတွေကို ကျော်ကြည့်လိုက်
ပန်းတိုင်ဟာ မင့်ရှေ့မှာလို့ပြောတယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ငါ့အရေပြားတွေကို ကုပ်ဖဲ့လို့
ငါ့အသိဥာဏ်ကို ငါတူးယှက်ရှာ
အဲဒီသောင်ကမ်းတွေ ငါ့ဆီဆိုက်ရောက်မလာသေး
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
လမ်းတွေကို အရှည်ကြာဆုံးလျှောက်ခဲ့ရင်း
ငါ့အတောင်ပံနှစ်ဖက်ဟာ အိမ်ကိုလွမ်းလာပြီတဲ့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ခလုပ်ထိတယ် ဆူးငြိတယ်ဆိုတိုင်း
ခွန်အားဖြစ်အတိတ်ဆိုးတွေနှင့်
ကိုယ့်ကိုကိုယ်ပြန်မောင်းတင်နေရ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
သားစိမ်းငါးစိမ်းရှာလွန်းလှတဲ့ ဟောဒီမြို့လေးမှာ
ရေနည်းရာ ငါးလာပက်ကြလွန်းလို့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ကိုယ်ကိုတိုင်ချိုးကွေ့ခဲ့တဲ့ ဒေါင့်ချိုးလမ်း
ငါနာတယ် ငါမျှော်လင့်တယ်
ငါငြီးတယ် ငါ့ဖြစ်တည်မှုကို ငါဖမ်းဆုပ်နေရတယ်
ငါရုန်းကန်တယ် ငါလွတ်မြောက်ချင်တယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
ဖျားနာနေတဲ့ရာသီတွေဟာ ရှည်ကြာလွန်းလှချည့်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
နာကျင်မှုတွေကြားက ငါ့ဝိဥာဉ်လေးဟာ
အဲဒီမှုတ်သုန်လေတွေထဲ ပေါက်ကွဲထွက်တော့မယ်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
.............................
.............................
.............................
ဖုရားသခင် အကျွန်ုပ်ကို ကူညီဖို့
ဖုရားသခင်ထံမှာ အကျွန်ုပ်ဆုတောင်းနေရ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။ ။
~ အိမ်ပြေး ~
ကိုယ့်လက်ကိုယ့်ခြေနှင့် အရာအားလုံးကို ဖန်တီးချင်တာ
ဒီလိုနှင့် ကျွန်တော်က အိမ်ပြေး ဖြစ်ခဲ့တယ် ။ ။
||| ငါ့ရဲ့နာနာကျင်လမ်းလေးဟာ နင်ပဲ အိမ့်ခရေ |||
လေပြေအသော့မှာ လွှင့်ဝဲသွားသလိုမျိုး
အရာရာဟာ ထိကပါး ယိကပါး ...
ပက်သက်သမျှဟာ ပါးလျှဝေဝါးသွားလိမ့်မယ်လို့
အထင်ရောက်ခဲ့တာ ငါမှားခဲ့ပြီလား အိမ့်ခရေ ။ ။
သူမလက်ကို ဆုပ်ချည်ဖြန့်ချည် လှုပ်ရှားမှုမှာ
ငါဟာ စွံ့ အ ငေးမောနေမိတယ်
တစ်ကယ်က သူမလက်ကြားကျွန်တော့ဘဝလေးပါသွားတာ
ကျွန်တော် မသိလဲမဟုတ် ................. ။
အစ အလယ် အဆုံး
ခပ်တင်းတင်းဆုပ်ကိုင်လို့
ထုံကျင်အားနှင့် မေ့ပျောက်သွားလိမ့်နိုး မျှော်လင့်ချက်နှင့်
ဘယ်ဘက်ရင်အုံကို ဖိဖိချေမိနေတယ် အိမ့်ခရေ ။ ။
ကျွန်တော့ကဗျာတွေဟာ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်အတိုင်းကြီးထွားဖြစ်တည်ဖို့ အဝေးကြီးလိုသေးတယ်
အရင်တုန်းက ကျွန်တော် ကဗျာတွေစရေးဖြစ်တယ် ။အစောပိုင်း ရေးဖြစ်တယ်ဆိုတာကလဲ ဒီလိုပါ ကျောင်းမှာကဗျာဆရာဆိုရင်ကို နည်းနည်းလူရှိန်တယ်လေ ၊ attention လဲနည်းနည်းရတယ်ဆိုတော့ ၊ ကဗျားလေးရေးပြီး ကောင်မလေးတွေကြားမှာ ဂော်ချင်တာပေါ့ ။ ဒီလိုနှင့်စရေးဖြစ်တယ်ဆိုတော့ နောက်ပိုင်းရေးသက်လေးရလာ စာဖတ်သက်လေးရလာတော့ နည်းနည်းလူတွင်ကျယ်လုပ်ချင်လာသပေါ့ ၊ အဲအဲ ကွန်ပြူတာလေးနည်းနည်းပါးပါးတီးတတ်ခေါက်တတ်လာ အင်တာနက်လေး ကလိတတ်လာတော့ ဘလော့ပေါ်ကိုတတ်လာတာပေါ့ ၊ ဒီလိုနှင့် ကိုယ်ရေးထားတာကို ရုပ်တည်ကြီးနှင့် ကဗျာလို့ခေါင်းစဉ်တပ်ပစ်လိုက်ပြီး ကိုယ့်ကိုကိုယ် ကဗျာဆရာလို့ခံယူလာတဲ့ သက်တမ်းကြာလာတဲ့အချိန်မှာ ကျွန်တော့ကိုကျွန်တော် ပြန်သုံးသပ်ကြည့်မိတယ် ။
နောက်ဆုံးအဖြေထွက်တာက ကျွန်တော်ရေးခဲ့သမျှတွေဟာ ကဗျာမဟုတ်ဘူးဆိုတာပဲ ။
ကဗျာလို့သမုတ်ရလောက်အောင် ရေးခဲ့သမျှဟာ ကဗျာမမြည်ခဲ့ပြန်ဘူး ။ ကဗျာ ရဲ့လေးနက်မှု ကိုသိလာတော့ ရေးခဲ့သမျှဟာ ကဗျာမမြောက်ဘူးဆိုတာ ပိုသေခြာခဲ့ပြန်ရော ။ ကဗျာ ရဲ့တန်ဖိုးကြီးမားမှုကို နားလည်လာတော့ ရေးခဲ့သမျှဟာ ကဗျာလို့သမှုတ်ရအောင် တန်ဖိုးမပြည့်မှီခဲ့ပြန်ဘူး ။ ကဗျာ ရဲ့မြင့်မြတ်မှုကိုသိလာတော့ ရေးခဲ့သမျှဟာ ကဗျာ ဆိုတဲ့အဆင့်ရောက်ဖို့နေနေသာသာ အရမ်းသိမ်ငယ်နေတာကိုသိလာခဲ့ပြန်ရော ။
အဲဒီနောက်ကျွန်တော့ကို ကျွန်တော် အရိုးသားဆုံးဝန်ခံလိုက်ပြီး အရိုးသားဆုံးနေပြစ်လိုက်တယ် ။
ကျွန်တော် ကဗျာ ဆရာမဟုတ်ဘူး ။ ကျွန်တော်ရေးခဲ့သမျှဟာ ကျွန်တော် အရမ်းနှင့်ခံစားမိသမျှကိုအနီးစပ်ဆုံးပုံဖော်ဖို့ စကားလုံးတစ်ချို့နှင့် ချရေးမိခဲ့တာလေ ။ ကျွန်တော်ထိထိရှရှဖြစ်လာတိုင်း အဲဒီအရာလေးကို ပုံဖော်ဖို့ချရေးမိတဲ့စာသား/စာလုံးလေးတွေပဲ ဖြစ်တယ် ။
ဒါကြောင့် ကျွန်တော်ရေးခဲ့သမျှအရာတွေဟာ " ထိရှအက်ကွဲသံ '' တစ်ခုအဖြစ်ပဲ ဖြစ်တည်တယ် ။ ကဗျာဖြစ်တည်ဖို့အထိ အရည်အချင်းမရှိခဲ့ဘူး ။ ဒါကြောင့် ကျွန်တော်ရေးခဲ့သမျှကို အဲဒီအဆင့် / ထိရှအက်ကွဲသံ အဆင့်အဖြစ်ပြောင်းသက်မှတ်လိုက်တယ် ။
ဘဝဟာ သိပ်ရိုးရှင်းလွန်းသလောက် ကျွန်တော်ဟာ သိပ်ကိုရိုးသားဖို့လိုလာပြီလေ
နင်ဟာ နင့်ဘဝကိုရွေးချယ်လိုက်တဲ့ အချစ်မဲ့နက်သမီးပဲ အိမ့်ခရေ
တစ်ကယ်တော့ အိမ့်ခရေ
ငါက လေထဲမှာ အရုပ်ရေးခဲ့မိတဲ့သူ
ဘဝတွေအဆက်ဆက်ထက်ကျန်နေမလားလို့
အရုပ်ရေးမိတဲ့သူ ။ ။
တကယ်တော့ အိမ့်ခရေ
နင်က သေချာတဲ့ဘဝတစ်ခုကို
ဖမ်းဆုပ်လိုက်တဲ့ ဝိဉာဉ် ။ ။
ငါမြက်ခင်းစိမ်းစိမ်းတွေကို ရှပ်တိုက်ပြီးတွေးဖူးတယ်
ငါ့အတိတ်တွေကို ပွတ်သပ်ပြီးစဉ်းစားဖူးတယ်
နင်ပေးဖူးတဲ့ စာတစ်ရွတ်
ဆုပ်ချည် ဖြန့်ချည်ခဏခဏဖွင့်ဖတ်ဖူးတယ် ။ ။
နင့်နားသယ်စက ဆံပင်တွေကိုအတွေးနှင့်သပ်ချည်ဖူးတယ်
နင့်နှုတ်ခမ်းတစ်စုံကို ဖွဖွလေးသိမ်းထားဖို့စိတ်ကူးယဉ်ဖူးတယ်
နင့်လက်သွယ်သွယ်လေးကို တယုတယဖမ်းဆုပ်ဖို့ကြိုးစားဖူးတယ်
အိမ့်ခရေ ။ ။
တစ်ကယ်တော့နင်က သေချာတဲ့ဘဝတစ်ခုကိုပဲ
အမှန်ခြစ် ရွေးခြယ်သွားတဲ့ သူ
တစ်ကယ်တော့ ငါက ချစ်ခြင်းတရားကို
ငါ့တစ်ယောက်ထဲ သွေးသန်ရဲရဲချရေးမိတဲ့သူ ။ ။
နင်မထင်ထားတဲ့ ဒဏ်ရာက နက်ခနဲထတောက်နေတာ ခနခနပဲ အိမ့်ခရေ
ထိရှလွယ်တာလဲမပြောနှင့်လေ ...
ထိခဲ့တဲ့ဓါးသွားကို ပြန်ကြည့်လိုက်
အမြင်နှင့်ကို မြည့်လို့ ၊ မြှလို့ ။ ။
အိမ့်ခရေ ......
နင့်အတွက်တော့ မျက်စ တစ်ပြစ်စာ
ငါ့အတွက်တော့ တစ်ရာသီစာဟင်းလင်းပေါက်ဖြစ်သွားတာ
ငါ့မှာ ... နာ ... ကျင် ...... ပျက် ...... လျှ ........ လို့ ။
ငါ့မှာတော့ ငါ့ကံကြံမ္မာကို ငါဖိဖိပွတ်လို့
နင်ငါ့ကိုစွင့်ခွာသွားတာကို ဖြေဖြောက်ဖို့
အပန်းတကြီးကြိုးစားနေရတာ
အိမ့်ခရေ.... .... ။
ငါသိလိုက်ပြီ ... အိမ့်ခရေ
ငါ့လျှာခင်ကို ခြောက်ကပ်ကပ်ပွတ်သပ်ရင်း
ငါသိလိုက်ပြီ .. .. အိမ့်ခရေ
တစ်ကယ်တမ်းတော့ ...
ချစ်ခြင်းဆိုင်ရာ သစ္စာတရားဟာ တစ်လောကလုံးသိအောင်
နှုတ်တစ်ဖွဖွ ဖွင့်ပြဖို့လိုတယ်ဆိုတာ ... ။
ငါပြောချင်တာက
ငါခိုးခိုးနမ်းချင်နေမိတဲ့ နင့်ရင်ညွန့်လေးကို
လွမ်းတယ် ..... အိမ့်ခရေ ။ ။
ငါပြောချင်တာက
ငါမပြောပဲနင့်ဘယ်ဘက်ရင်အုံအောက်ကို
ဝှက်ထည့်လိုက်တဲ့ ငါ့အနာဂါတ်
နင်မသိလိုက်ပဲ ကြေသွားခံရတာ ။ ။
ငါပြောချင်တာက
ငါရည်ရွယ်ပြီး ဝယ်ခဲ့တဲ့ လက်စွပ်လေးတစ်ခု
ငါ့လက်သန်းကြွယ်ကို ငါပြန်ဝတ်လိုက်ရတာကိုပဲ
အိမ့်ခရေ ................ ။ ။
ငါပြောချင်တာက ...............
ငါ ............
ခုချိန်ထိ ..............
ပျက်ရှနာက စူးကနဲ ............ စူးကနဲ ............ ။ ။
~ အပိုင်းအစ ~
တစ်သိမ့်သိမ့်ဖြတ်သွားတဲ့ စမ်းချောင်းလေးကို
ကျွန်တော့်လက်နှင့်ဖမ်းဆယ်တယ်
ကြယ်စင်တွေရဲ့ အလင်းတစ်ချို့ပဲ ပြန်ရခဲ့တယ် ။ ။
ဘဝကို အလျှင်စလိုဇာတ်ညွန်းရေးချင်နေမိတဲ့ ကျွန်တော်က
သူမဝိဥာဉ်နှင့် တစ်ဘဝလုံးကိုထိခတ်မြည်တမ်းပြစ်ချင်လို့ပဲ ။ ။
ငါမမှားလောက်ပါဘူး အိမ့်ခရေ .............
အဲဒီလိုပြန်ပြန်တွေးရင်း မင်းနှုတ်ခမ်းစပ်ပေါ်က
မှည့်ရေးရေးလေးတွေကြားထဲ ငါဖြတ်ဖြတ်လျှောက်တယ် ။ ။
မိုးဇက်
~ အကြေ ~
ကျွန်တော်လဲ ငေးတယ် သူမလဲငေးနေတယ် ။ ။
အဲဒီရေတွေဘာလို့ငြိမ်သက်နေတာလဲလို့
အကြောင်းမဲ့တွေးရင်းငေးတယ် ။ ။
သူမလဲတွေးတယ် ကျွန်တော်လဲတွေးတယ် ။ ။
အဲဒီအချိန်ငါဒုက္ခရောက်နေတုန်းက နင်ဘယ်ရောက်နေလဲလို့
အသံတစ်စက်မထွက်ပဲ သူမတွေးတယ် ။ ။
ကျွန်တော်လဲပြုံးတယ် သူမလဲပြုံးနေတယ် ။ ။
ကျင်သွားတဲ့ဘယ်ဘက်ရင်အုံကို ပွတ်သပ်ထွက်လာတဲ့အပြုံးနှင့်
နိုင်စားတတ်တဲ့ဧကရီမတစ်ပါးကဲ့သို့ သူမရဲ့အဝါရောင်လှဲ့နေတဲ့အပြုံး
တစ်ယောက်ကျောကို တစ်ယောက်ဖောက်ထွက်သွားအောင်ပြုံးပြစ်ကြတယ် ။ ။
.....
အဲဒီနေ့က လိမ်နေတာကိုလိမ်နေမှန်းမသိတဲ့လူတစ်ယောက်ဖြစ်အောင်
အလိမ်ခံရင်းသူမကိုပြန်လိမ်ပြနေရတာ အရမ်းကြီးကိုပင်ပန်းတယ်
" စင်သီယာ "
........
နင်မရှိတော့တဲ့ ငါ့ပစ္စပ္ပာန်ဟာ ဘယ်သူ့ဘယ်သူကို
အပြစ်ဖို့ရမလဲလို့ စိတ်ရိုင်းတွေဝင်ရင်း
ငါမကိုင်ဖူးတဲ့ နင့်လက်လေး
ငါမျှော်လင့်ခဲ့ဖူးတဲ့ နင့်လက်သန်းကြွယ်လေး
အိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့ ဆုအထပ်ထပ်တောင်းရင်း
အဲဒီဓါတ်ပုံလေးကိုထုတ်ကြည့်
ငါ့အမြင်တွေဝါးဝါးကုန်တာ ဘာဖြစ်လို့လဲ
.....................
" စင်သီယာ "