ခုတ်တော့ ခုတ်လိုက်တာပဲ
ဒါပေမယ့်
ကိုယ့်ကိုကိုယ် ပြန်ထိတယ် .....
ပြီးတော့ သူ့ကိုယ်သူ ညည်းတွားတယ်
" ခင်ဗျားတို့အသွေးအသားတွေရဲ့
မောဟ အညှီနံ့ တွေက ကျုပ်ဇွယ်ကို အဖျားခေါက်စေတယ်ဗျာ "
အဲဒီနောက် စုတ်တသက်သက်နှင့်
ကိုယ့်ဓါးအိမ်ထဲကို ပြန်ဝင်သွားတယ်
ဓါး .....
သူမ ဆုံးဖြတ်ချက် သိပ်မှန်လွန်းတော့လဲ ကျွန်တော့ ဘဝလေး ပါးလျှခဲ့
အဲဒီနေ့တွေထဲကို ကျွန်တော်က စိတ်လွတ်ကိုယ်လွတ်
ပျော်ဝင်ပြစ်လိုက်တိုင်း
မျက်လုံးတွေ စုံလုံးကန်းခဲ့ပေါ့ ။ ။
နှင်းပျိုမေ
တိုးတိုးဖွဖွလေး ရွတ်နေတဲ့ နှုတ်ခမ်းတစ်စုံ
ခြောက်ကပ်မသွားခင် သူမထွက်ခွာသွားတယ် ။ ။
သူမ တစ်ခွန်းမှ ပြောမသွားဖူး
ဒါပေမယ့် တိတ်ဆိတ်စွာပြုမူသွားခြင်းက
နှလုံးသားကို ခပ်စပ်စပ်မသေမခြင်းရိုက်နေသလိုမျိုး
သူမ မျက်ဝန်းပင့်အကြည့်မှာ
အဲဒီနေ့ရဲ့ နေဝင်ချိန်ဟာ ပျော့တွဲညွတ်ကျသွားတာများ
ကျွန်တော့ရင်ဘက်တစ်ခုလုံး မိုးစုန်းစုန်းချုပ်တယ် ။ ။
ဆုံနိုင်ခွင့်နည်းလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နှင့်
လမ်းခွဲစာချုပ်မှာ လက်မှတ်ထိုးသွားတာ
ရဲတင်းလိုက်တာ ............
နင် မှန် ပါတယ် နှင်းပျိုမေ
နင် မှန် ပါတယ် နှင်းပျိုမေ
နင် မှန် ပါတယ် နှင်းပျိုမေ
နင်စွန့်ခွာသွားတာ အိမ်မက်မဟုတ်ဘူးဆိုတာ သေချာဖို့
ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကို ရွတ်နေမိတာ
ရင်ဘက်တွေကို တုန်ရင်လို့ .......... ။ ။
နှင်းပျိုမေ
အဲဒီနေ့တွေကို ပြန်တွေးမိတိုင်း
ငါ့မျက်လုံးတွေ စုံလုံးကန်းခဲ့ပေါ့ ။ ။
ထွက်သက်ငင် အိမ်မက် တစ်စင်း
အနမ်းတစ်ခုမှ စားသုံးမှု မရှိပဲ
အလွမ်းတွေကို ဆွဲဖွင့်လိုက်တယ်
နင်ကနဲ ၊ နင့်ကနဲ
အာခေါင်တွေအထဲထိရောက်အောင်
အရိပ်တွေ စိုက်ချပြစ်လိုက်တယ် ...
အမှောင် ၊ ပိန်းပိတ်လို့
ကောင်းကင်က မူလအတိုင်းပြာခဲ့ပေမယ့်
ရှုထောင့်ချင်းမှ မတူကြတာ
တခမ်းတနား ဒဏ်ရာတွေကို
ဆေးရောင်လှလှချယ်လို့
အာရုဏ်အကျင်းကို အခမ်းအနားနှင့်
ကြိုဆိုတယ် ......
ဆိုခဲစေ မြဲခဲစေ
ချစ်ခြင်းတရား ရင်ဘက်ထဲမြဲစေသား
ဆုတွေ ကျစ်ကျစ်ပါအောင် ဆုတောင်းတယ် ။ ။
လွင်တီးခေါင် ကိုဖြတ်နေရတဲ့ရေ
ဖြူလျှော့လျှော့ အပြုံးတစ်ဝက်ဟာ
ထောင့်ပြုန်းနေတဲ့
တြိဂံလိုပဲ
ခပ်ယဲ့ယဲ့..
ငါ၏ခါးကို မတ်အောင်မထားနိုင်မှတော့
ခေါင်းကိုရိုက်မချပါနှင့်
ခွေညွတ်လုလု ဟောဒီဒူး
မိတ်ဆွေတို့ တူးမည့်ကျွင်းထဲ
ငါ့ “ အိမ်မက် ” ကို ဂူသွင်းသဂြိုလ်လိုက်ပါ ။ ။
ကျွန်မက မောင်နှင့်ပက်သက်လာရင် ကိုယ့်ကိုကိုယ် အလန့်တကြားဖြစ်မိတယ်
ဟောဒီအချိန်ဆို ညင်ညင်သာသာလေး
ကျွန်မပါးကို လာနမ်းနေကြလေ ။ ။
ကျွန်မ မမြင်နိုင်တဲ့ တခြားဘက်မှာ
မောင်တစ်ယောက် အဆင်ကောပြေပါ့မလားဆိုတဲ့
စိုးရိမ်စိတ်တွေနှင့် နေ့ရက်အတော်များများ
ဗလုံးဗထွေးကျော်ဖြတ်နေရ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
.... .....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင်က တစ်ခါတစ်လေ အထိအရှမခံဘူးလေ
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင်က ဘာမဟုတ်တာလေးတစ်ခုနှင့်
စစ်စစ်ပေါက်ပေါက် ထ ဖျားရင်လဲ ဖျားတတ်တယ်
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင့်ရင်ထဲ ပြင်းပြင်းရှရှနာကျင်မှုတစ်ခုရှိတိုင်း
တစ်ယောက်ထဲကျိတ်ခံစားတတ်လားတတ်ရဲ့
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
... ....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
မောင့်အကြောင်းတွေးမိတိုင်း
ကျွန်မရင်ဘက်ထဲ နွေးနွေးလျှလျှ ။
အို............
ကြည့်စမ်း အိမ်ရှေ့ဝက်သစ်ချပင်ကြီး
ရွတ်သစ်တို့အဝေ
“ ဟောဒီ ဝက်သစ်ချပင်ကြီးလောက် ချစ်တယ် ”
ကျွန်မအပြော မောင့်အပြုံးတစ်ချက်လက်သွားတာ
ပြန်သတိတရ မူးမောသွားပါဘိ ။
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မမမြင်နိုင်တဲ့ တစ်နေရာမှာ
ဂရုစိုက်ပါမောင် ..
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်စိုးရိမ်တတ်ခဲ့
..... ....
ဟောဒီနှင်းပွင့်တွေ ဖားဖားလျှလျှကျတဲ့ညတစ်ညကို မှတ်မိလားမောင်
ဟောဒီလက်စသိမ်းနေဆဲ သုံးကြိုးစပ် မာဖလာ လေးကိုမှတ်မိလားမောင်
ဟောဒီဘယ်ဘက်ရင်အုံ အချင်းချင်း
ရမ္မက်တွေရုံးရင်းဆန်ခတ် ကကွက်ညီခဲ့တဲ့ ညတစ်ညကိုမှတ်မိလားမောင်
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် သိပ်လွမ်းတတ်နေပီ
.... ...
ကျွန်မလေ မောင်နှင့်ပက်သက်လာမှ
ကလေးတစ်ယောက်လို ဆိုးနွဲ့အနိုင်ယူတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
ကျွန်မ အပေါ်ကြိတ်ပီး ခပ်တင်းတင်းသဝန်တိုတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
တတ်ရောင်ကားနှင့် ဆရာဝင်လုပ်သွားတတ်မှုကို
ကျွန်မ လက်လွတ်စပယ် ကျေနပ်နေတတ်ခဲ့
..... ....
ကျွန်မသိပ်ချစ်ရသော မောင်ရေ
ကျွန်မက မောင်နှင့်ပက်သက်လာရင် အရာအားလုံးကို ချစ်တတ်လာခဲ့
ချယ်ရီပန်းတွေလို အခိုင်ခိုင် ပွင့်ခဲနေသလိုမျိုး
မြိုင်မြိုင်ဆိုင်ဆိုင်ကြီးချစ်မိခဲ့
ထင်းရှုးရွတ်ပေါ် ဆောင်းဦးနှင်းကြွေသလိုမျိုး
ဖွဖွရွရွလေး ချစ်မိခဲ့
အို .........
ကျွန်မက မောင်နှင့်ပက်သက်သမျှ အရာအားလုံးကို ချစ်မိခဲ့
ဟုတ်တယ်
ပိုင်ဆိုင်လိုမှု ကင်းတဲ့ချစ်ခြင်းမျိုးနှင့်
မောင့်ကို ချစ်နေမိတဲ့ ကျွန်မကိုကျွန်မလဲ
ထိတ်လန့်တကြား အံ့သြမိတယ် မောင် ... ။ ။
ခြေထောက်ပေါက်ပြဲနေသော အိမ်မက်များ ၂
လမ်းတွေဟာ ဘယ်တုန်းကမှ ကျုပ်တို့ရှေ့ကို
ဟပ်ချလောင်းအော်ပြီး လမ်းရဲ့ဘဝကို ခင်းကျင်းမပေးခဲ့ဘူးဘူး .........
ဘယ်နားမှာလဲ ငါ့နာကျင်မှုတွေဖြေသိမ့်ပေးမယ့်ချစ်သူလက်တစ်စုံ
ဘယ်ဘက်မှာလား ညာဘက်မှာလား င့ါအခန်းဒေါင့်မှာလား
ငါ့ဘီရိုထဲမှာလား ငါ့ခေါင်းအုံးအောက်မှာလား
ဟင့်အင်း လေထဲမှာပဲလေ ........
ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ကိုယ့်အမှားပဲလို့
ကိုယ့်ဘာသာကိုယ် အစပြန်ပြန်ထုတ်တတ်တဲ့
ဟောဒီကောင်တော့ ခုချိန်ထိ
အဲဒီထစ်ခနဲ ထစ်ခနဲပြသနာတွေကြား
ချောင်ပိတ်မိနေတုန်း ............
ဒီလိုနှင့် လဲကျခဲ့တာကို သာမညလို့မှတ်ပြီး
ပြန်လည်ထူထခြင်းဆိုတဲ့ အဓိက တရားကို
လက်ထဲမှာ ဆွဲမြဲအောင်ကိုင်ထားရုံပါပဲ
အဲဒီအဆင့်ကိုမကျော်နိုင်သေးဘူး ..........
“ မာရီယာ ”
တစ်ခွန်းထဲပါပဲ တစ်ခွန်းထဲ
အဲဒီအထဲမှာ စိတ်ညစ်စရာမယူသွားဘူး
ဝမ်းနည်းစရာတွေကြားညပ်မပေးဘူး
အဲဒီအထဲမှာ အဖြူရောင်တွေဒင်းကြမ်းသုပ်လိမ်းထားတယ်
အမြဲတမ်းခေါ်တယ် တစ်ခွန်းထဲ
“ မာရီယာ ”
ဟုတ်ပီလေဗျာ အိမ်ပြေးတစ်ယောက်ရဲ့ ခြေထောက်တွေ
ဘယ်လောက်ဗွတ်ပေနေနေလေ နောက်ဆုံးတော့
မေမေ ကိုယ်တိုင်ပဲ ဆေးကြောသန့်စင်ပေးရတာ ..............
နှင်းတွေကြားထဲမှာ ငါ့ကိုထားမခဲ့ပါနှင့် ဆိုဖီယာ
ဒီမယ်လေ ဆိုဖီယာ
ဟောဒီမယ် ငါ့ရဲ့အိမ်ရှေ့ပန်းတွေတောင်
အရွယ်ရောက်ကုန်ပြီ
နင်ပြန်မလာသေးဘူး ...............
ဒီမယ်လေ ဆိုဖီယာ
လှတပတမှတ်တမ်းစာအုပ်ထဲမှာ
ငါ့ဖောင်တိန် အနက်ရောင်လေး
မီးဇာကုန်ရေခန်းတော့မယ်
နင်ပြန်မလာသေးဘူး ................
ဒီမယ်လေ ဆိုဖီယာ
နင်နှင့်ငါ..........
နင်နှင့်ငါ ဆိုတဲ့နောက်မှာ မထွက်ဆိုဖြစ်တဲ့
အဓိပ္ပါယ်တွေကို တိတ်တိတ်လေး
တစ်ယောက်ထဲ ဘာသာပြန်နေမိတယ်
တိုးတိုးလေး .............
ကိုယ့်ရဲ့ဆိုဖီယာ
နှင်းပွင့်တွေ မကြွေခင် နင် ပြန်လာပါ
ဆိုဖီယာ
တေးသွား အစ အဆုံး ၊ သံဇဉ် အက်အက် တစ်ပုဒ် ၊ ၂၀၁၂ရဲ့ ခပ်ကြေကြေ ရနံ့တစ်စ
ဒီလိုပဲ ၂၀၁၂ ရဲ့ တေးသွားအစကတော့ မည်သူမှ မသိလိုက်ပဲ ကိုယ့်ဘာသာ ရှန်ပိန်ခွက်လေးမြောက်ပီး ချီးယားလုပ်ခဲ့တယ် ။ နွေရဲ့ အရိပ် သင်္ကေတ တစ်ခုကို ဖွင့်ဖောက်ရင်း ကျွန်တော့ရဲ့ ကျမ်းမာရေးမှာ အလှည့်အပြောင်းဖြစ်ခဲ့တယ် ....
ဗြုံးစားကြီး ထကလိုက်တဲ့ ကကွက်ဆိုးထဲမှာ ဖုတ်လိုက်ဖုတ်လိုက်မြှောပါရင်း ၊ ဝေဒနာနှင့် မဖြစ်မနေ စကားတွေထိုင်ပြောရတာ အကြာကြီး ၊ တစ်ချို့နေ့ရက်တွေမှာ ရင်းနှီးမှုတွေတစ်သီကြီးရှိသော ကျွန်တော့အမ ကျွန်တော့ဆီရောက်လာခဲ့တယ် ၊ အဲဒီနေ့ရက်တွေဆိုတာတော့ ကျွန်တော့ရဲ့ အထီးကျန်မှု တစ်ချို့ကို အလင်းတစ်ပွင့်နှင့်တိုက်စားပေးသွားခဲ့ ၊
ဆိုခဲ့သလို ၂၀၁၂ ရဲ့မှတ်တမ်းတွေကတော့ ခပ်နွမ်းနွမ်းနှင့် ခပ်ကြမ်းကြမ်းတွေ တင်းပြည့်ကျပ်ပြည့်ပါပဲ ............
မောလိုက် ဟိုက်လိုက် နှင့် ကျွန်တော့ရဲ့ စိတ်ဓါတ်တွေလဲ ပျော့တွဲလာလိုက်တာ တစ်ချက်တစ်ချက် ဟိုး အဝီဇိ ထိ စိမ့်ဝင်ဝင်သွားတယ် ။
တစ်ချို့ တစ်ချို့ အချိန်တွေမှာ ကိုယ့်အခန်းကို ကိုယ့်ဘာသာပိတ်ထားရင်း နေတတ်လာခဲ့ ..
ဆိုခဲ့သလို ၂၀၁၂ ဟာ အနာတရ ဒါးချက်တွေနှင့် ကျွန်တော့ ကျောကို / ရင်ဘက်ကို အထက်ထက် မွန်းခံခဲ့ရ ............ ၊ လောကကြီးကို ခပ်ရွတ်ရွတ် ပြန်ကြည့်တတ်လာတယ် ... ၊ နာနာကျည်းကျည်း သီချင်းတွေအော်ဆိုတတ်လာတယ် ၊ မှုတ်ဆိတ်မွေးတွေ ရှည်ထွက်လာအောင် ခပ်ရိုင်းရိုင်းဖြစ်လာတယ် ၊တစ်ချက် တစ်ချက် ရင်ဘက်တစ်ခုလုံး အောင့်သက်ပီး လူ့ရှေ့သူ့ရှေ့ ဟန်ဆောင်မျက်နှာဖုံး မတတ်နိုင်အောင်ကို ပြစ်လဲဘူးတယ် ၊ ပြစ်ပြစ်လဲတယ် ၊ ပြစ်ပြစ်နှစ်နှစ်လဲတယ် ၊ ကျားကျားလျှားလျှားဖြစ်ပေမယ့် အကြိမ်ကြိမ် လဲတယ် ၊ ကိုယ့်ကိုကိုယ် အံ့သြလောက်အောင်ကို / အံ့သြယူရလောက်အောင်ကို ပြစ်လဲတယ် ။
အဲဒီနှစ်လယ်ပိုင်းလား ............. ??????
သိပ်ပီးပြောင်းလဲမသွားသေးဘူး စိတ်ဒဏ်ရာတွေတော့ ထူထူလာတယ် ၊ ဆေးရဲ့ ဒဏ်ကလဲ မေမေ မွေးပေးလိုက်တဲ့ ဒီခန္ဓာကို တစ်ဖြည်းဖြည်းဖျက်စီးစပြုလာတယ် ။ အဲဒီလို နည်းနည်းသုံးသပ်မိတဲ့ နှစ်လယ်လောက်မှာ “ အဟက် ” ခနဲ ကိုယ့်ဘာသာကို ခြောက်ကပ်ကပ်ရီ(ရည်) လိုက်တယ် ။ နည်းနည်းတော့ အသက်မပါတဲ့ရီ(ရည်)သံမှန်း ကိုယ့်ဘာသာကိုသိပေမယ့် ဒီတိုင်းလေးမျက်နှာလွဲပီး နောက် တစ်ကြိမ် နောက်တစ်ကြိမ် နောက်တစ်ကြိမ်
“ အဟက် ” ............ “ အဟက် ” ........... “ အဟက် ”
ဆိုခဲ့သလို ၂၀၁၂ ရဲ့ စာမျက်နှာတွေကို ထဲထဲဝင်ဝင် ဖွင့်ထုတ်ကြည့်တော့လဲ ဘာမှမဟုတ်ဘူး ၊ အရှေ့ဘက်အာရုဏ်အတတ်မှာ အုန်းမောင်းခေါက်သံ သုံးချက်တိတိ ခေါက်ပီး ၊ လေပြေတွေ ဗြောခနဲ အသွင်ခံလိုက်ရတယ် ၊ ပီးတော့ ခြောက်ခြားစရာကောင်းသလို ၊ အိမ်မက်လိုလို အိမ်မက်တွေထဲ ရှေ့တိုးလိုက် လဲကျလိုက် ပြန်ထလိုက် ရိုက်ချခံလိုက်နှင့် အေးစက်စက်မျက်နှာ တစ်စုံကို ပိုင်ဆိုင်မှန်းမသိ ပိုင်ဆိုင်လာတယ် ။ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို အမြင်ကပ်လာတဲ့အချိန်တွေမှာ သွားရင်းလာရင်း ဒဏ်ရာတွေကို အရေးပေါ်ပစ္စည်းတစ်ခုလို ကိုယ့်ရင်ဘက်ထဲ ကောက်ကောက်ထည့်ခဲ့တယ် ။
ဆိုခဲ့သလို ၂၀၁၂ ကို ဝေဝေသီသီဖြတ်သန်းရင်း ကျွန်တော့် လက်ထဲမှာ ဗလာတစ်ချက်ကို ဆုပ်ကိုင်လို့ကောင်းတုန်း
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့အတွက် စစ်တလင်းထဲကို ဝတ်လစ်စတစ်နှင့် ပတ်ပြေးနေရသလို
ဆိုခဲ့သလို ၂၀၁၂ ဆိုတာ ကျွန်တော့ရဲ့ စိတ်ကူးအိမ်မက်တွေ အမြောင်းမြောင်းထနေပေမယ့် ကံကြမ္မာက နေရာမှားပီး လင်းလတ်ခဲ့ ။
နောက်တော့ ဒီဇင်ဘာရဲ့ နှင်းစက်တွေကို တဖြည်းဖြည်းမြင်စပြုလာတဲ့ အချိန်မှာ အေးမြ ဖြူလွှနေတဲ့ တယောတစ်လက်ကိုပိုက်နေတဲ့ “ ဆိုဖီယာ ” နှင့်မျက်နှာခြင်းဆိုင်မိတယ် ။
ဒီလိုပါပဲ ကိုယ်သန်ရာသန်ရာ အတွေးတွေနှင့် နစ်လိုက် မြုပ်လိုက် ။
ဆိုခဲ့သလို ၂၀၁၂ ရဲ့ ဒဏ်ချက်တွေနှင့် ဒီဇင်ဘာရဲ့ နောက်ဆုံးရက်တွေမှာ အသိတစ်ချက်ကပ်ကြည့်လိုက်တော့
လောကဓံကို မထီမဲ့မြင် မျက်နှာပေးနှင့် အေးစက်စက် ရင်ဆိုင်တတ်လာတယ် ။
စိတ်ရဲ့နာကျင်မှုတွေကို မီးပိတ်အခန်းထဲက ဒေါင့်တစ်ဒေါင့်မှာ ငြိမ်ကုတ်ရင်း တစ်စစီဖဲ့ခြွေတတ်လာတယ် ။
တစ်ချက်တစ်ချက် စိတ်လက်ပျော်ရွင်လာရင် လူတွေကိုလူလုံးထွက်ပြပြီး ကျွန်တော့ရဲ့ အပျော်တွေပြည့်နေတဲ့ မျက်နှာနှင့် စကားတွေဖောင်ဖွဲ့ပြစ်တတ်လာတယ် ။ ( ဆိုလိုတာက ကျွန်တော်က ဂျိုကာဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတယ် )
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့ရဲ့ ရပ်တည်ချက် နည်းနည်းလဲ တည်ငြိမ်မှုပြုလာတယ်
ဆိုခဲ့သလို ၂၀၁၂ ဟာ ကျွန်တော့ရဲ့ မပြီးသေးတဲ့ လုပ်လက်စ အလုပ်တွေကိုလဲ စတင်အပြီးသက်ဖို့ လုံ့လထုတ်ဖြစ်လာတယ်
ဆိုခဲ့သလို ၂၀၁၂ ဟာ အထိအနာဆုံးပင့်သက်တွေ အကြိမ်ကြိမ်ချဖြစ်ပြီး အရင်ဘဝကိုလဲ မသိမသာ သမ်းသမ်းဝေဝေတွေထဲ လွမ်းနာကျလာတယ် ။
ဒီလိုနှင့် လွန်ခဲ့သော ဒီဇင်ဘာက သုံးသပ်မှုအနေအထား ထက်တော့ သိပ်ပီးမပြောင်းလဲပါဘူး ပိုပီးတော့တောင် “ ဗလာ ” ပီသလာတယ် ။ ဟုတ်တယ်လေ
ဆိုခဲ့သလို ၂၀၁၂ ရဲ့ ဒီဇင်ဘာနောက်ဆုံးရက်မှာလဲ
ကျွန်တော် ၊
အနာတရတွေ ဗလုံးဗထွေးသက်ပုတ်နေရတဲ့
မိုးဇက်
ဟုတ်ခနဲ
သေ
ဆုံး
ပြစ်ရအုန်းမယ် ။
( ထူးဆန်းစွာ တပ် လုပ်လာသော မိပစ် ကိုကျေးဇူးတင်လျှက် တောက်လျှောက် တပ် ပေးချင်တာကတော့
... လရိပ်အိမ်
.... မမခင်
.... ကိုလပ်
..... မိုးည
..... မာယာဖြူ
......မမမိုးငွေ့
ဒီလောက်ပါပဲဗျာ ၊ အတတ်နိုင်ဆုံး ရေးပေးကြပါ ...းPးP )
ခြေထောက်ပေါက်ပြဲနေသော အိမ်မက်များ ၁
အဲဒီနေ့ညနေမှာ
နားလည်ခွင့်လွတ်တတ်တဲ့ မျက်လုံးတွေနှင့်
ကျွန်တော့ကိုပြုံးပြခဲ့သေးတယ် ။ ။
လောကဓံနှင့် ပတ်ဝန်းကျင်ရဲ့
ထိုးနှက်မှုတွေကို ကျောပေးကာရင်း
အဲဒီနေ့ညနေမှာ
မေမေဟာ ကျွန်တော့ဘက်ကိုလှည့်ပြီးပြုံးကြည့်နေတယ် ။ ။
ဒီ့နောက် ကျွန်တော်က ကျွန်တော့မာနကို
ကျောမှာ ကောက်လွယ်လိုက်ပြီး
သယ်ကူရာမဲ့လောကကြီးထဲ
ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ်လိုက်တယ် .................
ငါ့အလွမ်းနှင့်နင့်နာမည်ကို ခေါ်လိုက်တာ နင်ကြားရလား မေနို
ကော်ဖီတစ်ခွက်လောက် ကောက်အမော့လိုက်မှာ
မင်းနာမည်က လယ်ချောင်းဝမှာ လာငြိတယ် ကောင်မလေးရေ
ဟောဒီတစ်ဆောင်းတွင်းလုံး မင်းရဲ့ချစ်ခြင်းတွေနှင့်
ငါ့ရင်ဘက်တွေကို နွေးထွေးစေပါ ။ ။
ဒီဇင်ဘာရဲ့နေ့ရက်တွေ ထဲထဲဝင်ဝင်ထိတွေ့မိလေ
ငါ့အလွမ်းတွေက ထူပြစ်လာလေပဲ ဆိုတော့
“ အသည်းလွာပါးပါးနှင့်လူတစ်ယောက်ပဲ ” ဟု
ငါ့ကိုယ်ငါပဲ အပြစ်တင်မိခဲ့ပေါ့ ။ ။
အေးစိမ့်တဲ့ ဒီဇင်ဘာရက်တွေထဲ
ကျွန်တော်ရယ် . ခံစားမှုစာသားတစ်ချို့ရယ်
သောက်လက်စ ကော်ဖီတစ်ခွက်ရယ်
သူ့အလင်းနှင့်သူ တောက်လောင်နေတဲ့
မီးလင်းဖိုနွေးနွေးလေးရယ်
သူမရောက်မလာသေးတဲ့ ကျွန်တော့်ဘယ်ဘက်
ထိုင်ခုံအလွတ်လေးရယ် ။ ။
ဒီလိုနှင့် ကျွန်တော်နှင့် ချစ်ခြင်းဟာ
အလွမ်းဆိုသောကြားခံပစ္စည်းအားဖြင့်
ကူးလူးဆက်စံ ရင်းနှီးပျော်ဝင်လာခဲ့ ။ ။
နောက်တော့လဲ ကျွန်တော်က နေသားတကျဖြစ်ဖို့
ကိုယ့်ရင်ဘက်နှင့်ကို ဟင်းလင်းပွင့်အောင်
သူမနာမည်ကို အော်ဟစ်ခေါ်လိုက်တယ်
`
`
..