အစိမ်းရင့်ရောင် အလွမ်းတွေ
တဖိတ်ဖိတ်လက်နေပုံက လွင့်ဝါလို့
အတောင်ပေါက်စ ငှက်တစ်ကောင်လို
သတိရမှုတွေကလဲ လဲကျလိုက်ပြန်ထလိုက်
အာသာပြေမလားလို့ သူမရဲ့ဓါတ်ပုံကို
ထုတ်ထုတ်ကြည့်နေပေမယ့်
နာကျင်မှုတွေပဲ ရင်ဘက်ကိုစို့စို့တတ်လာတယ်
ငါ့ဘက်ကနားလည်မှုတွေပေးခဲ့ပေမယ့်
သူမရင်ဘက်ထဲမှာတော့
အငြိုးတကြီးတုံ့ပြန်မှုတွေ တခဲနက်
သိုဝှက်လို့
သူမရဲ့အပြုအမှုတွေက
ငါ့ချစ်သူမှ ဟုတ်ပါလေစလို့ ကိုယ့်ဘာသာ
အံ့အားသင့်ယူစေခဲ့တာ မဆန်းတော့သလိုပဲ
ဟောဒီနာကျင်ခြင်းတွေကိုမှ ကက်ကိုဘိန်းလိုပဲ
စွဲစွဲလမ်းလမ်း သုံးစွဲမိနေတော့
သေရာပါလဲ ကျေနပ်နေမယ့်ကောင်လေ
အမှန်တော့ ကျနော်က
ဘုရားသခင် ခွင့်မပြုတဲ့ အသီးကိုမှ
တရှိုက်မက်မက် စားသုံးမိတာ ။ ။
မိုးဇက်
မှတ်ပြီးလားနောက်မစားတော့နဲ့ဒါဖြဲ..
ကဲ ကဲ...ထုပ်မကြည့်နေတော့နဲ့သူမဓါတ်ပုံ
သိရက်နဲ့ဇွတ်ကြီး.......၏
“အာသာပြေမလားလို့ သူမရဲ့ဓါတ်ပုံကို
ထုတ်ထုတ်ကြည့်နေပေမယ့်
နာကျင်မှုတွေပဲ ရင်ဘက်ကိုစို့စို့တတ်လာတယ်” ...
ဒီစာသားလေးတွေက ရင်ကိုတည့်တည့်ထိမှန်စေတယ်ရှင် ... :)
တိုက်ဆိုင်လိုက်တဲ့ စာသားလေးဗျာ..........