ဒီလိုပဲ ၂၀၁၂ ရဲ့ တေးသွားအစကတော့ မည်သူမှ မသိလိုက်ပဲ ကိုယ့်ဘာသာ ရှန်ပိန်ခွက်လေးမြောက်ပီး ချီးယားလုပ်ခဲ့တယ် ။ နွေရဲ့ အရိပ် သင်္ကေတ တစ်ခုကို ဖွင့်ဖောက်ရင်း ကျွန်တော့ရဲ့ ကျမ်းမာရေးမှာ အလှည့်အပြောင်းဖြစ်ခဲ့တယ် ....
ဗြုံးစားကြီး ထကလိုက်တဲ့ ကကွက်ဆိုးထဲမှာ ဖုတ်လိုက်ဖုတ်လိုက်မြှောပါရင်း ၊ ဝေဒနာနှင့် မဖြစ်မနေ စကားတွေထိုင်ပြောရတာ အကြာကြီး ၊ တစ်ချို့နေ့ရက်တွေမှာ ရင်းနှီးမှုတွေတစ်သီကြီးရှိသော ကျွန်တော့အမ ကျွန်တော့ဆီရောက်လာခဲ့တယ် ၊ အဲဒီနေ့ရက်တွေဆိုတာတော့ ကျွန်တော့ရဲ့ အထီးကျန်မှု တစ်ချို့ကို အလင်းတစ်ပွင့်နှင့်တိုက်စားပေးသွားခဲ့ ၊
ဆိုခဲ့သလို ၂၀၁၂ ရဲ့မှတ်တမ်းတွေကတော့ ခပ်နွမ်းနွမ်းနှင့် ခပ်ကြမ်းကြမ်းတွေ တင်းပြည့်ကျပ်ပြည့်ပါပဲ ............
မောလိုက် ဟိုက်လိုက် နှင့် ကျွန်တော့ရဲ့ စိတ်ဓါတ်တွေလဲ ပျော့တွဲလာလိုက်တာ တစ်ချက်တစ်ချက် ဟိုး အဝီဇိ ထိ စိမ့်ဝင်ဝင်သွားတယ် ။
တစ်ချို့ တစ်ချို့ အချိန်တွေမှာ ကိုယ့်အခန်းကို ကိုယ့်ဘာသာပိတ်ထားရင်း နေတတ်လာခဲ့ ..
ဆိုခဲ့သလို ၂၀၁၂ ဟာ အနာတရ ဒါးချက်တွေနှင့် ကျွန်တော့ ကျောကို / ရင်ဘက်ကို အထက်ထက် မွန်းခံခဲ့ရ ............ ၊ လောကကြီးကို ခပ်ရွတ်ရွတ် ပြန်ကြည့်တတ်လာတယ် ... ၊ နာနာကျည်းကျည်း သီချင်းတွေအော်ဆိုတတ်လာတယ် ၊ မှုတ်ဆိတ်မွေးတွေ ရှည်ထွက်လာအောင် ခပ်ရိုင်းရိုင်းဖြစ်လာတယ် ၊တစ်ချက် တစ်ချက် ရင်ဘက်တစ်ခုလုံး အောင့်သက်ပီး လူ့ရှေ့သူ့ရှေ့ ဟန်ဆောင်မျက်နှာဖုံး မတတ်နိုင်အောင်ကို ပြစ်လဲဘူးတယ် ၊ ပြစ်ပြစ်လဲတယ် ၊ ပြစ်ပြစ်နှစ်နှစ်လဲတယ် ၊ ကျားကျားလျှားလျှားဖြစ်ပေမယ့် အကြိမ်ကြိမ် လဲတယ် ၊ ကိုယ့်ကိုကိုယ် အံ့သြလောက်အောင်ကို / အံ့သြယူရလောက်အောင်ကို ပြစ်လဲတယ် ။
အဲဒီနှစ်လယ်ပိုင်းလား ............. ??????
သိပ်ပီးပြောင်းလဲမသွားသေးဘူး စိတ်ဒဏ်ရာတွေတော့ ထူထူလာတယ် ၊ ဆေးရဲ့ ဒဏ်ကလဲ မေမေ မွေးပေးလိုက်တဲ့ ဒီခန္ဓာကို တစ်ဖြည်းဖြည်းဖျက်စီးစပြုလာတယ် ။ အဲဒီလို နည်းနည်းသုံးသပ်မိတဲ့ နှစ်လယ်လောက်မှာ “ အဟက် ” ခနဲ ကိုယ့်ဘာသာကို ခြောက်ကပ်ကပ်ရီ(ရည်) လိုက်တယ် ။ နည်းနည်းတော့ အသက်မပါတဲ့ရီ(ရည်)သံမှန်း ကိုယ့်ဘာသာကိုသိပေမယ့် ဒီတိုင်းလေးမျက်နှာလွဲပီး နောက် တစ်ကြိမ် နောက်တစ်ကြိမ် နောက်တစ်ကြိမ်
“ အဟက် ” ............ “ အဟက် ” ........... “ အဟက် ”
ဆိုခဲ့သလို ၂၀၁၂ ရဲ့ စာမျက်နှာတွေကို ထဲထဲဝင်ဝင် ဖွင့်ထုတ်ကြည့်တော့လဲ ဘာမှမဟုတ်ဘူး ၊ အရှေ့ဘက်အာရုဏ်အတတ်မှာ အုန်းမောင်းခေါက်သံ သုံးချက်တိတိ ခေါက်ပီး ၊ လေပြေတွေ ဗြောခနဲ အသွင်ခံလိုက်ရတယ် ၊ ပီးတော့ ခြောက်ခြားစရာကောင်းသလို ၊ အိမ်မက်လိုလို အိမ်မက်တွေထဲ ရှေ့တိုးလိုက် လဲကျလိုက် ပြန်ထလိုက် ရိုက်ချခံလိုက်နှင့် အေးစက်စက်မျက်နှာ တစ်စုံကို ပိုင်ဆိုင်မှန်းမသိ ပိုင်ဆိုင်လာတယ် ။ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို အမြင်ကပ်လာတဲ့အချိန်တွေမှာ သွားရင်းလာရင်း ဒဏ်ရာတွေကို အရေးပေါ်ပစ္စည်းတစ်ခုလို ကိုယ့်ရင်ဘက်ထဲ ကောက်ကောက်ထည့်ခဲ့တယ် ။
ဆိုခဲ့သလို ၂၀၁၂ ကို ဝေဝေသီသီဖြတ်သန်းရင်း ကျွန်တော့် လက်ထဲမှာ ဗလာတစ်ချက်ကို ဆုပ်ကိုင်လို့ကောင်းတုန်း
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့အတွက် စစ်တလင်းထဲကို ဝတ်လစ်စတစ်နှင့် ပတ်ပြေးနေရသလို
ဆိုခဲ့သလို ၂၀၁၂ ဆိုတာ ကျွန်တော့ရဲ့ စိတ်ကူးအိမ်မက်တွေ အမြောင်းမြောင်းထနေပေမယ့် ကံကြမ္မာက နေရာမှားပီး လင်းလတ်ခဲ့ ။
နောက်တော့ ဒီဇင်ဘာရဲ့ နှင်းစက်တွေကို တဖြည်းဖြည်းမြင်စပြုလာတဲ့ အချိန်မှာ အေးမြ ဖြူလွှနေတဲ့ တယောတစ်လက်ကိုပိုက်နေတဲ့ “ ဆိုဖီယာ ” နှင့်မျက်နှာခြင်းဆိုင်မိတယ် ။
ဒီလိုပါပဲ ကိုယ်သန်ရာသန်ရာ အတွေးတွေနှင့် နစ်လိုက် မြုပ်လိုက် ။
ဆိုခဲ့သလို ၂၀၁၂ ရဲ့ ဒဏ်ချက်တွေနှင့် ဒီဇင်ဘာရဲ့ နောက်ဆုံးရက်တွေမှာ အသိတစ်ချက်ကပ်ကြည့်လိုက်တော့
လောကဓံကို မထီမဲ့မြင် မျက်နှာပေးနှင့် အေးစက်စက် ရင်ဆိုင်တတ်လာတယ် ။
စိတ်ရဲ့နာကျင်မှုတွေကို မီးပိတ်အခန်းထဲက ဒေါင့်တစ်ဒေါင့်မှာ ငြိမ်ကုတ်ရင်း တစ်စစီဖဲ့ခြွေတတ်လာတယ် ။
တစ်ချက်တစ်ချက် စိတ်လက်ပျော်ရွင်လာရင် လူတွေကိုလူလုံးထွက်ပြပြီး ကျွန်တော့ရဲ့ အပျော်တွေပြည့်နေတဲ့ မျက်နှာနှင့် စကားတွေဖောင်ဖွဲ့ပြစ်တတ်လာတယ် ။ ( ဆိုလိုတာက ကျွန်တော်က ဂျိုကာဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတယ် )
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့ရဲ့ ရပ်တည်ချက် နည်းနည်းလဲ တည်ငြိမ်မှုပြုလာတယ်
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့ရဲ့ မပြီးသေးတဲ့ လုပ်လက်စ အလုပ်တွေကိုလဲ စတင်အပြီးသက်ဖို့ လုံ့လထုတ်ဖြစ်လာတယ်
ဆိုခဲ့သလို ၂၀၁၂ ဟာ အထိအနာဆုံးပင့်သက်တွေ အကြိမ်ကြိမ်ချဖြစ်ပြီး အရင်ဘဝကိုလဲ မသိမသာ သမ်းသမ်းဝေဝေတွေထဲ လွမ်းနာကျလာတယ် ။
ဒီလိုနှင့် လွန်ခဲ့သော ဒီဇင်ဘာက သုံးသပ်မှုအနေအထား ထက်တော့ သိပ်ပီးမပြောင်းလဲပါဘူး ပိုပီးတော့တောင် “ ဗလာ ” ပီသလာတယ် ။ ဟုတ်တယ်လေ
ဆိုခဲ့သလို ၂၀၁၂ ရဲ့ ဒီဇင်ဘာနောက်ဆုံးရက်မှာလဲ
ကျွန်တော် ၊
အနာတရတွေ ဗလုံးဗထွေးသက်ပုတ်နေရတဲ့
မိုးဇက်
ဟုတ်ခနဲ
သေ
ဆုံး
ပြစ်ရအုန်းမယ် ။
( ထူးဆန်းစွာ တပ် လုပ်လာသော မိပစ် ကိုကျေးဇူးတင်လျှက် တောက်လျှောက် တပ် ပေးချင်တာကတော့
... လရိပ်အိမ်
.... မမခင်
.... ကိုလပ်
..... မိုးည
..... မာယာဖြူ
......မမမိုးငွေ့
ဒီလောက်ပါပဲဗျာ ၊ အတတ်နိုင်ဆုံး ရေးပေးကြပါ ...းPးP )
Archive for 2012
ခြေထောက်ပေါက်ပြဲနေသော အိမ်မက်များ ၁
အဲဒီနေ့ညနေမှာ
နားလည်ခွင့်လွတ်တတ်တဲ့ မျက်လုံးတွေနှင့်
ကျွန်တော့ကိုပြုံးပြခဲ့သေးတယ် ။ ။
လောကဓံနှင့် ပတ်ဝန်းကျင်ရဲ့
ထိုးနှက်မှုတွေကို ကျောပေးကာရင်း
အဲဒီနေ့ညနေမှာ
မေမေဟာ ကျွန်တော့ဘက်ကိုလှည့်ပြီးပြုံးကြည့်နေတယ် ။ ။
ဒီ့နောက် ကျွန်တော်က ကျွန်တော့မာနကို
ကျောမှာ ကောက်လွယ်လိုက်ပြီး
သယ်ကူရာမဲ့လောကကြီးထဲ
ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်လိုက်တယ် .................
ငါ့အလွမ်းနှင့်နင့်နာမည်ကို ခေါ်လိုက်တာ နင်ကြားရလား မေနို
ကော်ဖီတစ်ခွက်လောက် ကောက်အမော့လိုက်မှာ
မင်းနာမည်က လယ်ချောင်းဝမှာ လာငြိတယ် ကောင်မလေးရေ
ဟောဒီတစ်ဆောင်းတွင်းလုံး မင်းရဲ့ချစ်ခြင်းတွေနှင့်
ငါ့ရင်ဘက်တွေကို နွေးထွေးစေပါ ။ ။
ဒီဇင်ဘာရဲ့နေ့ရက်တွေ ထဲထဲဝင်ဝင်ထိတွေ့မိလေ
ငါ့အလွမ်းတွေက ထူပြစ်လာလေပဲ ဆိုတော့
“ အသည်းလွာပါးပါးနှင့်လူတစ်ယောက်ပဲ ” ဟု
ငါ့ကိုယ်ငါပဲ အပြစ်တင်မိခဲ့ပေါ့ ။ ။
အေးစိမ့်တဲ့ ဒီဇင်ဘာရက်တွေထဲ
ကျွန်တော်ရယ် . ခံစားမှုစာသားတစ်ချို့ရယ်
သောက်လက်စ ကော်ဖီတစ်ခွက်ရယ်
သူ့အလင်းနှင့်သူ တောက်လောင်နေတဲ့
မီးလင်းဖိုနွေးနွေးလေးရယ်
သူမရောက်မလာသေးတဲ့ ကျွန်တော့်ဘယ်ဘက်
ထိုင်ခုံအလွတ်လေးရယ် ။ ။
ဒီလိုနှင့် ကျွန်တော်နှင့် ချစ်ခြင်းဟာ
အလွမ်းဆိုသောကြားခံပစ္စည်းအားဖြင့်
ကူးလူးဆက်စံ ရင်းနှီးပျော်ဝင်လာခဲ့ ။ ။
နောက်တော့လဲ ကျွန်တော်က နေသားတကျဖြစ်ဖို့
ကိုယ့်ရင်ဘက်နှင့်ကို ဟင်းလင်းပွင့်အောင်
သူမနာမည်ကို အော်ဟစ်ခေါ်လိုက်တယ်
`
`
..
ဆောင်းစိုလက်ထဲက အလွမ်းနှစ်ပွင့်ထိခတ်ခြင်း
~ မိုးဇက် ~
အလွမ်းတွေကျို့ထိုးနေတာ အသက်ရှုတောင်မဝဘူး
တစ်ချက်တစ်ချက်ထိမ်းချုပ်မဲ့ အလွမ်းတွေထွတ်ကျလာတာများ မြင်မကောင်းဘူး မာယာ
အဲဒီတတ်တူး ဒီလောက်အရာထင်မှန်းသိရင်
အစထဲကထိုးဖို့ စိတ်ကူးမိမှာမဟုတ်ဘူး
ဘယ်သူမှမရှိတုန်း မင်းနားနားလေးကပ်ပြီးပြောပြမယ်
ဘယ်ဘက်ရင်အုံမှာ ထိုးထားတဲ့ တတ်တူးစာလုံးက
“ မာယာ ” တဲ့ ...
~ မာယာဖြူ ~
အရေပြားပေါ်မှာထွင်းဖော်ထားတဲ့နာမည်အတွက်
စာဖွဲ့လို့များနေသလား
ဒီလိုဆို ကိုယ့်နှလုံးသားထဲမှာ
ထွင်းပေါ်နေတဲ့မင်းနာမည်အတွက်
ငါ့ရင်ခုန်သံတွေ နှစ်မြုပ်ခံလိုက်ရတာ မင်းသိရဲ့လား မိုးဇက်ရယ်
စကားမစပ် မိုးဇက်ရေ
နင်ငါ့အပေါ်ဘယ်လောက်လွမ်းဖူးလဲဆိုတာ
ဒီစကားလေးနှင့်ယုံရမှာလားကွယ်
~ မိုးဇက် ~
မင်းရဲ့ရနံ့တွေနဲ့ ကိုယ့်ညတွေကူးခတ်နေရတာ
လက်ပန်းကျလှပြီ မာယာ
ဟိုးအဝေးတစ်ဘက်ဆီက လွင့်မျောလာတဲ့
မင်းရဲ့ကိုယ်သင်းရနံ့တွေ
ကိုယ့်အာရုံကိုမှ ဘာလို့နေ့တိုင်းရစ်ပတ်နေတာလဲ မာယာ
မင်းရောဘယ်လိုအရောင်တွေနဲ့ လွမ်းနေမလဲ
မင်းစိတ်ကို ကိုယ်အကြိမ်ကြိမ်ဖတ်ကြည့်နေမိတယ် ...
~ မာယာဖြူ ~
ကောင်းကင်ပြတင်းဆီက
လေပြေသောသောနဲ့
ဒရောသောပါး ခုန်ဆင်းလာတဲ့
နှင်းမှုန်တွေကြား
ဆောင်းရနံ့တွေကိုရှူရှိုက်
အလွမ်းတွေကိုထွေးပိုက်
ဒီလိုနဲ့ ကိုယ့်ညတွေမိုးသောက်နေရတာ
မင်းသိသင့်တယ် မိုးဇက်ရယ်
ဆောင်းခိုငှက်တို့အိမ်ပြန်ချိန်ရောက်ရင်
ကိုယ်အမှာပါးလိုက်မယ်
ဟိုးးးးအဝေးကနေ
ကိုယ့်စိတ်ကို အကြိမ်ကြိမ်ဖတ်မနေပါနဲ့
ရှင်သန်ရာဘဝတစ်လျှောက်
ကိုယ့်ဘဝရဲ့သခင် ကိုယ့်နှလုံးသားရဲ့အရှင်က
မင်းပဲဆိုတာ ....
~ မိုးဇက် ~
ဒါပေမယ့် မာယာ
ဟိုးအဝေးတစ်နေရာကနေ
မင်းနာမည်ကို အာရုံငါးပါးစလုံးနဲ့ရွတ်နေတာ
ကိုယ့်ဘဝတစ်ရာသီလုံး မပြီးနိုင်မစီးနိုင်အောင်ပါပဲ
ကိုယ့်အသက်ရှုသံတိုင်းမှာ
မင်းပုံရိပ်တွေ လတ်လတ်ဆပ်ဆပ်ရှိနေဆဲဆိုတာ
ကိုယ့်ရင်ဘက်တစ်ခုလုံးနဲ့ တိုင်တည်ချင်လို့
မင်းဆီကို ရောက်အောင်လာခဲ့မယ် မာယာ ....
~ မာယာဖြူ ~
မိုးဇက်ရေ
ဘယ်လောက်ပဲဝေးဝေး
အချစ်တွေရှင်သန်နေသမျှ
အကွာအဝေးဆိုတာ ပညတ်ချက်တစ်ခုရယ်ပါ
တို့ဝေးစဉ်ခဏ
အေးစက်မသွားတဲ့ချစ်ခြင်းတွေ
အမြဲရှင်သန်နွေးထွေးနေရင်း
မင်းလာရာလမ်းကို သစ္စာခင်းလို့စောင့်
ဒီမြေဒီကမ္ဘာမှာ
မင်းရင်ခွင်သည်သာ
ကိုယ်အနေချင်ဆုံးနေရာ .......
( မာယာဖြူ နှင့် ကျွန်တော် တသီးတသန့်ဖွဲ့ဆိုဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ )
တိတ်ဆိတ်သောသီချင်းတစ်ပုဒ်ကို သူမနှင့်ကျွန်တော် ရွတ်ဆိုခဲ့
သူမနှင့်ကျွန်တော် ရင်အခုန်ဆုံးစည်းချက်တစ်ခုကို
နှင်းစတွေဖွေးဖွေးလှုပ်နေတဲ့ နိုဝင်ဘာ မနက်တစ်ခုမှာ
ခံစားချက်ကိုယ်စီနှင့် ချရေးနေမိတယ် ။ ။
ဟုတ်ပီ
ကိုယ်စီခံစားချက်တွေကို အစအဆုံး
သုံးသပ်အချောကိုင်အပီးမှာ
ကဗျာအစပိုင်းကို ကျွန်တော် ထရွတ်လိုက်တယ်
`
`
`
သူမ ရဲ့ဖွင့်ဟဆိုမှု အပိုဒ်အရောက်
ငြိမ့်ငြိမ့်သွဲ့သွဲ့လေသံ တစ်ချို့ကို လိုသလို
အနိမ့်အမြင့်ညှိပီး သူမရဲ့ခံစားမှုအချို့ကို
သာယာညွတ်မှုးစွာ တိမ်းတိမ်းလေးရွတ်သွားတယ်
.
.
.
။ ။
ဟော ကီးကလွဲနေပြန်ပီ မေနို
သူမ နှင့် ကျွန်တော် အကြည့်ချင်းတချက်မျက်နှာချင်းဆိုင်လိုက်တယ်
သူမ မျက်လုံးထဲကို ကျွန်တော့ ခံစားမှုတွေ ပြစ်ထဲ့လိုက်တယ် ..
..
ကျွန်တော့ အတွေးထဲကို သူမရင်ခုန်နှုံးတွေ ခပ်ထည့်လိုက်တယ် ..
..
နှင်းကျသံရယ်
လေစိမ့်စိမ့်လေးတိုက်နေသံရယ်
တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်အသံရယ်
`
`
`
တိတ်ဆိတ်မှုရဲ့ အောက်မှာ စကားသံတွေအများကြီးပြောဖြစ်ကြတယ်
အဲဒီအထဲမှာပဲ အဓိပ္ပါယ်ဖွင့်ဆိုရ သိပ်ကိုခတ်တဲ့
ချစ်ခြင်းတွေ သူမနှင့်ကျွန်တော် သံပြိုင်ရွတ်ဆိုလိုက်တယ်
ဒို
ရေ
မီ
ဖာ
အဲဒီသံဇဉ်တွေထက် နက်တယ်
ဟုတ်ပီ နင်နှင့်ငါ သံပြိုင်အော်ဆိုရအောင်
.`
`
`
ကိုယ့်အမြှီးကို ပြန်မြိုမိသော မြွေ
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်အတွေးနှင့်ကို မိုးချုပ်ခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ခြေရာနှင့်ကို တိုင်ပတ်နေခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ဒဏ်ရာနှင့်ကို
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ဖန်ခွက်နှင့်ကို အလွမ်းတွေကိုမော့သောက်ခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ရင်ဘက်နှင့်ကို ခံစားနေမိခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်မျှော်လင့်ချက်နှင့်ကို မောပန်းခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ရမ္မက်နှင့်ကို လောင်မြိုက်ပြစ်ခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်မျှော်လင့်ချက်နှင့်ကို ခွတ်ထိုးခွတ်လန် ရယ်မောခဲ့
တစ်ခါတစ်ခါ..ကိုယ့်အမြီးနဲ့ကိုယ့်ပြန်ချည်ခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်အနာဂတ်နှင့်ကို အိမ်မက်တွေမက်ခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ပါးစပ်နှင့်ကို လူမုန်းခံခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်အသိနှင့်ကိုယ် သမာဓိဆောက်တည်ခဲ့
တစ်ခါတစ်ခါ ဘာမှ မဟုတ်ဘူး. ကိုယ့်လျှာကိုယ်သွားနဲ့ကိုက်ခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်ဖိနပ်နှင့်ကို အိမ်မက်တွေကို ချနင်းခဲ့
တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ကိုယ့်နှလုံးသားနှင့်ကို
အ
မုန်း
ခံ
လိုက်
ရ
တစ်ခါတစ်ခါ
ငါ့
ကို
ငါ
တစ်ခါတစ်ခါ လို့ပဲ
သတိပေးရင်း
အခါခါ
.........................................
Cancer နှင့် သူမ လွန်ဆွဲတဲ့ပွဲမှာ ကျွန်တော်က တတိယမြောက် ဖဲတစ်ချပ်
သယ်ကူရာမဲ့ ဒီလမ်းမှာ
ဒဏ်ရာရယ် နာကျင်မှုရယ်က
လှလှပပ ငါ့ကိုတန်ဆာဆင်သွားပြီလား ????
ဘယ်အချိန်ထကြည့်ကြည့်
အကွာအဝေးပဲ မတူညီတာ
ခန္ဓာချုပ်မဲ့ရက်က သက်မှတ်ပြီးသား ။ ။
ကြည်လင်လွန်းတဲ့ ညနေဆည်းဆာအောက်မှာ
မင်းရဲ့ နား နားကပ်ပီး
“ မေနို ” လို့တစ်ခွန်းလောက် ခေါ်ခွင့်ရချင်သေးရဲ့ ။ ။
ထွက်သွားပါတော့ ကင်ဆာ
ငါ့အသွေးအသားထဲက ထွက်သွားပါ ကင်ဆာ
ငါ့အမြင်အာရုံတို့ ဝေဝါးလောက်အောင်
ငါ့ခွန်အားတွေကို မင်းစုပ်ယူသောက်သုံးခဲ့ပီးပီပဲ ကင်ဆာ ။ ။
ကောင်မလေးရေ ဝိဥာဉ်ရယ် ဝေဒနာရယ်
စစ်ဖြစ်နေတဲ့ကြားက နင့်နောက်ကိုမျောပါသွားတဲ့
ငါ့ဝိဥာဉ်ကို ဖမ်းဆုပ်ရမှာလား ........???
ငါ့ဝေဒနာကိုပဲ ပြန်ဆွဲယူရမှာလား မေနို ။ ။
ဟောဒီမှာ
မှောင်ညို့နေတဲ့ ငါ့ညတွေနှင့် အပြိုင်
အလွမ်းတို့ ပြိုဆင်းနေတာ ခုချိန်ထိမတိတ်သေးဘူး ။ ။
ဒီလိုနှင့် ငါ့နွေရာသီလမ်းဟာ
ပူပြင်းလိုက် လောင်ကြွမ်းလိုက်နှင့် လွင်တီးခေါင် ။ ။
ဒီလိုနှင့် ငါသောက်နေတဲ့ ဆေးတွေက ငါ့ကိုပြန်သောက်ခဲ့ ။ ။
ဒီလိုနှင့် ငါ့ညနေခင်းတွေဟာ ငါ့ကိုပြန်လွမ်းခြုံခဲ့ ။ ။
“စာနာနားလည်မှု ခြေတစ်ဘက်လောက်ပဲ
ငါ့ကမ်းပါးမှာ ရပ်ပေးပါ မေနို ”
ငါ့ဆုတောင်းကို ငါ့ဘာသာပြန်ရွတ်ဆိုခဲ့ ။ ။
ငါ့လက်ကိုဆုပ်ကိုင်တယ်ဆိုရုံပဲ ဆုပ်ကိုင်လိုက်ပါ
ငါ့ပစ္စပ္ပန်မှာ ကြယ်ငွေ့တွေ လင်းပွင့်သွားသလိုမျိုး
အနာတရ ဖုန်းတောထဲကနေ
“ ဝုန်း ” ကနဲ ရှင်ပြန်ထမြောက်ချင်လို့ပါ မေနို ။ ။
နင်စိုက်ပျိုးခဲ့တဲ့ အမုန်းပန်းတွေ စောစောပွင့်သင့်တယ် မေနို
မေနို .............
နင်စွန့်ပြစ်သွားတာ ငါ့မှာအိမ်မက်တစ်ခုလိုပဲ
ယုံကြည်လက်ခံပေးဖို့ အသိဥာဏ်တွေကို
ထွေးထုတ်လိုက် မြိုချလိုက် ။ ။
ဟိုဝေးဝေးက တစ်ခြမ်းပဲ့လမှာ
ငါ့အလွမ်းတွေကို ချိတ်ဆွဲရင်း
အခန်းဆက်ဇာတ်ကားကဲ့သို့
ညစဉ်ရက်စက် ငါတစ်ယောက်ထဲ
ချယ်မှုံးနေတာ မှိုင်းမှိုင်းကိုရီဝေလို့
ဘဝတွေ
ဘဝတွေ
..........................
တိမ်ညွန့်နှင့်သွေ့ခြောက်မြေပြင်ကဲ့သို့
တစ်ဖြေးဖြေးဝေးကွာသွားလိုက်တာ
ဟောဒီဖုန်းဆိုးမြေမှာ ဆူးရိုင်းတို့အလီလီပွင့်ခဲ့ပီ ။ ။
မှန်တဲ့ဘက်မှာ နင်ရပ်တည်ခဲ့တာပဲ မေနို
ငါသာလျှင် ကျဆုံးမှုတံဆိပ်နှင့်ထိုက်တန်တာပါ မေနို
ဘေးကျပ်နံကျပ်ဘဝထဲက မချောင်မလည်အနာဂါတ်တွေနှင့်
ပင့်သက်တွေအကြိမ်ကြိမ်ချနေရတဲ့ ဗာလာနံကောင်ပေါ်ကို
အမုန်းတွေ သည်းချလိုက်တာ
သိပ်တောင်နောက်ကျနေတယ် မေနို .... ။ ။
သူ့ကိုယ်သူပြန်တူးဖော်မိသွားသော
ကဗျာဆရာဟာ........
အဓိပ္ပါယ်တွေ အလှပဆုံးသိမ်းသွင်းထားတဲ့ စကားလုံးများနှင့်
အနုပညာလျှပ်စီးအားကို လက်နှင့်ဖမ်းဆုပ်ပြတယ် ။ ။
ကဗျာဆရာဟာ........
ရင်ဘက်တွေကို ဟင်းလင်းအဖွင့်ခံပီး
စကားလုံးတွေကို မွေးထုတ်ပေးသလို
ဘေးထွက်လွင့်ပြန်မှု အနည်းဆုံးနှင့်
စကားလုံးစားသုံးသူရဲ့ ခံစားမှုကိုလဲ
ဟင်းလင်းဖွင့်ပြစ်လိုက်တယ် ။ ။
ကဗျာဆရာဟာ.........
တစ်ချက်တစ်ချက် ပုံရိပ်ယောင်တွေကို
စကားလုံးတွေနှင့်ဖမ်းဆုပ်ပီး ပုံရိပ်စစ်ဖြစ်အောင်
သူ့ဝိဥာဉ်ကိုပါ ဖဲ့ချွေပီး အသက်သွင်းတယ် ။ ။
ကဗျာဆရာဟာ...........
မှော်သွင်းထားတဲ့စကားလုံးတွေနှင့်
စကားလုံးစားသုံးသူရဲ့စိတ်ကို
ရေမီးအပြည့်အစုံဖြစ်အောင် ဖန်တီးပေးတယ်............
စကားလုံးစားသုံးသူကို ပျော်ရွင်ရွင်းလဲ့လာအောင်
ဖန်တီးတယ် .............
စကားလုံးစားသုံးသူကို အမြင့်ဆုံးနူးညံ့မှုဆီကို
ခေါ်ဆောင်သွားတယ် ။ ။
ကဗျာဆရာဟာ.........
အမှီအခိုကင်းသော အနုပညာဖန်တီးမှုအား
မျက်လှည့်ပွဲ တစ်ခုကဲ့သို့အစီအစဉ်တကျ ခင်းကျင်းပြသတယ် ။ ။
တဖြည်းဖြည်းနှင့်
ကဗျာဆရာဟာ.........
စကားလုံးစားသုံးသူတွေကို စကားလုံးစားသုံးမှုရိုးအီမသွားရအောင်
စကားလုံးသစ်လွင်မှုတွေကို တူးဖော်တယ် ။ ။
အချိန်ကာလတွေ ကျိုးကြေနေအောင်ကို ရင်ဘက်နှင့်ရင်းပီး
စကားလုံးစီးစီးပိုင်ပိုင်တစ်ခုတွေ့အောင် တူးဖော်တယ် ။ ။
တစ်ချက်တစ်ချက် ဖြတ်သွားဖြတ်လာ လူတွေရဲ့
ပုခုံးနှစ်ဖက်ကြားက ပေါက်နေတဲ့ အိမ်မက်တွေကို
နှိုက်နှိုက်ပီး စကားလုံးတွေကို တူးဖော်ယူတယ် ။ ။
တူးဖော်စရာမြေကွက်မကျန်အောင်ကို စကားလုံးတွေကိုတူးဖော်တယ်
သူ့ကိုသူ ကဗျာဆရာလို့ မမြည်အောင်ကို တူးဖော်တယ် .............
အသန့်ရှင်းဆုံးစကားလုံးတွေရဖို့
အတ္တစွဲတွေအောက်ကို မောပန်းတကြီးတူးဖော်ယူတယ်......
နောက်ဆုံး ..............
စကားလုံးစားသုံးသူတွေအား အရသာရှိတဲ့စကားလုံးတွေ
တစ်နေ့တစ်မျိုးမထပ်အောင် ချကျွေးဖို့အတွက်
စကားလုံးတွေကို တူးဖော်ရင်း
ကဗျာဆရာဟာ သူ့ကိုယ်သူပြန်တူးဖော်မိသွားတယ် ။ ။
ဟုတ်တယ် နောက်ဆုံးတော့
အဲဒီကဗျာဆရာဟာ သူ့ကိုယ်သူနောက်ဆုံးတူးဖော်ရင်း
သူ့ကိုယ်သူ ပြန်ရှာတွေ့သွားတယ် ။ ။
(မှတ်ချက် ။ ။ ကျွန်တော် ကဗျာဆရာမဟုတ်ပါ ကဗျာဆရာယောင်ဆောင်ထားသော သာမန်လူသာဖြစ်သည် )
ထက်လျှက်ကျသွားသော ရင်းနှီးမှုများ
ဒီလိုနှင့် ကျွန်တော်တို့လက်တွေ
အဖြူထည်သက်သက်ဖြစ်သွားတယ် ။ ။
စကားမဆုံးမှီ သူ့ဆီကဆေးလိပ်တစ်တို့လောက်
ယူအညှိလိုက်မှာ
ပကာသနတွေက ခဏခြင်းသေဆုံးသွားတယ် ။ ။
အဲဒီရေတံခွန်ဟာ ဖြူစင်ခြင်းတွေတသွင်သွင်
လင်းပွင့်ပီးကျလာတာများ ငါတို့တစ်တွေရဲ့
အသွေးအသားထဲထိ စိုက်ကျ ။ ။
ဖြန်းခနဲ ကျောရိုးတစ်လျှောက်
ခင်မင်မှုတွေ စိမ့်ဝင်လာတာများ
ကြောက်ခမန်းလိလိ ။ ။
ဒီလိုနှင့် ကျွန်တော်တို့လက်တွေ
အဖြူထည်သက်သက်ဖြစ်သွားတယ် ။ ။
သက်တန့်ရယ် ကောင်းကင်ရယ် ကျွန်တော်ရယ် မျဉ်းပြိုင်ရယ် သူမရယ်
အလွမ်းကိုထုဆစ်ဖို့များ
ချစ်ခဲ့မိသလားလို့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခဲ့
အနမ်းတစ်ပွင့်လောက်တောင် ချွေခွင့်မရှိတဲ့
မှုံမှိုင်းမှိုင်းကောင် ။ ။
ငါ့ကိုယ်ငါ မိုးမချုပ်မှီ
သူမရဲ့ ခြုံလွာတစ်ခုကို ဖမ်းဆုပ်လိုက်တယ်
ငါတို့နှစ်ယောက်ဟာ မျဉ်းပြိုင် ............
ကံကြမာရယ် နက္ခက်ရယ်ခလောက်စံနေတဲ့အချိန်
နင်သန်ရာ အတွေးတွေနှင့်
ငါ့လိုပဲညတိုင်းအိပ်မရဖြစ်နေပီလား မေနို
အလွမ်းရဲ့တစ်ဖက်ကမ်းမှာ နင်ရှိတယ်ဆိုတဲ့အာရုံနှင့်
ရှင်သန်နေရတာ မောဟိုက်လှတယ် မေနို
ကြယ်ပွင့်တွေ ထိခပ်သလိုမျိုး
အလင်းတွေပြာလဲ့သွားအောင်
ငါတို့နှစ်ယောက် ထိတွေ့ကြမယ် ။ ။
အငြိမ်
ငြိမ် .......
အားလုံးဟာ အငြိမ်
ငါ့စိတ်ကူးလဲ အငြိမ်
ငါ့အိမ်မက်လဲ အငြိမ်
ငါ့ဘဝလဲ အငြိမ်
ငါ့အနာဂတ်လဲ အငြိမ်
ငါ့သမိုင်းလဲ အငြိမ်
အားလုံးဟာ အငြိမ်
ဘာဆိုဘာမှ အာရုံတွေ
မပျံ့လွင့်ရင် သံသရာလဲ အငြိမ် ...................
ဖြတ်လျှောက်
ဖြတ်မျဉ်းလိုမျိုး
လမ်းခွဲခြင်းတွေ
အလျှားလိုက် အားလျှားထိုးဝင်လာတာတောင်
ဟောဒီကောင်က
ချစ်ခြင်းတရားကို မိုက်ကမ်းကမ်းဆုပ်ကိုင်ထားတယ် ၊
ကျေးဇူးပြုပီး
ချစ်သူနှစ်ဦးကြား
အမုန်းတွေ ဖြတ်ဖြတ်မလျှောက်ပါနှင့် ။ ။
မိုးသံလေသံကြားက ကိုယ့်ယုံကြည်မှု
မိုးတွေ တပြင်လုံးရွာချစမ်းပါ
ဘယ်လောက်ပဲ သဲမည်းနေပါစေ
ရွာချစမ်းပါ ။ ။
မိုးတွေတပြင်လုံး ချိမ့်ချိမ့်သဲစမ်းပါ
ဘယ်လောက်ပဲ နားစည်တွေပေါက်ကွဲသွားပါစေ
ဟိမ်းမြည်လိုက်စမ်းပါ ။ ။
မိုးတွေလူလုံးမသဲကွဲအောင် ဖြိုချလိုက်စမ်းပါ
ဘယ်လောက်ပဲ ငါ့အမြင်တွေဝေဝါးသွားပါစေ
ပိန်းပိတ်အောင် ရွာချလိုက်စမ်းပါ ။ ။
မိုးတွေ ငါ့နှလုံးသားကို
ပွင့်ထွက်သွားအောင် ရွာချလိုက်စမ်းပါ
ဟောဒီရင်ဘက်ကိုဖောက်ပီး
ငါ့နောက်ကျောက ဖောက်ထွက်သွားအောင်
ရွာချလိုက်စမ်းပါ
ငါကတော့ ဒီနေရာကနေဘယ်တော့မှ မရွေ့ဘူး ။ ။
ဒီလိုပဲလေ
ယုံကြည်ချက်တွေ သံန္ဒေတည်ခါစတော့
နည်းနည်းနာကျင်ရမှာပေါ့ မဟုတ်ဘူးလားဗျာ ..........
နာကျင်မှုကို ရစ်မှုးနေတဲ့ ဘုရားသခင် ဒဏ်ခတ်ခြင်းခံနေရတဲ့ကောင်
အစိမ်းရင့်ရောင် အလွမ်းတွေ
တဖိတ်ဖိတ်လက်နေပုံက လွင့်ဝါလို့
အတောင်ပေါက်စ ငှက်တစ်ကောင်လို
သတိရမှုတွေကလဲ လဲကျလိုက်ပြန်ထလိုက်
အာသာပြေမလားလို့ သူမရဲ့ဓါတ်ပုံကို
ထုတ်ထုတ်ကြည့်နေပေမယ့်
နာကျင်မှုတွေပဲ ရင်ဘက်ကိုစို့စို့တတ်လာတယ်
ငါ့ဘက်ကနားလည်မှုတွေပေးခဲ့ပေမယ့်
သူမရင်ဘက်ထဲမှာတော့
အငြိုးတကြီးတုံ့ပြန်မှုတွေ တခဲနက်
သိုဝှက်လို့
သူမရဲ့အပြုအမှုတွေက
ငါ့ချစ်သူမှ ဟုတ်ပါလေစလို့ ကိုယ့်ဘာသာ
အံ့အားသင့်ယူစေခဲ့တာ မဆန်းတော့သလိုပဲ
ဟောဒီနာကျင်ခြင်းတွေကိုမှ ကက်ကိုဘိန်းလိုပဲ
စွဲစွဲလမ်းလမ်း သုံးစွဲမိနေတော့
သေရာပါလဲ ကျေနပ်နေမယ့်ကောင်လေ
အမှန်တော့ ကျနော်က
ဘုရားသခင် ခွင့်မပြုတဲ့ အသီးကိုမှ
တရှိုက်မက်မက် စားသုံးမိတာ ။ ။
အချစ်စစ်
( ခုတစ်လော ကျွန်နော် ကဗျာရေးဖို့အတွက် အာရုံတွေ ထုံမှိုင်းနေလို့ ဟိုးကလေးသားလေးတုန်းက ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ် တင်လိုက်ပါတယ် ၊ ကလေးသားလေးထဲက ကျွန်နော် ကဗျာတွေစရေးဖြစ်ခဲ့ပါတယ် (ကြွားဝါခြင်းမဟုတ်း) ဒီကဗျာကို ကျွန်တော်ကိုယ်တိုင်ရေးခဲ့တာလား ဘယ်ကဗျာဆရာရေးခဲ့တာလဲ မမှတ်မိပါ ၊ ဒါပေမယ့် ခုချိန်ထိ စာလုံးတွေကို ထင်ထင်ရှားရှား စွဲလမ်းမှတ်မိနေလို့ ပြန်တင်လိုက်တာပါ ၊ မူရင်းကဗျာဆရာသိရင်တော့ ကွန်မန့်မှာသာ ဝင်ခြစ်သွားပေတော့း)
ကဗျာစပ်နေတုန်း စိတ်ကောက်သွားတဲ့သူမကြောင့် မရေးဖြစ်တဲ့ ကဗျာ
နှစ်ဆယ့်တစ်ရာစုရဲ့ ရည်းစားစာ
ကဗျာဆရာ၏ ခေါင်းစီးစာလုံးများ
ဟန်ဆောင်မှုတွေ မွန်ထနေတဲ့အမုန်း
တဆိတ်လောက် ပြောသွားကြပါ
မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်(2)
“မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများများ(၁)"
အလောင်းဘယ်တော့မှ မလှတဲ့ ဈာပန
ဖောက်ခနဲ ပွင့်သွားတဲ့
သိက္ခာတရားမဲ့ ရင်ဘက်တစ်ခု
ဒဏ်ရာတွေ ဘက်သီဘက်သီကြီးနှင့်
တရွတ်တိုက်လွင့်နေတဲ့ တိမ်တိုက်တစ်ခု
ဥပက္ခောတွေနှင့် မွန်းထုံထားခံရတဲ့
မှိုင်းညို့ညို့ အခိုးအငွေ့တွေ
သေချာကြည့်...........
အုံလိုက်ကျင်းလိုက် ညည်းတွားမှုတွေနှင့်
ဖောက်ပြန်သူတို့ရဲ့ ဈာပန
ဘယ်တော့မှ အလောင်းမလှဘူး ။ ။
စုန်းပြူးတစ်ကောင်ရဲ့ ရာဇဝင်
အုံးအုံး မြည်သံ ၊ ဒုံးဒုံး ကွဲသံ
ဖုန်းဖုန်း ခေါ်သံ ၊ တုံးခနဲ လဲသံ
တဗြုံးဗြုံး ထုရိုက်သံ ၊ ကတုံးကို ပြန်တုံးသံ
ရူးနှမ်းသူရဲ့ ရူးရူးသွပ်သွပ်အော်သံ
အမုန်းစံစံ ခါးခါးသီးမုန်းတီးတဲ့အသံ
လွှတုံးတုံးနှင့် နှလုံးသားကို
တဗြစ်ဗြစ် ကျိတ်လှီးသံ
ခတ်ခတ်လက်လက် ပျက်ထွက်သံတွေ
ဖျက်ဖျက်လက်လက် ညည်းတွားသံတွေ
ပက်ပက်ဆက်ဆက်သေဆုံးသွားတဲ့ အသက်ရှုသံတွေ
တောင့်တောင့်ဖြောင့်ဖြောင့် နာကျင်မှုတွေ
မိုးလင်းမိုးချုပ် ခပ်သုတ်သုတ်ရွေ့လျှားသွားတဲ့ တဏှာတွေ
ပါးပါးလျှလျှ အငွေ့ပျံသွားတဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေ
အဲဒီအထဲမှာမှ
အနေမတတ် အထိုင်မတတ်တဲ့ စုန်းပြူးတစ်ကောင်ရဲ့
သုညဖြစ်သွားတဲ့ ရာဇဝင်အကြောင်းစာတမ်းပြုထားတယ် .........။ ။
အဆုံးသက်
အချိုးချမရတဲ့ အရာတစ်ခုကို
အချိုးချကြည့်လိုက်တာ
“ ဖျောင်း ” ကနဲပဲ
ငါ့နံရိုးကျိုးသွားတယ်.............
သိပ်မနာပါဘူး
နှလုံးခုံသံတွေ မရှိတော့တာလေးပါ ။ ။
အလွမ်းတွေအက်ကွဲနေပီ မေနို
ငါဟာ ငါ့ရင်ကိုမှ အလွမ်းတွေနှင့်အက်ကွဲစေသူ
မှန်းဆလို့မရတဲ့ အလွမ်းတွေနှင့်နာကျင်ကိုက်ခဲနေတဲ့သူ
ဒါဟာ.......သူစိမ်းသိပ်မစံတော့တဲ့အလွမ်းတွေ
ငါဟာ တိတ်တိတ်လေးအိမ်မက်ထဲမှာလဲ လွမ်းတတ်တဲ့သူ
ရောင်ရမ်းတမ်းတဖို့ လျှာခင်တွေစေးထန်းနေအောင်ကို
အလွမ်းတွေဖိန့်ဖိန့်ညည်းတယ် မေနို
ငါဟာ အလွမ်းတွေနှင့်လုံးထွေးနေတဲ့
ငါ့ညတွေမှာ သတိယမှုတွေ တွန့်ကြေခဲ့ပေါ့........
ဒီလိုပါပဲ
ငါဟာ အလွမ်းတွေကို ခါးဆောင်းတင်ပီး
ဘယ်နှစ်ရက်တောင် ဖြတ်သန်းရအုံးမယ် မသိဘူး မေနို ။ ။
နှင်းဆီဖြူ
တိတ်ဆိတ်နေတဲ့ကဗျာ
သစ်ရွက်ခြောက်လှုပ်သံလဲ
...............................
ဝင်လေထွက်လေလဲ
................................
အမြင်အာရုံကို ခပ်ဆွေးဆွေးတွေလဲ
................................
ဟိုတုံးက လမ်းဟောင်းတွေလဲ
...............................
သုညတစ်လုံးရဲ့ စံချိန်စံညွန်းလဲ
...............................
ပိတောက်ချိန်ရောက်နေတာတောင် မိုးဖွဲတို့
...............................
ငါ့ရဲ့ထိုးထိုးထောင်ထောင်မာနတွေလဲ
..............................
နောက်ဆုံး ငါ့နေဝင်ချိန်တောင်
တိတ်ဆိတ်မှုတွေ
ဆိတ်သုဉ်းခဲ့ပီ ။ ။
တစ်ကိုယ်တော် ဈာပန
အကြိမ်ကြိမ်ဆုံးရှုံးခဲ့သော မျှော်လင့်ချက်တိုင်းမှာ….သစ္စာ
ကံဇာတ်ဆရာ..စေ စားရာ…နောက်…
(ဟုတ်မယ်)…...သူကကျွန်တော့်ကို
ကျွန်တော်လား….အင်းးးးး……..ကျွ
သူကရည်းစားအရင့်အမာကြီးနဲ့….ဘယ်
သြော်…ဒါဆိုကျွန်တော်က ???????????
ခင်ဗျာ… ဗီလိန်…. ဗီလိန်လုပ်ရမှာလား………..ဒါဆို….
ဂြိုလ်ရံလ ပေါ့……
ကျွန်တော်……….အပီလွမ်းမယ်ဗျာ…. ဒါပေမယ့်.. သူက..လွမ်းတေးးးးးးးးး…. ရောကြားပါ့မလား???
အစွမ်းအစပေါ်မူတည်တယ်..???
ကျွန်တော့် အသည်းလေး……………အခြေအနေကောင်းလာေ
က မယ်ဗျာ….တစ်ပင်တိုင် မဟုတ်ရင်ပြီးရော…………
က တယ်….လှတာမလှတာအပထား…သူ အနား ရှိနေပေးရင်ပြီးတာပဲ……………………..
ကျွန်တော်…မမောဘူး…ကျွန်တော် က နေတယ်…… ဘာအက တွေမှန်းသေချာမသိဘူး…
ကျွန်တော် က နေခဲ့တယ်…… မင်းသား..အနားမရောက်လာဘူး…..ဒါေ
ကျွန်တော် က နေတုန်းပဲ….သူ…လာပါ…လိမ့်မယ်………
.ဒီ လို နဲ့..ပဲ
သူက..ဘယ်သူ…အမ်..
ဗျာ..
ဟာ..၀မ်းနည်းလိုက်တာ….သူ့အသဲတွေ
ဒါဆိုကျွန်တော်…ဘယ်လိုလုပ်ရမလည်
သူ့ရင်ဘတ်မှာလည်း ဒဏ်ရာတွေ….ပြဲ ကျန့် နေတာ…မြင်မကောင်းဘူးဗျာ……ဘယ်လို
ရမလည်းဟင်…..
များလှချည်လား….သွေးစိမ်းရှင်ရှ
ခင်ဗျားဗျာ…ကျွန်တော်နောက်တယော
ဒါ..ကျွန်တော်လည်း..ဘယ်လို က က သူ့လိုသေ ရမှာပဲဆိုတဲ့သဘောလား….တခုခုပြော
အဖြေတခုခုကျွန်တော် နှစ်သိမ့်ဖို့………..ပေးပါ…..
မသိချင် ရဘူး ??? အဖြေ မရှိဘူး???….ကျွန်တော်ဆက် က ရမှာလား……..လဲကျ ရတော့မှာလား
ကျွန်တော်..နောက်တယောက်ကရော……….
ဗျာ………….သူလည်းခပ်ဝေးဝေးက….အသက်
ကျွန်တော့်ကိုကြည့်..ကျွန်တော် က ပြ မယ်နော်… အခုတယောက်ထဲ က နေတာဆိုပေမယ့်
ဇာတ် သိမ်း က နှစ်ပါးသွားဗျ…ကျွန်တော့် မင်းသား အလှပြဖို့..ပြင်ဆင်နေတာ…ဖြစ်မှာ
အယ်..သူလက်ခုတ်တီးတယ်…..
ချွေးသိပ်ပေးနေသလိုပဲဗျာ…. အဆင်ပြေလာတယ်…. ဟုတ် ကျွန်တော် က နေတာကို အားပေး
တဲ့သူနှင့် …လက်ခုတ်သံက အရောင်မဲ့ပေမယ့်..ကျွန်တော့်မှာ
တဖွဲ့တနွဲ့ က …
ကျွန်တော် မျှော်နေတဲ့ မင်းသား…ဘယ်နားမှာ…သွားနား နေပါလိမ့်…..မလာသေးဘူး
ဗျို့…ဇာတ်ဆရာ..မင်းသားလာမှာလား
ခင်ဗျာ.. သူ့ညီမလေးက စာမေးပွဲတဖက်နဲ့မို့…..
ဗျာ…သူ့အိမ်က ..အိမ်သူစီစဉ်ပြီးသားမို့…….
ဘာ…တကယ်က..ကျွန်တော့် မှာ အားပေးပရိတ်သတ်ရှိနေလို့…
ဟာ…ဘယ်လို ..လုပ်လိုက်တာလည်းဗျာ…
ပရိသက်ကြောင့်ဆို……ဘယ်မှာလည်း ကျွန်တော်နောက်တယောက်….ကျွန်တော
သူ ဈာပန ချ တဲ့ပွဲမှာ အသံတောင် ပေးမသွားရှာဘူးသေပြီ….
သူ..နောက်ဆုံးအဖြစ်..လက်ခုပ်တီး
သေတမ်း စာ ငွေ့ငွေ့လေးက လှလှပပ ပြုံးပြ….သူ့သဘင်သည်လေး က ခဲ့တာ..
မင်းသားတယောက်ထဲ…အတွက်မို့…သူေ
ရှင်းပြ ပေး ခဲ့ တယ်…….
ဒါပေမယ့် ခပ်ရှက်ရှက်ပဲ…မင်းသားကထွက်မလာ
ပရိတ်သတ် သေ ပြီ…သဘင်သည် ကျွန်တော်လည်း အရူး လို ပဲ သွေးပျက်ခြောက်ခြား....
သေနိုင်လောက်တဲ့ အချစ်မီးတွေ ၀ိုင်း လို့… ……..အနှုတ်သက်သက်ပဲပြ ရက်စက်တဲ့ စကားတွေ..ထပ်ကြား..ကြားနေလည်း…
ဒီသဘင်သည်ရူးရချည့်ရဲ့ဆိုကာ..
မြေကြီးမှာ ခတွားကာ….ခစားခွင့်ရဖို့…အရူးရူ
သိက္ခာကိုအရည်ဖျော်…မာန တွေခ၀ါချပြစ်ခဲ့တယ်……..ဒါပေမယ့် မင်းသားက မဲ့ပြုံးတောင်..ပြုံးမပြဘူး…….
သွားပြီ………….ဒီပွဲကို ဇာတ်ဆရာတောင် သနားနေပြီ….
လောကကိုအမှောင်ချ အချိန်ကို အနားပေးလိုက်တဲ့ ခဏမှာသဘင်သည်လေး.. ကျွန်တော်ခေါင်းငိုက်စိုက်ကျ
ပရိတ်သတ်အသေလည်း ပြာ လိုလွင့်မျော….
ဇာတ်ဆရာ….ပြောတဲ့ နှစ်ပါးသွားပုံပြင်လည်း..တိမ်တိ
မင်းသားကလည်း..သံသယကြီး ရင်မှာပိုက်လို့……………….
အဖြစ်အပျက်တွေအားလုံး………အစီအရီ.
ကျွန်တော့်..ကိုယ်ခန္ဓာမှ..အချစ်
အနာဖေးတွေ…..တစစနဲ့ အကုန်ကွာကျ.. အတိတ်မှ..လက်ရှိဘ၀တိုင်…..
ခိုင်မြဲခဲ့သောအစွဲအလမ်းတွေက ဂုဏ်သိက္ခာတွေအားလုံးကို အနိုင်ယူ ချ နင်း ခံခဲ့ရသော..
အောက်ကျနောက်ကျ….ဆက်သ…
အားလုံး…အားလုံး..အားလုံး…………
သဘင်သည်လေးရဲ့……………အသက်ရှုသံလှိ
ကျရှုံးလို့ နိမ့် ဆင်း သွား ပြီ
ပစ္စုပ္ပန် အနာဂတ်.နဲ့…သံသရာတိုင်း အတွက်….. အချစ်ကို အပြီးအပိုင် ဆွဲထုတ်ပြစ်ခဲ့တယ်။
တခုတ်တရ မျှော်လင့်နေတဲ့ စိတ်ကူး
ငါ့ကို မညာကြပါနှင့်
ငါဟာ............
ဘဝမှာ အဖြူစင်ဆုံးသိုးတစ်ကောင်အဖြစ်ခံယူထားတယ်
ငါ့ကိုကန်ကျောက်လှည့်ပါ ၊
ငါ့ကို တံတွေးနှင့်ထွေးသွားလှည့်ပါ ၊
ငါ့ကို ရိုက်ပုတ်သွားပါ
ဒါပေမယ့်..................
လိမ်ညာလှည့်ဖြားမှု ဓါးသွားနှင့်တော့
ငါ့လည်ပင်းကို မလှီးသွားပါနှင့် ။ ။