ဒုက္ခတရားကြီးကို ဖုရားပန်းအမှတ်နှင့်
ငါခေါင်းမှာ ပန်ခဲ့ဖူးပြီ 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။           ။
ဟောဒီပင်လယ်ပြင်ကျယ်ကြီးရဲ့ ကမ်းစပ်ဝေဝါးနေမှုဟာ
ငါ့အသက်ကယ်လှေလေး ဦးတွေကိုလည်လို့..........
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။             ။
ငါအသက်ရှိကြောင်းလင်းထပြချင်လို့ 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။              ။
မင့်ကို ယုံကြည်မှုက
ငါ့ရင်ကိုဘယ်လောက်စိုက်ဝင်နေသလဲဆို
နောဧရဲ့ သင်္ဘောဆိုက်ကပ်လာတာကို 
မျက်ကွယ်ပြုခဲ့တယ် 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                ။
မုန်တိုင်းတွေရဲ့ ညည့်တွေဟာ
သိပ်နက်ပြီးကြာရှည်လွန်းတော့ 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                ။
အဲဒီနာကျင်ခြင်းတွေကို ကျော်ကြည့်လိုက်
ပန်းတိုင်ဟာ မင့်ရှေ့မှာလို့ပြောတယ် 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                 ။
ငါ့အရေပြားတွေကို ကုပ်ဖဲ့လို့
ငါ့အသိဥာဏ်ကို ငါတူးယှက်ရှာ
အဲဒီသောင်ကမ်းတွေ ငါ့ဆီဆိုက်ရောက်မလာသေး 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။               ။
လမ်းတွေကို အရှည်ကြာဆုံးလျှောက်ခဲ့ရင်း
ငါ့အတောင်ပံနှစ်ဖက်ဟာ အိမ်ကိုလွမ်းလာပြီတဲ့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။              ။
ခလုပ်ထိတယ် ဆူးငြိတယ်ဆိုတိုင်း
ခွန်အားဖြစ်အတိတ်ဆိုးတွေနှင့် 
ကိုယ့်ကိုကိုယ်ပြန်မောင်းတင်နေရ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                ။
သားစိမ်းငါးစိမ်းရှာလွန်းလှတဲ့ ဟောဒီမြို့လေးမှာ
ရေနည်းရာ ငါးလာပက်ကြလွန်းလို့
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                ။
ကိုယ်ကိုတိုင်ချိုးကွေ့ခဲ့တဲ့ ဒေါင့်ချိုးလမ်း
ငါနာတယ် ငါမျှော်လင့်တယ် 
ငါငြီးတယ် ငါ့ဖြစ်တည်မှုကို ငါဖမ်းဆုပ်နေရတယ် 
ငါရုန်းကန်တယ် ငါလွတ်မြောက်ချင်တယ် 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။               ။
ဖျားနာနေတဲ့ရာသီတွေဟာ ရှည်ကြာလွန်းလှချည့်
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                  ။
နာကျင်မှုတွေကြားက ငါ့ဝိဥာဉ်လေးဟာ 
အဲဒီမှုတ်သုန်လေတွေထဲ ပေါက်ကွဲထွက်တော့မယ် 
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                  ။
.............................
.............................
.............................
ဖုရားသခင် အကျွန်ုပ်ကို ကူညီဖို့ 
ဖုရားသခင်ထံမှာ အကျွန်ုပ်ဆုတောင်းနေရ
အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ ။                  ။
||| အိမ်မက်ကလေးရေ ငါ့ဆီအမြန်လာပါ |||
လူရာ
 
Post a Comment